menu

Wednesday 12 September 2012

အရေးပေါ် လူနာ တင် လေယာဉ်ဝန်ဆောင်မှု ပြည်တွင်းပုဂ္ဂလိက ဆေးရုံများ ရည်ရွယ်ထား

မြန်မာနိုင်ငံမှ အရေးပေါ်လူနာများကို ပြည်ပဆေးရုံများတွင် ဆေးကုသနိုင်ရန် အရေးပေါ်လူနာတင်လေယာဉ်ဖြင့် ပို့ ဆောင်ပေးမည့် ၀န်ဆောင်မှုလုပ်ငန်းကို ထိုင်းနိုင်ငံရှိ Samitivej Hospital ဆေးရုံ နှင့် ချိတ်ဆက်လုပ်ကိုင်ရန် ပြည်တွင်းရှိ ပုဂ္ဂလိက ဆေးရုံများက ရည်ရွယ်ချက်ရှိ နေသည်ဟု ပါရမီဆေးရုံတွင်ပြုလုပ်ခဲ့ သော အရေးပေါ် လူနာတင်လေယာဉ် ၀န်ဆောင်မှုလုပ်ငန်း ဆွေးနွေးပွဲတွင် ပါရမီဆေးရုံ၏ အကြံပေး ဒေါက်တာ တင်ညွန့်က ပြောသည်။
"မြန်မာနိုင်ငံမှာက ဒီဝန်ဆောင်မှု လုပ်ငန်းက ချက်ချင်းလုပ်ကိုင်ဖို့ မအောင် မြင်နိုင်သေးနိုင်ပေမယ့်လည်း ကမ္ဘာ လှည့်ခရီးသွားတွေ၊ နိုင်ငံခြားသားတွေ သူတို့သွားချင်တဲ့ဆေးရုံ ရောက်အောင် ပို့ပေးနိုင်တဲ့ ၀န်ဆောင်မှုမျိုးနဲ့ စတင်နိုင်ဖို့ စီစဉ်ထားတယ်"ဟု ၎င်းကပြောသည်။
သို့ရာတွင် အဆိုပါဝန်ဆောင်မှု လုပ် ကိုင်နိုင်ရေးအတွက် မြန်မာနိုင်ငံတွင် လက်ရှိ နိုင်ငံတကာအဆင့်မီ လေယာဉ် ကွင်းများ နည်းနေ သေးခြင်း၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ထောက်ပံ့ပို့ဆောင်ရေး စသည့် အဆင်မပြေမှုများကြောင့် လုပ်ငန်းစတင်ရန် ခက်ခဲနေသေး ကြောင်း အဆိုပါဆွေးနွေးပွဲတွင် Samitivej Hospital မှ ကိုယ်စားလှယ် Dr. Sommart Somsiri က ပြော ကြားသည်။

လေယာဉ်ဝန်ဆောင်မှုဖြင့် အရေး ပေါ် နှလုံးရောဂါ ၊ အရေးပေါ် လေဖြတ် ဝေဒနာသည်များနှင့် မတော်တဆ ထိခိုက်ဒဏ်ရာရသူများ သွားရောက် ကုသနိုင်ပြီး ၀န်ဆောင်မှုအတွက် တစ်ဦး လျှင် အမေရိကန် ဒေါ်လာ ၁၈၀ မှ ၁၅၀ ကြား ကုန်ကျနိုင်သည်ဟု ၎င်းက ပြော သည်။
"အခုလိုမျိုးနိုင်ငံခြား အကူအညီနဲ့ ချိတ်ဆက်ပြီး လုပ်မယ်ဆိုရင် မြန်မာနိုင်ငံ မှာ ဒီဝန်ဆောင်မှုလုပ်ငန်းက မကြာခင် ဖြစ်လာနိုင်ဖို့ အခြေအနေရှိပါတယ်။ အာရှနိုင်ငံက ဆေးရုံတွေလည်း သွားပြီး ကုလာနိုင်တော့မှာပါ။
"ဒါပေမယ့် ပြည်တွင်း ဆေးရုံတွေ မှာကတော့ အရေးပေါ်လူနာတင် ကား လုံလုံလောက်လောက် ရှိဖို့နဲ့ အချိန်မီသွားပေးနိုင်ဖို့ပဲ လိုအပ်နေ ပါတယ်"ဟု ပန်းလှိုင်ဆေးရုံမှ Medical Director ဒေါက်တာဝင်းမြင့်က ပြော သည်။
အဆိုပါဝန်ဆောင်မှုလုပ်ငန်းကို ပါရမီ ဆေးရုံက ဦးဆောင်စီစဉ်နေခြင်းဖြစ်ပြီး အခြားပုဂ္ဂလိက ဆေးရုံများကလည်း ပူးတွဲဝန်ဆောင်မှု အဖြစ် လုပ်ကိုင်နိုင် မည်ဟု ၎င်းကပြောသည်။
Myanmar Times

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis