menu

Wednesday 12 September 2012

ပိုင်နက်အငြင်းပွားမှုနှင့်ပတ်သက်၍ခေါင်းအေးအေးထားကြရန် ဂျပန်နှင့်တရုတ်ကို အမေရိကန်တိုက်တွန်း

ဝါရှင်တန်၊စက်တင်ဘာ ၁၂

ပိုင်နက်အငြင်းပွားမှုများကြောင့်တင်းမာမှုပြင်းထန်နေသော ဂျပန်နှင့်တရုတ်တို့ကို ခေါင်းအေးအေးထားကြရန်အမေရိကန်ကတိုက်တွန်းလိုက်ကြောင်း CNA သတင်းတွင်ဖော်ပြထားသည်။

အရှေ့တရုတ်ပင်လယ်အတွင်းရှိ ပိုင်နက်အငြင်းပွားလျက်ရှိသော ကျွန်းစု ၃ ခုကိုဂျပန်အစိုးရကဝယ်ယူခဲ့ပြီးနောက်၊ယင်းလုပ်ရပ

်ကိုတုံ့ပြန်သောအားဖြင့် တရုတ်ကလည်း စစ်သဘောင်္ နှစ်စင်းကိုစေလွှတ်ခဲ့ရာ ဂျပန်နှင့်တရုတ်နိုင်ငံကြား ဆက်ဆံရေးတင်းမာလျက်ရှိသည်။

“ပွင့်ပွင့်လင်းလင်းပြောရရင်တော့ လက်ရှိအခြေအနေမှာ တည်ငြိမ်မှုတွေလွှမ်းမိုးနေတာကိုပဲ အလိုရှိပါတယ်”ဟု အရှေ့အာရနှင့်ပစိဖိတ်ရေးရာ နှင့်ဆိုင်သော အမေရိကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီးက ကတ်ကမ်းဘဲလ်ပြောကြားသည်။

ပဋိပက္ခကြောင့်ဖြစ်လာမဲ့အကျိုးဆက်မှာ ပို၍ကြီးမားမည်ဖြစ်ကြောင်း ကတ်ကမ်းဘဲလ်က မဟာဗျူဟာနှင့်နိုင်ငံတကာလေ့လာရေးစင်တာသို့ ပြောကြားသည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟီလာရီကလင်တန်ကလည်း လွန်ခဲ့သောရက်ပိုင်းကကျင်းပပြီးစီးသွားသော အေပက်ထိပ်သီးဆွေးနွေးပွဲတွင် ကမ္ဘာ့စီးပွားရေးအင်ဂျင်ဖြစ်သော အာရှဒေသ တည်ငြိမ်ရေးသည် အလွန်အရေးကြီးကြောင်း ပြောကြားခဲ့သည်။

အာရှဒေသသည် တောင်တရုတ်ပင်လယ်ရှိပိုင်နက်အငြင်းပွားမှုများ၊တရုတ်နှင့်ဂျပန်ကြားပိုင်နက်အငြင်းပွားမှုများ၊ ဂျပန်နှင့်တောင်ကိုရီးယားအကြားအငြင်းပွားမှုများကြုံတွေ့နေရသည်။

အေပက်ထိပ်သီးဆွေးနွေးပွဲတွင် အမေရိကန်၏ မဟာမိတ်နိုင်ငံများဖြစ်သာ ဂျပန်နှင့်တောင်ကိုရီးယားတို့အကြားပိုင်နက်အငြင်းပွားနေမှုကို အခြေနေကိုအေးဆေးအောင်လုပ်ကြရန်နှင့်နှစ်နိုင်ငံပူးပေါင်းလုပ်ဆောင်သွားကြရန် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်ကတိုက်တွန်းပြောကြားထားသည်။
The Voice Weekly

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis