menu

Tuesday 30 October 2012

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှ တာဝန်ရှိ ပုဂ္ဂိုလ်များနှင့် ၂၆ ရွာမှ ရွာသူရွာသားများနှင့် တွေ့ဆုံဆွေးနွေးညှိနှိုင်းပွဲတွင် စီမံကိန်းတာဝန်ခံဦးမြင့်အောင်က စီမံကိန်းနားကရေတွေကို '' ခွေးမသောက်တဲ့ရေ" ဟု ပြော

အထက်ပါ တွေ့ဆုံညှိနှိုင်းပွဲတွင် ကျေးရွာပေါင်း ၂၆ ရွာမှ တစ်ရွာလျှင် ၂ ယောက်နှုန်းဖြင့် ကိုယ်စားတက်ရောက်လာသည့် ကျေးရွာသားများ
နှင့် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှ တာဝန်ခံ ဦးမြင့်အောင်၊ ဦးပိုင် ကုမ္မဏီမှ ပုဂ္ဂိုလ်များနှင့် တွေ့ဆုံပွဲတွင် ကြေးနီစီမံကိန်းဘက်မှ တာဝန်ရှိ ပုဂ္ဂိုလ်များ၏ အပြောအဆို မိုက်ရိုင်းခက်ထန်သည့် စကားလုံး များကြောင့် ဆွေးနွေးပွဲ ပျက်ပြားခဲ့ရသည် ဟု သိရသည်။

ဝက်မှေးကျေးရွာသူ မသွဲ့သွဲ့ဝင်းမှ စံပယ်တောင်ကြေးစီမံကိန်းကြောင့်
ဆိုးကျိုးခံစားရသည့်အနီးဝန်းကျင်ရွာများတွင် သောက်ရေတွင်းများတွင်
သောက်မရအောင် အက်ဆစ်ဓါတ်ပျော်ဝင်နေသည့် အတွက်ကြောင့် အချဉ်ဓါတ်များပြီး သောက်မရအောင် ဖြစ်နေသည့်ကို တင်ပြရာ မယုံရင် လိုက်သောက်ကြည့်ပါအမှန်တကယ့်ကို
တွေ့ရလိမ့်မည်ဟု
ဆွေးနွေးပြောဆိုခြင်းအပေါ် ကြေးနီစီမံကိန်း တာဝန်ခံ ဦးမြင့်အောင်မှ (နင့်တို့ရေကို ခွေးတောင်မသောက်ဘူး ) ဟု ပြန်လည်ဖြေကြောင်း။ ယင်းဖြေကြားချက်ကို မသွဲ့သွဲ့ဝင်းမှ (( ဟုတ်တယ် မှန်ပါတယ် ခွေးတောက်မသောက်ရေကို ကျမတို့ သောက်နေရတယ် )) ဟု ပြန်လည် ဖြေကြားခြင်းဖြင့် အဆုံးသတ်ခံရသည်ဟု ဆိုသည်။
  Freedom News Group(Burma)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis