menu

Sunday 28 October 2012

ဆက်သွယ်ရေးဝန်ဆောင်မှုကို ပုဂ္ဂလိကသို့ ချထားရာတွင် နောက်ထပ် Operator နှစ်ခုကိုသာ ခွင့်ပြုပြီး ယှဉ်ပြိုင်မည်

Photo: ဆက်သွယ်ရေးဝန်ဆောင်မှုကို ပုဂ္ဂလိကသို့ ချထားရာတွင် နောက်ထပ် Operator နှစ်ခုကိုသာ ခွင့်ပြုပြီး ယှဉ်ပြိုင်မည် 

Sunday, 28 October 2012 11:59

နိုင်ငံတော်နှင့် ပုဂ္ဂလိက ပူးပေါင်းပိုင်ဆိုင်သည့် ရတနာပုံတယ်လီပို့ ကုမ္ပဏီအား အများပိုင်ကုမ္ပဏီအဖြစ် ပြောင်းလဲမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

ရတနာပုံတယ်လီပို့ ကုမ္ပဏီကို နိုင်ငံတော်မှ ၅၁ ရာခိုင်နှုန်းနှင့် ပုဂ္ဂလိကမှ ၄၉ ရာခိုင်နှုန်းအချိုးဖြင့် ပိုင်ဆိုင်ခြင်းဖြစ်ပြီး ဆက်သွယ်ရေးဝန်ဆောင်မှု လုပ်ငန်းများလုပ်ကိုင်သည့် အများပိုင်ကုမ္ပဏီအဖြစ် ပြောင်းလဲမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းများ ထုတ်ပြန်ချက်များအရ သိရသည်။

ယင်းအပြင် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းများကို အပြိုင်ဝန်ဆောင်မှု ပေးရန်အတွက် ပုဂ္ဂလိကအား ဖိတ်ခေါ်ရာတွင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ ရွေးချယ်ချထားပေးသော Operator ကုမ္ပဏီတစ်ခု၊ နှစ်ခုဖြင့် ယှဉ်ပြိုင်လုပ်ကိုင်မည်ဟု ဖော်ပြထားသည်။

လက်ရှိတွင် မြန်မာတစ်နိုင်ငံလုံး၏ ဆက်သွယ်မှုကဏ္ဍအား မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် ရတနာပုံတယ်လီပို့မှ အဓိက စီမံလုပ်ကိုင်လျက် ရှိသည်။

မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးကဏ္ဍ ပြုပြင်ပြောင်းလဲမှုသည် အာဆီယံနှင့် အိမ်နီးချင်း နိုင်ငံများဖြင့်ယှဉ်လျှင် ၁၀ နှစ်မှ ၁၅ နှစ်အထိ နောက်ကျကျန်နေခဲ့သည်ဟု ဖော်ပြထားသည်။

“ရတနာပုံတယ်လီပို့ကို အများပိုင်အဖြစ် ပြောင်းမယ်။ အခု မြန်မာ့ဆက်သွယ်ရေးကဏ္ဍ ပြုပြင်ပြောင်းလဲမှုတွေက အိမ်နီးချင်းနိုင်ငံတွေထက် ၁၅ နှစ်လောက် နောက်ကျကျန်နေတယ်။ ဒါကိုပြောင်းလဲဖို့နဲ့ လက်ဝါးကြီးအုပ် မဖြစ်ဖို့ ပုဂ္ဂလိကတွေ များများဝင်ပြီး ယှဉ်ပြိုင်လုပ်ကိုင်ရင် အများပြည်သူလည်း ပိုသက်သာခွင့် ရမှာပေါ့။ အခု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနဲ့ ရတနာပုံတယ်လီပို့နှစ်ဦးနဲ့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က ရွေးချယ်ခွင့်ပြုမယ့် Operator တစ်ခု သို့မဟုတ် နှစ်ခုနဲ့ ပြိုင်လုပ်မယ်လို့ စာတမ်းမှာ ဖော်ပြထားတယ်ဆိုတော့ အများဆုံးမှ နောက်ထပ်ယှဉ်ပြိုင်မယ့် ကုမ္ပဏီက နှစ်ခုပဲ အများဆုံးလုပ်ခွင့်ရမယ့် အနေအထား ရှိလာနိုင်တယ်။ ယှဉ်ပြိုင်တယ်ဆိုတာက များလေပိုတိုးတက်လေပဲ။ အကွဲကွဲအပြားပြား မဖြစ်အောင် ကိုယ့်နိုင်ငံစံနှုန်းတစ်ခုတော့ ထားပြီးယှဉ်ပြိုင်ရမှာပေါ့။ ဒါက Operator ကိုပဲနှစ်ခုပေးမယ်၊ ကျန်တဲ့ဟာကိုတော့ ကဏ္ဍအလိုက်ပြန်ပြီး ပုဂ္ဂလိကကို လွှဲဖို့လည်း ရှိနိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် လုပ်မယ်ဆိုရင်တော့ တစ်ကယ်လုပ်နိုင်တဲ့ ကုမ္ပဏီအများစုကို ချထားရင် ပိုကောင်းပါတယ်။ ဥပမာ- ဟန်းဆက်ကို တကယ်စက်ရုံတည်ထောင်ပြီး ထုတ်လာတဲ့ကဏ္ဍတွေပါ အပါအ၀င်ပေါ့” ဟု စီးပွားရေးဆိုင်ရာ အသင်းအဖွဲ့တစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ပြင်ဦးလွင်မြို့နယ်ရှိ ရတနာပုံတယ်လီပို့ကို ဖွင့်ပွဲအခမ်းအနားတွင် တွေ့ရစဉ်

အေးချမ်းမွန်မှ Eleven Media Group တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From : Eleven Media Group
နိုင်ငံတော်နှင့် ပုဂ္ဂလိက ပူးပေါင်းပိုင်ဆိုင်သည့် ရတနာပုံတယ်လီပို့ ကုမ္ပဏီအား အများပိုင်ကုမ္ပဏီအဖြစ် ပြော
င်းလဲမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

ရတနာပုံတယ်လီပို့ ကုမ္ပဏီကို နိုင်ငံတော်မှ ၅၁ ရာခိုင်နှုန်းနှင့် ပုဂ္ဂလိကမှ ၄၉ ရာခိုင်နှုန်းအချိုးဖြင့် ပိုင်ဆိုင်ခြင်းဖြစ်ပြီး ဆက်သွယ်ရေးဝန်ဆောင်မှု လုပ်ငန်းများလုပ်ကိုင်သည့် အများပိုင်ကုမ္ပဏီအဖြစ် ပြောင်းလဲမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းများ ထုတ်ပြန်ချက်များအရ သိရသည်။

ယင်းအပြင် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းများကို အပြိုင်ဝန်ဆောင်မှု ပေးရန်အတွက် ပုဂ္ဂလိကအား ဖိတ်ခေါ်ရာတွင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ ရွေးချယ်ချထားပေးသော Operator ကုမ္ပဏီတစ်ခု၊ နှစ်ခုဖြင့် ယှဉ်ပြိုင်လုပ်ကိုင်မည်ဟု ဖော်ပြထားသည်။

လက်ရှိတွင် မြန်မာတစ်နိုင်ငံလုံး၏ ဆက်သွယ်မှုကဏ္ဍအား မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် ရတနာပုံတယ်လီပို့မှ အဓိက စီမံလုပ်ကိုင်လျက် ရှိသည်။

မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးကဏ္ဍ ပြုပြင်ပြောင်းလဲမှုသည် အာဆီယံနှင့် အိမ်နီးချင်း နိုင်ငံများဖြင့်ယှဉ်လျှင် ၁၀ နှစ်မှ ၁၅ နှစ်အထိ နောက်ကျကျန်နေခဲ့သည်ဟု ဖော်ပြထားသည်။

“ရတနာပုံတယ်လီပို့ကို အများပိုင်အဖြစ် ပြောင်းမယ်။ အခု မြန်မာ့ဆက်သွယ်ရေးကဏ္ဍ ပြုပြင်ပြောင်းလဲမှုတွေက အိမ်နီးချင်းနိုင်ငံတွေထက် ၁၅ နှစ်လောက် နောက်ကျကျန်နေတယ်။ ဒါကိုပြောင်းလဲဖို့နဲ့ လက်ဝါးကြီးအုပ် မဖြစ်ဖို့ ပုဂ္ဂလိကတွေ များများဝင်ပြီး ယှဉ်ပြိုင်လုပ်ကိုင်ရင် အများပြည်သူလည်း ပိုသက်သာခွင့် ရမှာပေါ့။ အခု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနဲ့ ရတနာပုံတယ်လီပို့နှစ်ဦးနဲ့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က ရွေးချယ်ခွင့်ပြုမယ့် Operator တစ်ခု သို့မဟုတ် နှစ်ခုနဲ့ ပြိုင်လုပ်မယ်လို့ စာတမ်းမှာ ဖော်ပြထားတယ်ဆိုတော့ အများဆုံးမှ နောက်ထပ်ယှဉ်ပြိုင်မယ့် ကုမ္ပဏီက နှစ်ခုပဲ အများဆုံးလုပ်ခွင့်ရမယ့် အနေအထား ရှိလာနိုင်တယ်။ ယှဉ်ပြိုင်တယ်ဆိုတာက များလေပိုတိုးတက်လေပဲ။ အကွဲကွဲအပြားပြား မဖြစ်အောင် ကိုယ့်နိုင်ငံစံနှုန်းတစ်ခုတော့ ထားပြီးယှဉ်ပြိုင်ရမှာပေါ့။ ဒါက Operator ကိုပဲနှစ်ခုပေးမယ်၊ ကျန်တဲ့ဟာကိုတော့ ကဏ္ဍအလိုက်ပြန်ပြီး ပုဂ္ဂလိကကို လွှဲဖို့လည်း ရှိနိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် လုပ်မယ်ဆိုရင်တော့ တစ်ကယ်လုပ်နိုင်တဲ့ ကုမ္ပဏီအများစုကို ချထားရင် ပိုကောင်းပါတယ်။ ဥပမာ- ဟန်းဆက်ကို တကယ်စက်ရုံတည်ထောင်ပြီး ထုတ်လာတဲ့ကဏ္ဍတွေပါ အပါအ၀င်ပေါ့” ဟု စီးပွားရေးဆိုင်ရာ အသင်းအဖွဲ့တစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

Eleven Media Group

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis