menu

Tuesday 30 October 2012

စူပါမုန်တိုင်း Sandy ကုန်းတွင်းသို့ ဖြတ်ကျော်ဝင်ရောက်

Photo: - စူပါမုန်တိုင်း Sandy ကုန်းတွင်းသို့ ဖြတ်ကျော်ဝင်ရောက်

စူပါမုန်တိုင်းကြီး Sandy သည် မကြာမီအချိန်ပိုင်း အတွင်းက နူးဂျာစီပြည်နယ်၊ Atlantic City မြို့အနီး၌ ကုန်းတွင်းသို့ ဖြတ်ကျော်ဝင်ရောက် ခဲ့ပြီဖြစ်သည်။

ကုန်းတွင်း ဝင်ရောက်ပြီးနောက် Category 1 ဟာရီကိန်းအဖြစ်မှ သာမန်မုန်တိုင်းအဖြစ် အင်အားပျော့သွားပြီ ဖြစ်သော်လည်း တစ်နာရီ မိုင် ၈၀ ကျော်နှုန်းရှိ လေများ တိုက်ခတ်နေစဲဖြစ်သည်။

နောက်ဆုံး ရရှိသည့် သတင်းများအရ နူးယောက်ခ်မြို့တွင် သစ်ကိုင်းကျိုးကျမှုမှ လူ ၁ ဦး သေဆုံးခဲ့ရပြီး မြေနိမ့်ပိုင်း ဒေသများတွင်လည်း ရေများ အလျင်အမြန် တက်လျက်ရှိကာ အချို့နေရာများတွင် ၂ ပေခန့်အထိပင် မြင့်တက်လာပြီး ဖြစ်သည်။

ထို့အပြင် လူပေါင်း ၂ သန်းကျော်မှာလည်း လျှပ်စစ်မီး ပြတ်တောက်မှုများနှင့် ကြုံတွေ့နေရသည်။

ဆက်လက်ဖော်ပြ သွားပါမည်။

အေးချမ်းမွန်မှ Shwelone.com (ရွှေလုံး) | Myanmar Social Entertainment News Network တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :Shwelone.com (ရွှေလုံး) | Myanmar Social Entertainment News Network

Photo: Breaking News - နူးယောက်ခ်မြို့မှ ဇိမ်ခံမိုးမျှော်တိုက် ဆောက်လုပ်ရေးမှ ကရိန်းကြီး ဟာရီကိန်း Sandy ကြောင့် ကျိုးကျ

ဟာရီကိန်း မုန်တိုင်းကြီး Sandy နူးယောက်ခ်မြို့သို့ မရောက်ရှိမီ နာရီပိုင်းအလိုတွင်အဆင့်မြင့်ဇိမ်ခံ မိုးမျှော်တိုက်ကြီး ဆောက်လုပ်ရေးမှ ကရိန်းကြီးမှာ ကျိုးကျခဲ့ရသည့် ဖြစ်ရပ်တစ်ခု ပြီးခဲ့သည့် မိနစ်ပိုင်းက ဖြစ်ပွားခဲ့သည်။

လက်ရှိအချိန်တွင် မြေပြင်လေတိုက်နှုန်း တစ်နာရီ မိုင် ၃၀ ခန့် ရှိလာခဲ့ရာ Manhattan ၅၇ လမ်း၊ အမှတ် ၆ နှင့် အမှတ် ၇ ရိပ်သာလမ်းမကြီးများ အကြားရှိ ဆောက်လုပ်ရေးမှ ကရိန်းကြီးသည် ကျိုးကျခဲ့ရကာ လေထဲ၌ တွဲလောင်းအနေအထား ဖြစ်နေခဲ့ပြီး လွန်စွာမှ အန္တရာယ်ရှိသည့် အနေအထားသို့ ရောက်ရှိခဲ့ရသည်။

ယင်းတိုက်ကြီးသည် အထပ် ၇၀ ခန့် မြင့်မားပြီး ဆောက်လုပ်ပြီးစီးပါက နူးယောက်ခ်မြို့၏ အမြင့်ဆုံး ဇိမ်ခံမိုးမျှော်တိုက်ကြီး ဖြစ်လာမည်ဟု သိရှိရသည်။

လက်ရှိအချိန်၌ နူးယောက်ခ် မီးသတ်တပ်ဖွဲ့ (FDNY) နှင့် ရဲတပ်ဖွဲ့ (NYPD) တို့မှ အရေးပေါ် အခြေအနေအတွက် တုန့်ပြန်ဆောင်ရွက်နေသည်။

အေးချမ်းမွန်မှ Shwelone.com (ရွှေလုံး) | Myanmar Social Entertainment News Network တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :Shwelone.com (ရွှေလုံး) | Myanmar Social Entertainment News Network
ဟာရီကိန်း မုန်တိုင်းကြီး Sandy နူးယောက်ခ်မြို့သို့ မရောက်ရှိမီ နာရီပိုင်းအလိုတွင်အဆင့်မြင့်ဇိမ်ခံ မိုးမျှော်တိုက်ကြီး ဆောက်လုပ်ရေးမှ ကရိန်းကြီးမှာ ကျိုးကျခဲ့ရသည့် ဖြစ်ရပ်တစ်ခု ပြီးခဲ့သည့် မိနစ်ပိုင်းက ဖြစ်ပွားခဲ့သည်။

လက်ရှိအချိန်တွင် မြေပြင်လေတိုက်နှုန်း တစ်နာရီ မိုင် ၃၀ ခန့် ရှိလာခဲ့ရာ Manhattan ၅၇ လမ်း၊ အမှတ် ၆ နှင့် အမှတ် ၇ ရိပ်သာလမ်းမကြီးများ အကြားရှိ ဆောက်လုပ်ရေးမှ ကရိန်းကြီးသည် ကျိုးကျခဲ့ရကာ လေထဲ၌ တွဲလောင်းအနေအထား ဖြစ်နေခဲ့ပြီး လွန်စွာမှ အန္တရာယ်ရှိသည့် အနေအထားသို့ ရောက်ရှိခဲ့ရသည်။

ယင်းတိုက်ကြီးသည် အထပ် ၇၀ ခန့် မြင့်မားပြီး ဆောက်လုပ်ပြီးစီးပါက နူးယောက်ခ်မြို့၏ အမြင့်ဆုံး ဇိမ်ခံမိုးမျှော်တိုက်ကြီး ဖြစ်လာမည်ဟု သိရှိရသည်။

လက်ရှိအချိန်၌ နူးယောက်ခ် မီးသတ်တပ်ဖွဲ့ (FDNY) နှင့် ရဲတပ်ဖွဲ့ (NYPD) တို့မှ အရေးပေါ် အခြေအနေအတွက် တုန့်ပြန်ဆောင်ရွက်နေသည်။

Shwelone.com (ရွှေလုံး)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis