မြန်မာနိုင်ငံသား မည်သူမဆို ပြည်ပနိုင်ငံများနှင့် တစ်ဦးချင်းကုန်သွယ်မှုလုပ်ငန်းေ
(Individual Trading Card) များ ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
“ကုန်သွယ်မှုပြုတဲ့အခါမှာ ကုမ္ပဏီလုပ်ငန်းရှင်တွေ၊ ကုမ္ပဏီမှတ်ပုံတင်ရှိတဲ့လူတွေ၊ ပို့ကုန်သွင်းကုန်မှတ်ပုံတင်ရှိ
ပို့ကုန်သွင်းကုန်ဆောင်ရွက်လို့ ရပါတယ်။ အဲဒီတော့ မြန်မာငွေသိန်းတစ်ရာလက်ထဲမှာရှိ ရင် ပို့ကုန်သွင်းကုန်ဆောင်ရွက်လို့ ရ၊ မရ အခုနောက်ပိုင်း ကျွန်တော်တို့ရအောင်လုပ်ပေးတော့ မှာ
ဖြစ်ပါတယ်။ မည်သူမဆို ကုန်သွယ်မှုဆောင်ရွက်နိုင်ဖို့အတွက် လုပ်ပေးတော့မှာပါ” ဟု နယ်စပ်ကုန်သွယ်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးညွန့်အောင်က ပြောသည်။
တစ်ဦးချင်းကုန်သွယ်နိုင်မည့်ကတ်များဖြင့် ကုန်သွယ်မှုလုပ်ငန်းဆောင်ရွက်ခြင်းသည် ယခင်ကလည်းရှိခဲ့ဖူးသည်ဟု ဒုညွှန်ချုပ်က ဆိုသည်။ အသေးစားလုပ်ငန်းရှင်များ၊ တစ်ပိုင်တစ်နိုင်လုပ်ကိုင်နေသော အဖွဲ့များအတွက် ရည်ရွယ်ဆောင်ရွက်ပေးသွားမည်ဟု သိရသည်။
အမရပူရမြို့နယ်မှ အသေးစားရက်ကန်းလုပ်ငန်းရှင် အမျိုးသားတစ်ဦးက “ကောင်းပါတယ်။ ကိုယ့်ဈေးကွက်ကိုယ့်ဟာကိုရှာပြီး
တစ်ဦးချင်းလုပ်လို့ ရလာတာပေါ့” ဟု သူ၏အမြင်ကို ပြောသည်။ ထိုကတ်များကို
နယ်စပ်ကုန်သွယ်ရေးစခန်းပေါင်း ၁၃ ခုရှိသည့်အနက်
တမူးနယ်စပ်ကုန်သွယ်ရေးစခန်းမှ စတင်စမ်းသပ်
ဆောင်ရွက်စေမည်ဟု ဆိုသည်။ တမူးစခန်းပြီးလျှင် ကျန်ရှိသည့်စခန်းများသို့ စမ်းသပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
7Day News Journal
ဖြစ်ပါတယ်။ မည်သူမဆို ကုန်သွယ်မှုဆောင်ရွက်နိုင်ဖို့အတ
တစ်ဦးချင်းကုန်သွယ်နိုင်မည့်ကတ
အမရပူရမြို့နယ်မှ အသေးစားရက်ကန်းလုပ်ငန်းရှင် အမျိုးသားတစ်ဦးက “ကောင်းပါတယ်။ ကိုယ့်ဈေးကွက်ကိုယ့်ဟာကိုရှာပြ
ဆောင်ရွက်စေမည်ဟု ဆိုသည်။ တမူးစခန်းပြီးလျှင် ကျန်ရှိသည့်စခန်းများသို့ စမ်းသပ်ဆောင်ရွက်သွားမည်ဖြစ်ကြေ
7Day News Journal
No comments:
Post a Comment