menu

Tuesday 30 October 2012

တမူးခရိုင် ခမ်းပတ်မြို့နယ်ခွဲတွင် မသင်္ကာဖွယ်ရာ ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့သည်ဟု ပြောဆို

Photo: တမူးခရိုင် ခမ်းပတ်မြို့နယ်ခွဲတွင် မသင်္ကာဖွယ်ရာ ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့သည်ဟု ပြောဆို


စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ ခမ်းပတ်မြို့နယ်ခွဲ၊ အမှတ်(၅) ရပ်ကွက်တွင် ယခုလ(၂၅)ရက် နေ့ မနက် ၂ နာရီခွဲအချိန်ခန့်တွင် မသင်္ကာဖွယ်ရာပေါက်ကွဲမှုတစ်ရပ်ဖြစ်ပွားခဲ့ကြောင်း ကနန်ကျေးရွာခံတစ်ဦးက ပြောကြားသည်။“  ကျွန်တော်တို့ဒေသဘက်မှာက ချောင်းမြောင်းတွေထဲမှာငါးရှာရင်လည်း မိုင်းခွဲပြီးရှာတတ်တာကြောင့် ငါးမိုင်းပေါက်ကွဲခဲ့တာလို့ထင်နေခဲ့ရတာပါ။ နောက်တော့ ခမ်းပတ်အမှတ်(၅)ရပ်ကွက် ထဲကပေါက်ကွဲတာဖြစ်တယ်လို့သိရပါတယ်” ဟု  ကနန်ကျေးရွာသားတစ်ဦးက  ပြော ပြသည်။ အဆိုပါ ပေါက်ကွဲမှုနှင့်ပတ်သက်၍ သက်ဆိုင်ရာသို့ ဆက်သွယ်မေးမြန်းရာ တာဝန်ရှိသူတစ်ဦးက “မနက်အစောကြီးမှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့ရတာပါ။ အမှတ်(၅)ရပ်ကွက်ထဲက (ဘ)ဦးမောင်မူ၏သား ဦးခင်မောင် သင်း နေအိမ်အရှေ့မြောက်ဘက်ရှိ ရေလောင်းအိမ်သာအနီး အဲ့ဒီပေါက်ကွဲမှုက ဖြစ်ပွားခဲ့တယ်လို့ အတည်ပြု့လို့ရ ပါတယ်” ဟု ၎င်းတာဝန်ရှိသူက တုန့်ပန်ပြောကြားသည်။ စုံစမ်းသိရှိရသည်မှာ အဆိုပါ ပေါက်ကွဲမှုဖြစ်ပွားရာ နေရာသို့ ရှေ့တန်းရောက် ခလရ(၂၆၆) တပ်ရင်းမှ ဗိုလ်ကြီး မြတ်ကျော်ဦး ဆိုသူဦးဆောင်သော တပ်မတော်သားများနှင့် ခမ်းပတ်ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များပူးပေါင်း၍ သွားရောက်စစ်ဆေးခဲ့ရာတွင် အနီ/အနက် နှစ်ပင်လိမ် လျှပ်စစ်ဝါယာကြိုးအရှည်ပေ(၁၅၀)နှင့်အတူ အ၀ါရောင် တိပ်စဖြင့်ရစ်ပတ်ထားရှိသော ဓာတ်ခဲခြောက်တစ်ခုတို့အား စီစစ်တွေ့ရှိခဲ့ရကြောင်း သိရှိရသည်။ ၎င်း ပေါက်ကွဲမှုနှင့်ပတ်သက်၍ စစ်ဘက်ရေးရာတာဝန်ရှိသူတစ်ဦးထံ ဆက်သွယ်မေးမြန်းရာ “ပေါက်ကွဲတာ နဲ့ပတ်သက်လို့ လူရော တရိစ္ဆာန်ပါ အသေအပျောက်လုံးဝမရှိခဲ့ပါ်” ဟုHot Newsသို့ ပြောကြားခဲ့သည်။လတ်တလောအခြေအနေတွင် ခမ်းပတ်မြို့နယ်ခွဲတွင် မိမိတို့ပတ်ဝန်းကျင်းမှ မင်္ကာဖွယ်ရာ ပစ္စည်းများတွေ့ မြင်ရပါက သက်ဆိုင်ရာသို့ အချိန်မီဆက်သွယ်အကြောင်းကြားနိုင်ကြောင်း၊ဒေသခံများထံ ပညာပေးဟောပြော မှုများအား သက်ဆိုင်ရာက ဆောင်ရွက်လျက်ရှိကြောင်း ဒေသခံများထံမှ သိရှိရသည်။ 

စိုးမိုးထွန်း(မုံရွာ)

အေးချမ်းမွန်မှ The Hot News  တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :The Hot News
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ ခမ်းပတ်မြို့နယ်ခွဲ၊ အမှတ်(၅) ရပ်ကွက်တွင် ယခုလ(၂၅)ရက် နေ့ မနက် ၂ နာရီခွဲအချိန်ခန့်တွင် မသင်္ကာဖွယ်ရာပေါက်ကွဲမှုတစ်ရပ်ဖြစ်ပွားခဲ့ကြောင်း ကနန်ကျေးရွာခံတစ်ဦးက ပြောကြားသည်။“ ကျွန်တော်တို့ဒေသဘက်မှာက ချောင်းမြောင်းတွေထဲမှာငါးရှာရင်လည်း မိုင်းခွဲပြီးရှာတတ်တာကြောင့် ငါးမိုင်းပေါက်ကွဲခဲ့တာလို့ထင်နေခဲ့ရတာပါ။ နောက်တော့ ခမ်းပတ်အမှတ်(၅)ရပ်ကွက် ထဲကပေါက်ကွဲတာဖြစ်တယ်လို့သိရပါတယ်” ဟု ကနန်ကျေးရွာသားတစ်ဦးက ပြော ပြသည်။ အဆိုပါ ပေါက်ကွဲမှုနှင့်ပတ်သက်၍ သက်ဆိုင်ရာသို့ ဆက်သွယ်မေးမြန်းရာ တာဝန်ရှိသူတစ်ဦးက “မနက်အစောကြီးမှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့ရတာပါ။ အမှတ်(၅)ရပ်ကွက်ထဲက (ဘ)ဦးမောင်မူ၏သား ဦးခင်မောင် သင်း နေအိမ်အရှေ့မြောက်ဘက်ရှိ ရေလောင်းအိမ်သာအနီး အဲ့ဒီပေါက်ကွဲမှုက ဖြစ်ပွားခဲ့တယ်လို့ အတည်ပြု့လို့ရ ပါတယ်” ဟု ၎င်းတာဝန်ရှိသူက တုန်ြ့ပန်ပြောကြားသည်။ စုံစမ်းသိရှိရသည်မှာ အဆိုပါ ပေါက်ကွဲမှုဖြစ်ပွားရာ နေရာသို့ ရှေ့တန်းရောက် ခလရ(၂၆၆) တပ်ရင်းမှ ဗိုလ်ကြီး မြတ်ကျော်ဦး ဆိုသူဦးဆောင်သော တပ်မတော်သားများနှင့် ခမ်းပတ်ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များပူးပေါင်း၍ သွားရောက်စစ်ဆေးခဲ့ရာတွင် အနီ/အနက် နှစ်ပင်လိမ် လျှပ်စစ်ဝါယာကြိုးအရှည်ပေ(၁၅၀)နှင့်အတူ အ၀ါရောင် တိပ်စဖြင့်ရစ်ပတ်ထားရှိသော ဓာတ်ခဲခြောက်တစ်ခုတို့အား စီစစ်တွေ့ရှိခဲ့ရကြောင်း သိရှိရသည်။ ၎င်း ပေါက်ကွဲမှုနှင့်ပတ်သက်၍ စစ်ဘက်ရေးရာတာဝန်ရှိသူတစ်ဦးထံ ဆက်သွယ်မေးမြန်းရာ “ပေါက်ကွဲတာ နဲ့ပတ်သက်လို့ လူရော တရိစ္ဆာန်ပါ အသေအပျောက်လုံးဝမရှိခဲ့ပါ်” ဟုHot Newsသို့ ပြောကြားခဲ့သည်။လတ်တလောအခြေအနေတွင် ခမ်းပတ်မြို့နယ်ခွဲတွင် မိမိတို့ပတ်ဝန်းကျင်းမှ မင်္ကာဖွယ်ရာ ပစ္စည်းများတွေ့ မြင်ရပါက သက်ဆိုင်ရာသို့ အချိန်မီဆက်သွယ်အကြောင်းကြားနိုင်ကြောင်း၊ဒေသခံများထံ ပညာပေးဟောပြော မှုများအား သက်ဆိုင်ရာက ဆောင်ရွက်လျက်ရှိကြောင်း ဒေသခံများထံမှ သိရှိရသည်။

စိုးမိုးထွန်း(မုံရွာ)

The Hot News

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis