menu

Sunday 28 October 2012

ကော့ကရိတ်-မြဝတီ တောင်ပတ်ကားလမ်းအသစ်ဖောက်ရန် ထိုင်းကုမ္ပဏီမှ မကြာမီ စတင်တော့မည်

Photo: ကော့ကရိတ်-မြဝတီ တောင်ပတ်ကားလမ်းအသစ်ဖောက်ရန် ထိုင်းကုမ္ပဏီမှ မကြာမီ စတင်တော့မည်

စနေနေ့၊ အောက်တိုဘာလ 27 ရက် 2012 ခုနှစ် 

ကရင်ပြည်နယ်တောင်ပိုင်းရှိ ကော့ကရိတ်-မြဝတီ  တောင်ပတ်လမ်း အသစ်ဖောက်လုပ်မည့် စီမံကိန်းကို ထိုင်းနိုင်ငံမှ လမ်းဖောက်လုပ် ရေးကုမ္ပဏီ (စီဆန်ကန်ယိုထ)က ယခုနှစ် နှောင်းပိုင်းတွင် လုပ်ငန်းစဉ် ပြန်လည် စတင်တော့မည်ဖြစ်ကြောင်း သိရသည်။

လမ်းဖောက်လုပ်ရေးသည် ဦးစွာအနေဖြင့် နယ်မြေတိုင်းထွာပြီး သင်္ဃန်းညီနောင်မှ ကော့ကရိတ်အထိ ထိုင်းအစိုးရမှ လမ်းကြောအ သစ် ဖောက်လုပ်ပေးမည်ဖြစ်သည်ဟု ကရင်ပြည်နယ် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး စောခင်မောင်မြင့်က ကေအိုင်စီသို့ ပြော သည်။

“လမ်းဖောက်လုပ်ရေးအတွက် အသုံးပြုရမယ့် စက်ယန္တရားတွေ မြဝတီဘက်ကို ရောက်နေပြီ။ လောလောဆယ်မှာတော့ မြေတွေကို လိုက်ပြီးတော့ တိုင်းထွာနေတယ်။ ပြီးရင် လမ်းကိုဖောက်မယ်”ဟု စောခင်မောင်မြင့်က ပြောသည်။

ထိုင်း-မြန်မာ နှစ်နိုင်ငံခေါင်းဆောင်များ သဘောတူညီချက်ဖြင့် ပြုလုပ်သည့် လမ်းဆောက်လုပ်ရေး စီမံကိန်းကို အာရှဖွံ့ဖြိုးရေးဘဏ် ၏ အကူအညီဖြင့် ထိုင်းနိုင်ငံမှ လမ်းဖောက်လုပ်ရေးကုမ္ပဏီ (စီဆန်ကန်ယိုထ)က တာဝန်ယူ ဆောက်လုပ်သွားမည်ဖြစ်သည်။

လက်ရှိ ကော့ကရိတ်-မြဝတီ တောင်ပေါ်လမ်းသည် မိုင်အကွာအဝေး ၄၀မိုင်ခန့်ရှိပြီး လမ်းခရီး ကြာမြင့်ချိန် ၃ နာရီကျော်ရှိကာ ယခု စီမံကိန်း ပြီးမြောက်အောင်မြင်ပါက ခရီးအကွာအဝေးမှာ သုံးပုံတစ်ပုံ လျော့ကျလာမည်ဖြစ်သည်။

ကော့ကရိတ်-မြဝတီ ဆိုင်ကယ်ပြေးဆွဲသူတစ်ဦးက “လမ်းအသစ်ဖောက်မယ်ဆိုရင် ကျနော်တို့ တက္ကစီပြေးဆွဲသူတွေအတွက် တစ်နေ့ကို တစ်ခေါက်နှစ်ခေါက်တောင် အသွားအပြန် သွားလို့ရတယ်။ အခု လမ်းက သိပ်ကျဉ်းတော့ အန္တရာယ်အရမ်းများတယ်။ နောက် လမ်းက အရမ်းပျက်တော့ မိုးရွာရင် တစ်လမ်းလုံး ချိုင့်ခွက်၊ ဗွက်အိုင်တွေပဲ”ဟု ပြောသည်။

၎င်းစီမံကိန်းတွင် မြန်မာအင်ဂျင်နီယာများနှင့် ၀န်ထမ်းများက ကြီးကြပ်တာဝန်ယူပေးမည်ဖြစ်ပြီး စက်ယန္တရားများကို နှစ်ဖက်ကျွမ်း ကျင်သူများက ကိုင်တွယ်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ကရင်ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး စောခင်မောင်မြင့်က ဆက်လက် ပြောဆိုသည်။

ကော့ကရိတ်-မြဝတီ လမ်းဖောက်လုပ်ရေးစီမံကိန်းကို ပြီးခဲ့သည့် ၂၀၀၄ခုနှစ်က စတင် ဆောင်ရွက်ရန် စီစဉ်ထားခဲ့သော်လည်း ကရင်အမျိုးသားအစည်းအရုံး-KNU လှုပ်ရှားရာနယ်မြေဖြစ်သည့်အတွက် နယ်မြေအေးချမ်းမှု မရှိဟုဆိုကာ ၂၀၀၅ခုနှစ်တွင် လုပ်ငန်း ကို ရပ်နားထားခဲ့ပြီး ယခုမှသာ ပြန်လည် စတင်ရန် လုပ်ဆောင်လာခြင်းဖြစ်သည်။

လက်ရှိ အသုံးပြု သွားလာနေသည့် မြ၀တီ-ကော့ကရိတ်ကားလမ်း

အေးချမ်းမွန်မှ  ကေအိုင်စီ  သတင်း  တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From : ကေအိုင်စီ  သတင်း
လက်ရှိ အသုံးပြု သွားလာနေသည့် မြ၀တီ-ကော့ကရိတ်ကားလမ်း
ကရင်ပြည်နယ်တောင်ပိုင်းရှိ ကော့ကရိတ်-မြဝတီ တောင်ပတ်လမ်း အသစ်ဖောက်လုပ်မည့် စီမံကိန်းကို ထိုင်းနိုင်ငံမှ လမ်းဖောက်လုပ် ရေး
ကုမ္ပဏီ (စီဆန်ကန်ယိုထ)က ယခုနှစ် နှောင်းပိုင်းတွင် လုပ်ငန်းစဉ် ပြန်လည် စတင်တော့မည်ဖြစ်ကြောင်း သိရသည်။

လမ်းဖောက်လုပ်ရေးသည် ဦးစွာအနေဖြင့် နယ်မြေတိုင်းထွာပြီး သင်္ဃန်းညီနောင်မှ ကော့ကရိတ်အထိ ထိုင်းအစိုးရမှ လမ်းကြောအ သစ် ဖောက်လုပ်ပေးမည်ဖြစ်သည်ဟု ကရင်ပြည်နယ် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး စောခင်မောင်မြင့်က ကေအိုင်စီသို့ ပြော သည်။

“လမ်းဖောက်လုပ်ရေးအတွက် အသုံးပြုရမယ့် စက်ယန္တရားတွေ မြဝတီဘက်ကို ရောက်နေပြီ။ လောလောဆယ်မှာတော့ မြေတွေကို လိုက်ပြီးတော့ တိုင်းထွာနေတယ်။ ပြီးရင် လမ်းကိုဖောက်မယ်”ဟု စောခင်မောင်မြင့်က ပြောသည်။

ထိုင်း-မြန်မာ နှစ်နိုင်ငံခေါင်းဆောင်များ သဘောတူညီချက်ဖြင့် ပြုလုပ်သည့် လမ်းဆောက်လုပ်ရေး စီမံကိန်းကို အာရှဖွံ့ဖြိုးရေးဘဏ် ၏ အကူအညီဖြင့် ထိုင်းနိုင်ငံမှ လမ်းဖောက်လုပ်ရေးကုမ္ပဏီ (စီဆန်ကန်ယိုထ)က တာဝန်ယူ ဆောက်လုပ်သွားမည်ဖြစ်သည်။

လက်ရှိ ကော့ကရိတ်-မြဝတီ တောင်ပေါ်လမ်းသည် မိုင်အကွာအဝေး ၄၀မိုင်ခန့်ရှိပြီး လမ်းခရီး ကြာမြင့်ချိန် ၃ နာရီကျော်ရှိကာ ယခု စီမံကိန်း ပြီးမြောက်အောင်မြင်ပါက ခရီးအကွာအဝေးမှာ သုံးပုံတစ်ပုံ လျော့ကျလာမည်ဖြစ်သည်။

ကော့ကရိတ်-မြဝတီ ဆိုင်ကယ်ပြေးဆွဲသူတစ်ဦးက “လမ်းအသစ်ဖောက်မယ်ဆိုရင် ကျနော်တို့ တက္ကစီပြေးဆွဲသူတွေအတွက် တစ်နေ့ကို တစ်ခေါက်နှစ်ခေါက်တောင် အသွားအပြန် သွားလို့ရတယ်။ အခု လမ်းက သိပ်ကျဉ်းတော့ အန္တရာယ်အရမ်းများတယ်။ နောက် လမ်းက အရမ်းပျက်တော့ မိုးရွာရင် တစ်လမ်းလုံး ချိုင့်ခွက်၊ ဗွက်အိုင်တွေပဲ”ဟု ပြောသည်။

၎င်းစီမံကိန်းတွင် မြန်မာအင်ဂျင်နီယာများနှင့် ၀န်ထမ်းများက ကြီးကြပ်တာဝန်ယူပေးမည်ဖြစ်ပြီး စက်ယန္တရားများကို နှစ်ဖက်ကျွမ်း ကျင်သူများက ကိုင်တွယ်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ကရင်ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး စောခင်မောင်မြင့်က ဆက်လက် ပြောဆိုသည်။

ကော့ကရိတ်-မြဝတီ လမ်းဖောက်လုပ်ရေးစီမံကိန်းကို ပြီးခဲ့သည့် ၂၀၀၄ခုနှစ်က စတင် ဆောင်ရွက်ရန် စီစဉ်ထားခဲ့သော်လည်း ကရင်အမျိုးသားအစည်းအရုံး-KNU လှုပ်ရှားရာနယ်မြေဖြစ်သည့်အတွက် နယ်မြေအေးချမ်းမှု မရှိဟုဆိုကာ ၂၀၀၅ခုနှစ်တွင် လုပ်ငန်း ကို ရပ်နားထားခဲ့ပြီး ယခုမှသာ ပြန်လည် စတင်ရန် လုပ်ဆောင်လာခြင်းဖြစ်သည်။

  ကေအိုင်စီ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis