menu

Sunday 28 October 2012

မင်းဆရာဟောင်း လွှတ်တော်အမတ်နဲ့ အင်တာဗျူး

Photo: မင်းဆရာဟောင်း လွှတ်တော်အမတ်နဲ့ အင်တာဗျူး

ဦးမင်းမျိုးတင့်လွင်က မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီကို ကိုယ်စား
ပြုပြီး၂၀၁၀ ရွေးကောက်ပွဲမှာကရင်ပြည်နယ် ကော့ကရိတ်ဒေသကနေ
ရွေးကောက်ခံရသူပါ။အခုတော့ အမျိုးသားလွှတ်တော်တက်တဲ့ အမတ်တဦး
ဖြစ်နေပါပြီ။သူက သူ့ဒေသမှာ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ လုပ်ဆောင်သူအဖြစ် ထင်ရှားပါတယ်။ စစ်အစိုးရခေတ်ဝန်ကြီးတချို့အတွက် အောင်မြင်ကြောင်း ယတြာတွေ စီရင်ပေးဖူးသူလည်း ဖြစ်ပါတယ်။ ဦးမင်းမျိုးတင့်လွင်နဲ့ မကြာ
သေးခင်က ထိုင်းနိုင်ငံချင်းမိုင်မြို့မှာ တွေ့ပြီး ပြောဆိုဖြစ်တာတွေထဲက
ကောက်နုတ်ဖော်ပြလိုက်ပါတယ်။

အမျိုးသားလွှတ်တော်က ဘာတွေ လုပ်ရလဲ။ အရပ်သားတယောက် နား
လည်အောင် ပြောပြပါအုံး။အရပ်သားတယောက် နားလည်အောင် ပြော
ရရင် - ဥပမာ ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ဆိုတာ မွန်တခြမ်းရှိတယ်၊ ကရင်တခြမ်းရှိတယ်၊ မွန်တွေက တောင်ပိုင်းမှာ၊ ကရင်တွေက မြောက်ပိုင်းမှာ
ရှိတယ်။ ဒီဒေသမှာ အစိုးရများတယ်။ DKBA လည်းရှိတယ်၊ မွန်ပြည်သစ်
ပါတီလည်း ရှိတယ်၊ မွန်ပြည်သစ်ပါတီကနေ ငြိမ်းချမ်းရေးနဲ့လက်နက် လဲပြီး ပြည်သူ့စစ်လုပ်နေသူလည်း ရှိတယ်၊ ဆိုတော့ ကျနော်တို့မှာ မမေး
သုံးချက် မေးသုံးချက်လို့ ပြောရင် ရတာပေါ့။ ဘောင်းဘီရှည်ဝတ်လာရင် 
အကုန်ကြောက်နေရတယ်။

မမေးသုံးချက် မေးသုံးချက်ဆိုတာ ဘာကိုပြောတာလဲ။လွန်ခဲ့တဲ့ စစ်အစိုးရ
ခေတ်ကပါ။ ဥပမာ - စစ်ကြောင်းဝင်လာတယ်၊ ကျနော်တို့ငယ်တုန်းက ၆၂ ဆိုရင် မုဒုံတပ်ပေါ့။ သူတို့ အချင်းချင်းလည်း သိနေကြတယ်၊သူပုန်နဲ့အစိုးရနဲ့၊ 
လယ်သမားကို သူပုန်မတွေ့ဘူးလားလို့ သုံးချက် ပေးပြီး မေးတယ်၊ မတွေ့
ပါဘူး ပြောရင် ဟ - ခုနကပဲ ဖြတ်သွားတာ မဟုတ်ဘူးလား၊ ဒါ စစ်ဖိနပ်
ခြေရာ မဟုတ်ဘူးလား ဆိုပြီး သုံးချက် ပြန်ထိပြန်တယ်။ ရှိပါတယ် ပြောရင်
လည်း မင်းက ဘာကြောင့် ငါ့အကြောင်းမကြားတာလဲဆိုပြီးသုံးချက် ပြန်ထိ
ပြန်တယ်။ ရှိတယ်လည်း ပြောလို့ မရဘူး၊ မရှိဘူးလည်း ပြောလို့ မရဘူး၊ ဘာပြောလို့ ပြောရမှန်း မသိဘူး၊ အဲဒါကြောင့် စစ်သားမြင်ရင် ပြေးရော။

၆၂ ဆိုတာ တပ်ရင်း ၆၂ ကို ပြောတာလား။၆၂ တပ်ရင်းဆိုတာ ဟိုတုန်းက လှုပ်ရှားတပ်၊ ခလရ။ အခုတော့ ပြည်သူ့စစ်မဟာစီမံကိန်းနဲ့ကျတော့ ၅၄၆၊ ၅၄၅ လက်အောက် ရောက်သွားတာပေါ့။ ကရင်ပြည်နယ်ထဲ ရောက်
သွားတာ။

အဲဒါတွေ ဖြစ်ခဲ့တော့ အဲဒီလို ကြုံခဲ့တော့ ခံရပါများတော့ ကြောက်လာတယ်၊ 
ကိုယ်လည်း ဖွံ့ဖြိုးချင်တယ်၊ ဘယ်သူ့ကိုမှလည်း မယုံရဲတော့ဘူး၊ အာဏာရှင်
ဆိုတာကို မယုံရဲတော့ဘူး၊ ငါတို့ ဘာလုပ်ရင် ကောင်းမလဲ၊ ကဲ - ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးမှပဲ ဖြစ်တော့မယ်၊ သက္ကရာဇ် ၂၀၀၀ နောက်ပိုင်းတော့ (ငြိမ်းချမ်းရေးယူတဲ့) မွန်ပြည်သစ်ပါတီက အရှိန်ရလာတယ်၊ မော်လမြိုင်
ကနေ ကရင်ပြည်နယ်အထိ ရောက်အောင် ကားလမ်းဖောက်တယ်၊ မွန်ပြည်သစ်ပါတီ နဲ့ ကျနော်တို့ ဒေသခံ အင်အား စုပေါင်းပြီးတော့ - တအိမ် လူဘယ်လောက် ထွက်ရမယ်ဆိုပြီး လုပ်ကြတယ်။ ကိုယ့်အားကိုယ်ကိုးဆိုတဲ့
ပုံစံမျိုးလည်း တပိုင်း ပါတာပေါ့။ လမ်းဖောက်တော့ ကရင်ပြည်နယ် နယ်စပ်
ရောက်သွားတယ်။ ကော့ဘိန်းဒေသကို ရောက်သွားတယ်။ ကျနော်တို့
အောင်မြင်သွားရင် မိုင်တရာကျော်ကို ပတ်စရာ မလိုတော့ဘူး။ မော်လမြိုင်
ကနေ ကျုံဒိုး ကော့ကရိတ် သွားမယ် ဆိုရင် မိုင်း ၇၀၊ ၈၀ ကျော် ပိုသွား
လိမ့်မယ်။ ကျနော်တို့ဆီက ဖြတ်မယ် ဆိုရင် ၂၆ မိုင်နဲ့ ရောက်မယ်။
အခု အခက်အခဲ ဖြစ်နေတာက ကတ္တရာလမ်းခင်းပြီးတာ ၁၃ မိုင် ၆ ဖာလုံ ရှိတယ်၊ ကျောက်ကြမ်းလမ်းက ၅ မိုင်လောက် ရောက်နေပြီ၊ မြေသားညှိပြီး
ပြန်ဖောက်ရမယ့်လမ်းရှိတယ်၊ သို့သော်လည်း တံတား ၂ ခု ပြဿနာ ရှိတယ်၊
ကျုံဒိုးတံတား နဲ့ ကော့ကရိတ် တံတား။ တံတားက ပေ ၂၀၀၊ ၂၄၀ေ လာက် ရှိတော့ ကိုယ်ထူကိုယ်ထလည်း မလုပ်နိုင်ဘူး။

အဲဒီအခက်အခဲ ဘယ်လို ဖြေရှင်းနိုင်မလဲ။ဒီတပတ်လွှတ်တော်မှာ ကျနော် တံတားတခု တောင်းမလားလို့ အစီအစဉ် တခုဆွဲထားတယ်။

အဲဒီလို လွှတ်တော်မှာ အရေးဆိုဖို့က ဒေသခံလူထုနဲ့ ညှိသလား၊ ပါတီနဲ့ ညှိသလား။
မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ ဆိုပေမယ့် ကျနော်တို့ ဒေသက ကရင်ပြည်နယ်ထဲ ရောက်နေတယ်။ မွန်ပြည်နယ်အစိုးရကလည်း ကျနော့်ကို ဘယ်လိုမှ မကူနိုင်ဘူး။ ကျနော်တို့က ကြားညှပ်တယ်။ အကူအညီတခု ကရင်ပြည်နယ်ကို ပေးမယ် ဆိုရင် ကျနော်တို့ မွန်ဒေသက မရဘူး။ မွန်ပြည်နယ်ကို ပေးရင် ကရင်ပြည်နယ်မှာရှိသောမွန်တွေ မရဘူး။
အဲဒါကြောင့် ကျနော်ပြောတဲ့ မမေး သုံးချက်၊ မေးသုံးချက်နဲ့။ ဖားလိုပေါ့၊ ရိုက်ပါများတော့ ဖောင်း ဖောင်း ဖောင်း ဖောင်းလာတယ်။ လက်ရှိ
ကျနော့်ဒေသကို ဘယ်လောက် လုပ်ထားလဲ ဆိုရင် ရန်ကုန်မြို့မီးလာရင် ကျနော့်ဒေသ မီးလာတယ်၊ မဟာဓာတ်အားလိုင်းရောက်တယ်၊ တအိမ် ၇ သိန်းလောက် ကောက်ပြီးတော့ ရွာပေါင်း ၃၀ ကျော်နဲ့ ဖောက်ပြီးတော့ ကျွန်းတိုင်ကနေ ကွန်ကရစ်တိုင် ဖြစ်အောင် ပြီးကုန်ပါပြီ။

ပြီးတော့ လူနာတင်ယာဉ် နာရေးယာဉ်တွေ ရှိတယ် မီးသတ်ကား ဆိုလည်း ၄ စီးလောက် ရှိတယ်။

အဲဒါတွေ ဘယ်ကာလမှ စပြီး ရှိတာလဲ။၂၀၀၂/၃ လောက်မှာ ကျနော်တို့
ရွာက ရှို့မီးရော ပေါ့ဆမီးရော ခဏခဏ လောင်တဲ့တယ်။ အဲဒီကာလ
ဗိုလ်ချုပ်စစ်မောင် လေယာဉ်ပျက်ကျလို့ ဆုံးတယ်၊ အဲဒီနေရာမှာ အခု ရန်ကုန်ဝန်ကြီးချုပ်ဖြစ်နေတဲ့ ဦးမြင့်ဆွေက ယာယီ ရောက်လာတယ်။ မင်းတို့ ဘာအခက်အခဲ ရှိသလဲ မေးတယ်၊ အခက်အခဲကတော့ဗျာ - မီးသတ်ကားတစီး လိုချင်တယ်။ တပတ်လောက်နေတော့ ကျနော့်ဆီ ဖုန်းဆက်လာတယ်၊ မီးသတ်ကား ရန်ကုန်တက်ယူပါ၊ TE 11 ဆို ဘယ်လောက်ကျမယ်၊ အလကားရတဲ့ကားဆို ဘယ်လောက်ကျမယ် တဲ့။ ကျနော်တို့ အလကားရတဲ့ကားပဲ ယူပါ့မယ်၊ အဲဒီအချိန်က (သိန်း) ဆယ်ငွေလောက်တော့ ကုန်တာပေါ့။ ဒီတော့ ပြန်လာပြီး ဟေ့ ငါ မီးသတ်ကားတော့ ရလာခဲ့ပြီ၊ ဘယ်လိုလုပ်ရမလဲ ဆိုပြီး ရွာတပတ် ပတ်လိုက်တယ်။ အလှူငွေတွေ အများကြီး ရတယ်။ မီးသတ်ကားရုံတွေ
ဆောက်ဖို့၊ ကားထိန်းသိမ်းဖို့ ၊ သင်တန်း ပြန်ပေးဖို့ ဖြစ်လာတယ်။ 
ကျနော့်ရွာ စဖြစ်ပြီ ဆိုတော့ ကျန်တဲ့ရွာတွေကလည်း နေလို့ မရတော့ဘူး။ သူ့ဟာသူ ဖြစ်လာတာပေါ့။

တိုင်းမှူးကြီး၊ ကားကို အလကား မယူတော့ပါဘူး၊ မဲဆောက် တက်ဝယ်
ပါ့မယ်၊ ခွင့်ပြုပါ။ အဲဒီ လိုင်းလေးတလိုင်း ပေါက်လာတယ်။ သံဃာတော်
အရေးအခင်း ပြီးပြီး နောက်ပိုင်း ၂၀၀၇/၈ မှာ ကျနော် နာရေးကူညီမှုယာဉ် စ ထောင်တယ်။ လိုင်စင်မဲ့ကားတွေ ပေါတော့ ဆယ်သိန်း၊ ဆယ့်ငါးသိန်း
လောက်နဲ့ ၀ယ်တယ်၊ ၀ယ်ပြီးတော့ တိုင်းမှူးဆီ သွားတယ်၊ ကျနော် နာရေး
လုပ်မယ်၊ ဒါကို ခွင့်ပြုပါ။ အေး - မင်းတို့ မှောင်ခိုပစ္စည်း လုံးဝ မတင်ပါနဲ့။ မတင်ဘူး၊ တင်ရင် ကျနော့်ကို အရင်ဆုံး ဖမ်း။ တစီး စလုပ်တယ်။ အခု ၆ စီး၊ ၇ စီး ဖြစ်ကုန်ပြီ။

နာရေးကားလည်း ရပြီ၊ မီးရှို့ သင်္ဂြိုဟ်မယ့် နေရာက မရှိဘူး၊ ရွာဦးကျောင်း
ဆရာတော်က ဘန်ကောက်သွားတော့ ဘုန်းကြီးကျောင်းတွေမှာ သင်္ဂြိုဟ်
စက်တွေ ရှိတယ်ဗျာ၊ (သိန်း) ၁၀၀၊ ၂၀၀ ကုန်ရင် ရတယ်၊ ငါလှူမယ် ဆိုပြီး အလောင်းတင်တဲ့စင်တွေ ၀ယ်ချပြီးတော့ လက်သမားဆရာခေါ်ဆောက်ပြီး သင်္ဂြိုဟ်စက်ဆင်ပြီး ရွာကို လှူလိုက်တယ်။

မွန်တွေ နေတဲ့ ကော့ကရိတ်မြို့နယ် တောင်ဘက်ခြမ်း ဒေသ ကျဉ်းကျဉ်း
လေးကို ပြောတာ။ ဒါက ကျနော်တို့ ဒေသ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကို
ပြောပြတာပါ။ အဲဒီအချိန်တုန်းက နိုင်ငံရေး လုပ်ရမှန်း မသိသေးဘူး။

အဲဒီဒေသအတွက် ကားက ဒီလောက်အရေအတွက် လိုအပ်သလား။
လိုတာတော့ မဟုတ်ဘူး၊ ကားဈေးက ပေါနေတယ်၊ သွားလို့လည်း ရနေတယ်၊ လိုင်စင်မဲ့ကားတွေ။ အိမ်ခြေ တရာလောက်ရှိတဲ့ရွာကလည်း ပိုက်ဆံတတ်နိုင်ရင် ကျနော်တို့ဆီ လာတယ်၊ ကျနော်တို့က ဒီကားနံပတ်ကို မပြောင်းရဘူး၊ အင်ဂျင်နံပတ် ဘာညာကို ကျနော် မော်လမြိုင်မှာ သွားချိတ်ဆက်ပေးလိုက်တယ်။

ဦးမင်းမျိုးတင့်လွင်ရဲ့ ဇာတိဒေသအကြောင်း ပြောပြပါအုံး။ ကျနော်
ငယ်ဘ၀ ကော့ဘိန်းရွာမှာပဲ နေခဲ့တာ။ မိဘ ဘိုးဘွား အစဉ်အဆက်ကတော့
သမားတော်မျိုးရိုးတွေ။ ကျနော် ဆယ်တန်းဖြေတော့ မှောင်ခိုခေတ် ခေါ်
မှာပေါ့။ အဲဒီအချိန် ကော့ဘိန်းဆိုတာ တံခါးဝပဲ၊ ကော့ဘိန်းကို ဖြတ်မှ မဲဆောက်ကို ရောက်တာ။ ဘုရားသုံးဆူကို ရောက်တာ။ လမ်းက အဲဒီမှာပဲ။ လမ်းဆုံပေါ့။ ဆယ်တန်းဖြေချိန်မှာ ဆယ်တန်း မအောင်ဘူး။ အဲဒီအချိန် ပိုက်ဆံရှာဖို့ သိပ်လွယ်တယ်၊ တရက်ကို ရွှေ နှစ်ကျပ်သားတောင် ရနိုင်တယ်၊ ပညာရေး စိတ်မ၀င်စားတော့ဘူး။ ကုန်သည်ယောင်ယောင်၊ ဘာယောင်ယောင်၊ ကျောင်းသားယောင်ယောင်။ မိဘကလည်း တတ်နိုင်တော့ အဲဒီလို အီးယောင်ဝါး ဖြစ်သွားတာပေါ့။ နောက်တော့ အိမ်ထောင်ကျပြီး ရွာမှာ ဆက်နေတယ်၊ မီးဆက်လောင်တယ်၊ ၈၈ အရေးအခင်းကြုံတယ်၊ လူကယ်ရီပို့တယ်၊ ကျောင်းသားတွေ လာသမျှ အကုန်လုံး အဆက်အသွယ် လုပ်လာရင် သွားချင်တဲ့နေရာ ပို့ပေးလိုက်တယ်၊ ၈၉ ကျတော့ မိသားစုစီးပွားရေး စကျတယ်၊ ကံဆိုးချင်တော့ ရွာက မီးလောင်တယ်၊ ဗီဒီယိုပြတဲ့ လုပ်ငန်း လုပ်တော့ အောက်စက် သူခိုးခိုးခံရတယ်၊ နွား ၂ ကောင်ရောင်းပြီး အောက်စက် သွားဝယ်တာ ဖားကန့်ကို ရောက်သွားတယ်။ ၁၉၉၁ မှာ ကျနော် ဖားကန့်ရောက်နေပြီ။ ၁၉၉၂ မှာ စဘော့ အရေးအခင်းဖြစ်တယ်။ ဘိန်းစားတွေကို ကေအိုင်အေက သတ်တာလေ။ ကျနော့် မျက်စိရှေ့တင်ပဲ။ ကျနော်ကတော့ ကျင်းသားပေါ့၊ ကျောက်တူးတဲ့လူ။

စဘော့ ဆိုတာ ဘာလဲ။
စဘော့ ဆိုတာ ချောင်းနာမည်။ အဲဒီဒေသမှာ ဖြစ်လို့ စဘော့အရေး
အခင်း ခေါ်တာပေါ့။ ဘိန်းစားရော၊ ရောင်းဝယ်တဲ့သူရော အယောက် ၄၀ ကျော်။ မူးယစ်ဆေးဝါးပပျောက်ရေး ပုံစံမျိုးနဲ့ ခပ်ကြမ်းကြမ်း ကိုင်လိုက်တဲ့အချိန်ပေါ့။ တချို့ မသေဘူး၊ ရေထဲ ကူးလို့ရရင် ခေါင်းကို မှန်အောင် ထပ်ပစ်ရတယ်။ အဲဒါပြီးနောက်ပိုင်း သူတို့လည်း ဝေဖန်ခံ
ရတယ်။ ဆက်မလုပ်တော့ဘူး။

သက္ကရာဇ် ၂၀၀၀ မှာ ပြန်မွဲသွားတယ်။ ကျောက်လောကမှာ အလုပ်မဖြစ်တော့ဘူး၊ ဦးပိုင်တို့၊ အထူးဒေသ ၁၊ ၂၊ ၃ တွေ ၀င်လာတာပေါ့။ ဟိုတုန်းက ကျင်းတကျင်းကို ၃ သိန်းနဲ့ ယူပြီး၊ ကေအိုင်အေနဲ့ ပူးပေါင်းပြီး ယူလို့ရတယ်။ နောက်ပိုင်းတော့ ကျင်းတကျင်းကို သိန်း ၇၀၀ လောက်နဲ့ တရုတ်တွေက ဆွဲသွားတယ်။ ဆိုင်းဘုတ် လာကပ်တယ် - ဦးပိုင် - ၁။ ည ၁၂ နာရီကျော်ရင် အကုန်ရွှေ့၊ မရွှေ့ရင် သူ့ဟာပဲပေါ့။ မယှဉ်နိုင်တော့ဘူး။ မယှဉ်နိုင်တော့ ကျနော်လည်း စ မွဲလာတာပေါ့။ စိတ်ပျက်ပြီး မန္တလေး ပြန်လာပြီး ပွဲစား၊ ကျောက်သမား လုပ်တယ်။

အဲဒီအချိန်မှာ ဗေဒင်ပညာနောက် လိုက်တယ်။ လျှောက်ပြီးတော့ ဘုရားတည်
တယ်၊ ကျောင်းဆောက်တယ်။ ရေး(မြို့)ကို ရောက်သွားတယ်။ ရေးကို မွန်ပြည်နယ်ထဲ ရှိပေမယ့် တခါမှ မရောက်ဖူးဘူး၊၁၃ နှစ် ကိုရင်တပါးက
ဆွမ်းမစားဘူး ဆိုတော့ ထူးဆန်းတယ် ဆိုပြီး ကျနော် သွားလေ့လာတယ်။ အလိုတော်ပြည့်ဆရာတော်ဘုရား - ပုဂံ မှာလည်း ကျနော် နေဖူးတယ်၊ သာမညတောင်ဆရာတော်ဆီမှာလည်း နေဖူးတယ်။ စိတ်ထဲ ဖြစ်လာတာက ကျနော့်ဘ၀မှာ လုပ်တာ ကုန်သွားပြီ၊ လေ့လာသင်ယူစရာ ဘာရှိသေးလဲ၊ အဲဒီအချိန်မှာ တောရကျမ်းရယ်၊ ဗေဒင်ကျမ်းရယ် ၂ အုပ်၊ စာတိုက်ကနေ ဦးခင်ညွန့်ဆီ ပို့လိုက်တယ်၊ တပတ်လောက်နေတော့ လာခေါ်တယ်၊ ဦးခင်ညွန့်နဲ့ မတွေ့ရပါဘူး၊ သစ်တောဝန်ကြီး ဦးသိုက်ထွန်းနဲ့ ရန်ကုန် မြေပဒေသာကျွန်းမှာ ကျနော်တို့နဲ့ တွေ့တယ်၊ ဆွေးနွေးတယ်။ မင်းဆရာ ဘယ်သူလဲ ဆိုတော့ - ဆရာဆိုလို့ ကျနော့်သူငယ်ချင်းပဲ ရှိတယ်၊ သူနဲ့ကျနော် ဒီကျမ်းကို ဖတ်ပြီးတော့မှ ငြင်းခုန် ဆွေးနွေးရင်းနဲ့ ဒါတွေကို သိမြင်လာတယ်။ လိုအပ်တယ်ထင်လို့ ပို့တာ၊ ကျနော်တို့ အကုန်လုံးလည်း မသိပါဘူး။
နိုင်ငံတော်မှာသုံးတဲ့ကျမ်းတွေ ရှိတယ်၊ နရပတိဇေယျစာရီကျမ်း မင်း တို့ရဲ့ အောင်မြင်ကြောင်း ယတြာ ဆိုတာ ပြတာပဲ၊ မောင်းထောင်ဆရာတော် ဘာသာပြန်ထားတဲ့ ဗမာမူ၊ ဘာမူ၊ ညာမူ ဒါ ဟုတ်သလား - မဟုတ်ဘူး...။
ဒါ ဟုတ်သလား - မဟုတ်ဘူး၊ မဟုတ်ဘူး...။
ကျမ်းကို ကျမ်းအတိုင်းပဲ ထားရမယ်၊ ဘာသာပြန်လို့ မရပါဘူး...။
အဲဒီယူဆချက် တခုတည်းနဲ့ကို ဟာ မင်းတို့ ဒီမှာပဲ နေတော့၊ မင်းတို့ ဘာလိုချင်လဲ၊ မင်းတို့ လခ လိုချင်သလား၊ ပေးမယ်၊ မင်းတို့ ယုံကြည်ရာ မင်းတို့လုပ်၊ သို့သော် ကျနော် မနေနိုင်ဘူး၊ ရွာပြန်တယ်။

ကျနော် ဒီကျမ်းတွေ တတ်ပြီး ဘယ်နေရာ ဘယ်လိုလုပ်ရမယ် ဆိုတာ သိလာပြီ ဆိုတဲ့ အချိန်မှာ လောကကြီးမှာ ဆင်းရဲဖို့လည်း မလိုဘူး၊ ချမ်းသာဖို့လည်း မလိုတော့ဘူး။ အဓိကက ကိုယ့်အတွက် အသုံးကျအောင် လုပ်တတ်ဖို့ပဲ လိုတော့တယ် ဆိုတာ သိလာတဲ့အခါမှာ ကျနော့် နယ်မြေဒေသမှာ မမေးသုံးချက် မေးသုံးချက်ဒေသမှာ ဖွံ့ဖြိုးတိုးတက်အောင် ကျနော် လုပ်တော့မယ်ဆိုပြီး ပြန်ချသွားတယ်။ မိသားစုတွေ ခေါ်ပြီး ရွာပြန်နေတယ်။ ၂၀၀၁။

မွန်ပြည်သစ်ကလည်း ၉၆ ကတည်းက ငြိမ်းချမ်းရေးယူပြီး ၀င်လာပြီ။ ကျနော်တို့ တွဲဖက်မိတယ်။ အခုလည်း ကျနော် ကျောက်လုပ်နေတာပဲ။ အခုလုပ်တာ ဇော်ဝမ်းကျောက်။ လမ်းခင်းကျောက်။

ရန်ကုန်မှာ ရုံးခန်းတွေ ဘာတွေနဲ့ ထားပေးတယ် ဆိုတော့ ဘာတွေ လုပ်ရတာလဲ။
ဘာမှ မလုပ်ရဘူး။ ကျမ်းတွေ ဆက်လေ့လာရုံပဲ။

သူတို့ကို ဘာတွေ အစီရင်ခံရသေးလဲ။
ဘာမှ အစီရင်ခံစရာ မလိုဘူး။ ဥပမာလေးတခု - သစ်တောဝန်ကြီးဦးသိုက်ထွန်းက နောက်နေ့ ပဲခူးကို သွားစရာရှိတယ်၊ သွားတွေ့ရမယ့် Donner တွေရှိမယ်၊ သူဌေးတွေ ရှိမယ်၊ လုပ်ငန်းရှင်တွေ ရှိမယ်၊ သစ်တောနဲ့ ပတ်သက်တာတွေ ပြောရမယ်။ အောင်မြင်လား မအောင်မြင်ဘူးလားလို့ မေးတယ်။ မေးတော့ ကျနော်တို့က ဖြေလိုက်တယ - မအောင်မြင်ဘူး။ ကျနော်တို့ကျမ်းအရ ဂြိုဟ်အရ နက္ခတ်အရ ကြည့်လိုက်တယ် - မအောင်မြင်ဘူး။ အောင်မြင်အောင် ဘယ်လိုလုပ်မလဲ - ဘာအရောင် ၀တ်သွား။ ၀တ်လို့ မရဘူး၊ ဒါက ဒါပဲ ဆိုရင် - ကဲ ဒီအရောင်နဲ့ သက်ဆိုင်တာ ဆနွင်းသုတ်သွား ညာဘက်လက်။ ပြီးရင် ဘာအက္ခရာလေးကို စပြောပါ။ ဒါဆို အောင်မြင်သလား ဆိုတော့ - မဟုတ်ဘူး၊ တမတ်ပဲ အောင်မယ်၊ ၃၀ ရာခိုင်နှုန်းပဲ အောင်မယ်။ ပြန်လာတယ် - ဟုတ်နေတယ်။ ဟုတ်နေရော ဆိုတော့ ကျနော်တို့ကို မလွှတ်တော့ဘူး။ ကြာတော့ ကျနော်တို့ ခေါင်းကိုက်လာတယ်၊ မနေတတ်တော့ဘူး။

ကျနော်တို့က လိုင်းကိုက မှားနေပြီ။ အဲဒီအချိန်က ကျနော်က အသက် ၄၀ ပဲ ရှိသေးတယ်။ သူတို့အတွက်တော့ ကျနော် အချိန်ကုန်မခံနိုင်ဘူးဗျာ။ ကျနော့်ရဲ့ ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက်ပဲ အချိန်ကုန်ခံတော့မယ် ဆိုပြီး ပြန်လာတယ်။

ဒီဝန်ကြီးတယောက်တည်းအတွက် လုပ်ရသလား၊ တခြားဝန်ကြီးတွေအတွက်ရော လုပ်ပေးရသလား။ သူတို့ကိုယ်တိုင် လာသလား။
အများကြီးပဲ။ သူတို့ကိုယ်တိုင် လာတယ်။

ဦးခင်ညွန့်ကိုယ်တိုင်ရော လာသလား။
တခါမှ သူနဲ့ မတွေ့ဖူးပါဘူး။ တခါမှ စကားမပြောဖူးဘူး။ အကြံဥာဏ်တွေလည်း မတောင်းဘူး။ 

ဦးခင်ညွန့်တို့စီစဉ်ပေးတဲ့ရုံးမှာ အတူထိုင်ဖြစ်တာ ဘယ်သူနဲ့လဲ။
သူက ပုဏ္ဏားပါ။ ဒီကျမ်းကို ရွှေတကျပ်သားနဲ့ ရောင်းပေးတယ်၊ အဲဒီအချိန်က။ ၁၉၉၈ လောက်မှာပေါ့။ သူက မန္တလေးက။ ဖားကန့်ကနေ မန္တလေးအရောက်မှာ ဗေဒင်ဆရာတွေကို တယောက်ပြီးတယောက် အိမ်ခေါ်သင်တယ်။ ကျနော့်ဦးနှောက်က ဆာနေတုန်းပဲ။ အာသာမပြေဘူး။ သူ့နဲ့တွေ့တော့ သူက သက်သက်မဲ့ ကျနော့်ကို လာပေးတာ။ တပြားမှ ပေးစရာ မလိုဘူး။ ပေမူကျမ်း ဆိုတာ တတောင်လောက် ရှိတဲ့ ပေမူပေါ့ဗျာ။ သူခိုး ငတက်ပြားရဲ့ ဘုရားကနေ ဌာပနာ ပြိုတော့ ရလာတယ်လို့ ဆိုတာပေါ့။

ဘယ်ဒေသက ငတက်ပြားဘုရားလဲ။
စစ်ကိုင်းဘက်က။ ရပြီးတော့ ကျမ်းကိုပြတော့ မိတ္တူကူး၊ ကျနော်လည်းဖတ် သူလည်းဖတ်။ ညနေတုန်း ငြင်းခုန်ဆွေးနွေးကြတယ်၊ ကျမ်းရဲ့ အယူအဆလေးတွေ။

အဲဒီကာလ ထင်ရှားတဲ့ မင်းသိင်္ခတို့နဲ့ ရော ..
လုံးဝ မအပ်စပ်ဘူး။ ကျနော်တို့နဲ့ လုံးဝ အဆက်အသွယ်လည်း မရှိဘူး။

လိုင်းမတူဘူးပေါ့။
လိုင်းလည်း မတူဘူး။ ကျနော်တို့တတ်တဲ့ကျမ်းက ဟောတဲ့ဟာ မရှိဘူး။ ခေါင်းလောင်းလိုပဲ တီးမှ မြည်တယ်။ မတီးရင် မမြည်ဘူး။
မေးမှ ဖြေလို့ရတယ်။ မမေးရင် ဖြေလို့ မရဘူး။ အမေးရှိသောအခါ၌ အဖြေရှိ၊ အမေး မရှိသောအခါ၌ အဖြေမရှိ။

လူတိုင်းကို ဟောလို့ ရသလား။
သာမန်လူကို ဟောရင် မှားတယ်ဗျ။ ဘုရင်တွေကို ဟောရင် မှန်တယ်။ ကျမ်းရဲ့အမည်ကိုက မင်းတို့ရဲ့ အောင်မြင်ကြောင်း ယတြာ - နရပတိဇေယျဇာခြည်။ သရဒွေးကျမ်း။

ဒီပညာတွေ ထပ်ပြီး လေ့လာဖြစ်သေးလား။
ရွာပြန်ကတည်း ဒါကို မေ့လိုက်တယ်။ ဒါဟာ ငါ့အတွက် အချိန် စောပါသေးတယ်ပေါ့။ ဘာကြောင့်လဲဆို လူကြားထဲ နေလို့မရတော့ဘူးဗျာ။ အရက်သောက် ဘီယာသောက်လို့လည်း မရတော့ဘူး။ လူတယောက်ဝင်လာပြီဆိုရင် သူ့အိတ်ထဲ ပိုက်ဆံဘယ်လောက်ပါလဲ ကျနော် သိနေတယ်။ သူ့မိန်းမနဲ့ စကားများလာသလား ဆိုတာ ကျနော် ကြိုသိနေတယ်။ ဒူးနာနေသလား ခေါင်းကိုက်နေသလား ကျနော် သိနေတယ်၊ ကျနော့်ဧရိယာ တလံ နှစ်လံ ပတ်လည် ၀င်လာပြီ ဆိုတာနဲ့။ မျက်စိပိတ်ထားလိုက်ရင် ကျနော် ပြောလို့ရတယ်။
လူတွေအကြောင်း သိပါများရင်လည်း လူတွေကြားမှာ နေရခက်လာတယ်။ သိပ်မကောင်းဘူးဗျ။

ဒီပညာကို ဘယ်ကာလမှာ ပြန်လေ့လာမလဲ။
ကျနော်က လောလောဆယ် မထင်မှတ်ဘဲ လွှတ်တော်ကိုယ်စားလှယ် ဖြစ်သွားပြီ၊ အနာဂတ်မှာလည်း လေ့လာဖို့ထက် တယောက်ယောက်ကို ပေးသွားဖို့ စဉ်းစားထားပါတယ်။ 

အေးချမ်းမွန်မှ ဧရာဝတီသတင်းတွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :ဧရာဝတီသတင်း
ဦးမင်းမျိုးတင့်လွင်က မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီကို ကိုယ်စား
ပြုပြီး၂၀၁၀ ရွေးကောက်ပွဲမှာကရင်ပြည်နယ် ကော့ကရိတ်ဒေသကနေ
ရွေးကောက်ခံရသူပါ။အခုတော့ အမျိုးသားလွှတ်တော်တက်တဲ့ အမတ်တဦး
ဖြစ်နေပါပြီ။သူက သူ့ေ
ဒသမှာ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ လုပ်ဆောင်သူအဖြစ် ထင်ရှားပါတယ်။ စစ်အစိုးရခေတ်ဝန်ကြီးတချို့အတွက် အောင်မြင်ကြောင်း ယတြာတွေ စီရင်ပေးဖူးသူလည်း ဖြစ်ပါတယ်။ ဦးမင်းမျိုးတင့်လွင်နဲ့ မကြာ

ဧရာဝတီသတင်း

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis