menu

Tuesday 30 October 2012

ယွန်းဝတီလွင်မိုး ပြောသမျှ သီတင်းကျွတ်အမှတ်တရ

Photo: ယွန်းဝတီလွင်မိုး ပြောသမျှ သီတင်းကျွတ်အမှတ်တရ

သီတင်းကျွတ်ရောက်တော့မှာ ဖြစ်တဲ့အတွက် သီတင်းကျွတ်ရောက်တိုင်း မိဘ၊ အဘိုး အဘွား တွေကို ကန်တော့လေ့ရှိသလို့ သီတင်းကျွတ်ပွဲတော်ဆို တအားပျော်တယ်လို့ ယွန်းဝတီလွင်မိုးက ပြောပြပါတယ်။ သီတင်းကျွတ်မှာ ခရီးထွက်ရတာကိုကြိုက်တဲ့ ယွန်းဝတီ လွင်မိုးရဲ့ သီတင်းကျွတ် အမှတ်တရ ကတော့” သီတင်းကျွတ်ဆို တအားပျော်တယ်။ အနုပညာ အလုပ်မလုပ်ခင် ကတည်းက ဒီအတိုင်းပဲ။ အခုလည်း ဒီအတိုင်းပါပဲ။ သူငယ်ချင်းတွေနဲ့ မီးရှူး၊ မီးပန်းတွေဖောက်တယ်။ ငယ်ငယ်တုန်းက ဖေဖေနဲ့ မေမေတို့ရဲ့ သူငယ်ချင်းတွေနဲ့ သီတင်း ကျွတ်ဆို ငပလီမှာ မီးပုံကြီး လုပ်ပြီး သီချင်းတွေ ဆိုတာ တအားပျော်တယ်။ အမှတ်တရပဲ။ ဒီနှစ်လည်း ရန်ကုန်မှာပဲ ဒီအတိုင်း သီတင်းကျွတ်ကို ဖြတ်သန်းမှာပါ” လို့ပြောပြပါတယ်။ 

ကြော်ငြာ၊ ဓာတ်ပုံ၊ အမ်တီ ဗီတွေ ရိုက်ကူးဖြစ်နေတဲ့ ယွန်းဝတီလွင်မိုးက လတ်တလော မှာတော့ ‘ဆည်းလည်းသံ’ ဗီစီဒီထဲမှာရှေးခေတ် ပုံစံသရုပ်ဆောင် ထားပါတယ်။ ဒီလို သရုပ်ဆောင်မှုအတွက် ကြိုက်တဲ့ ပရိသတ်ရော၊ မကြိုက်တဲ့ ပရိသတ်တွေရော ၅ဝ စီပါပဲ လို့ပြောပြပါတယ်။ “အိုက်တင်ကအစ အခုခေတ် ပုံစံမဟုတ် ဘဲ ရှေးခေတ်အိုက်တင်မျိုး ဒါရိုက်တာက သင်ပေးတယ်။ အင်္ကျီ၊ ဖိနပ်၊ မိတ်ကပ်၊ ဆံပင်ကအစ ရှေးခေတ်ပုံစံလုပ်ရတယ်။ မလိုက်ဘူးလို့ပြောတဲ့ ပရိသတ်တွေလည်း ရှိတယ်ဆိုတော့ နောက်တစ်ခါ ပရိသတ်အကြိုက် လုပ်ပေးပါ့မယ်”လို့ပြောပြပါတယ်။ ယွန်းဝတီ လွင်မိုးက အောက်တိုဘာ ၃၁ရက်နေ့၊ ဟော လိုးဝင်း နိုက်မှာ သူငယ်ချင်းတွေ၊ မိသားစုတွေနဲ့ အိမ်မှာပဲ သရဲကားထိုင်ကြည့်လေ့ ရှိပေ မယ့် ဟောလိုးဝင်း နိုက်က နိုင်ငံခြား မှာပဲလုပ်ကြတဲ့ ပွဲတော်ဖြစ်တာ ကြောင့် ဒီမှာတော့ သိပ်မလုပ်ဖြစ်ဘူးလို့လည်း
ပြောပြခဲ့ပါတယ်။

မေမွန်မောင် — 

အေးချမ်းမွန်မှ Popular Journal တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :Popular Journal

Popular Journal

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis