menu

Sunday 28 October 2012

ရခိုင်- ရွာလုံးကျွတ် မီးရှို့မှုများရှိကြောင်း မြန်မာအစိုးရ နိုင်ငံတကာ မီဒီယာသို့ ပထမဆုံးအကြိမ်ဝန်ခံပြောကြား

လူ့အခွင့်အရေးစောင့်ကြည့်မှုအဖွဲ့ (HRW) ၏ ဂြိုလ်တုပုံများ ထွက်ပေါ်လာအပြီး မြန်မာသမ္မတ၏ ပြောခွင့်ရပုဂ္ဂိုလ်ဦးဇော်ဌေးက ရခိုင်ပြည်နယ် တွင် အကြီးအကျယ်ပျက်ဆီးမှုများရှိခဲ့ကြောင်း ဘီဘီစီသို့ ၀န်ခံပြောကြားလိုက်သည်။

“ရွာလုံးကျွတ် ဒါမှမဟုတ် မြို့ရဲ့ အချို့အစိတ်အပိုင်းတွေ မီးလောင်ပြာကျခဲ့တာမျိုးတွေ ရှ

ိခဲ့ပါတယ်” ဟု ဦးဇော်ဌေးက ပြောကြားသည်။

ထိုသို့ဝန်ခံပြောကြားမှုမှာ ကျောက်ဖြူတစ်မြို့ထဲတွင်ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များ၏ ဓာတ်ပုံများကို HRW ဖော်ပြခဲ့အပြီးနောက်တွင်မှ ဖြစ်ကြောင်းကို ဘီဘီစီက အသားပေးဖော်ပြထားသည်။

ထိုဓာတ်ပုံသက်သေများအရ ဖျက်ဆီးသောင်းကျန်းမှုများတွင် ဓားစာခံအများစုမှာ မွတ်စလင်များဖြစ်ကြောင်းလည်း သိရသည်။ ဦးဇော်ဌေးကမူ ၄င်းတို့အစိုးရအနေဖြင့် လုံခြုံရေးတင်းကြပ်မှုများ ပြုလုပ်ထားကြောင်းနှင့် လိုအပ်ပါက ရခိုင်ပြည်နယ်သို့ ရဲများနှင့် စစ်တပ်များ ထပ်မံပို့ပေးသွားမည့်အကြောင်း ပြောကြားသည်။

မြန်မာအာဏာပိုင်များက မွတ်စလင်များကို တရားမ၀င်အခြေချနေထိုင်သူများဟု သတ်မှတ်ထားသလို ၄င်းတို့အပေါ်တွင် ကျယ်ပြောလှသည့် ရန်လိုမုန်းထားမှုများရှိနေကြောင်း ဘီဘီစီသတင်းထောက်က ပြောကြားသည်။

HRW ၏ ဓာတ်ပုံများအရ ပင်လယ်ပြင်တွင် မျောပါနေသည့် လူသေအလောင်းများလည်းရှိနေသလို ကျောက်ဖြူရှိ ဧကပေါင်း ၃၅ ဧက ခန့် မြေကွက်ကြီးမှာ အိမ်ခြေများလုံးဝကင်းမဲ့နေကြောင်းလည်း သိရသည်။

HRW ကမူ အိမ်ခြေများရှိ မွတ်စလင် မိသားစုများမှာ လှေများဖြင့် ထွက်ပြေးကြခြင်းဖြစ်ကြောင်း ပြောကြားသည်။

၎င်းပြင် ဘီဘီစီက ရခိုင်ပြည်နယ်သတင်းများကို မိမိတို့ထံပေးပို့ရန် နှိုးဆော်ထားပြီး လိပ်စာမှာ yourpics@bbc.co.uk နှင့် ဖုန်းနံပါတ် +44 7624 800 100 တို့ဖြစ်သည်။
From Facebook

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis