menu

Wednesday 12 September 2012

အခြေခံပညာကဏ္ဍတွင် ပညာရေးဝန်ထမ်းများ၏ လစာနှုန်းထားများနှင့် ရာထူးအဆင့်များကို မူလကထက် ပြောင်းလဲ တိုးမြှင့်သွားမည်ဖြစ်ကြောင်း သိရ



5244
ရန်ကုန်တိုင်းဒေသကြီး တက္ကသိုလ်ဝင်တန်း ထူးချွန်ဆုချီးမြှင့်ပွဲသို့ တက်ရောက်လာသည့် ဆရာ၊ ဆရာမအချို့
အခြေခံပညာကဏ္ဍတွင် ပညာရေးဝန်ထမ်းများ၏ လစာနှုန်းထားများ နှင့်ရာထူးအဆင့်များကို မူလကထက် ပြောင်းလဲတိုးမြှင့် သွားမည်ဖြစ်ကြောင်း အမှတ် (၃) အခြေခံပညာဦးစီးဌာနမှ သိရှိရသည်။
လစာနှုန်းထားများတိုးမြှင့်ပေးရာတွင် လက်ရှိရာထူး၏တစ်ဆင့်တိုး လစာများအတိုင်း တိုးမြှင့်ပေးသွား မည်ဖြစ်ပြီးလေးနှစ်အတွင်း လေးသုတ်ခွဲ၍ ဆောင်ရွက်သွားမည်ဖြစ်ကာ ပထမအသုတ်၌ ပင်စင်နားနီး သက်ကြီး ၀န်ထမ်းများနှင့် ထူးချွန်သည့် ဆရာ၊ ဆရာမများအား ဦးစားပေး ထည့်သွင်းသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
“ပညာရေးမှာ ဆရာ၊ ဆရာမ တွေရဲ့ သင်ကြားသင်ယူမှု အရည်အသွေး မြှင့်တင်ပေးဖို့နဲ့ ဆရာ၊ ဆရာမ တွေရဲ့ အရည်အသွေး ပိုမိုမြင့်မားစေဖို့ အတွက် ရာထူးအဆင့်အတန်းတွေနဲ့ လစာနှုန်းထားတွေကို တိုးမြှင့်ပေး သွားဖို့ ဆောင်ရွက်လျက်ရှိပါတယ်။ မူလတန်းကျောင်းအုပ်တွေကို အထက်တန်းပြဆရာ၊ ဆရာမတွေရဲ့ လစာအဆင့်၊
မြို့နယ်ပညာရေးမှူး တွေက လက်ထောက်ညွှန်ကြားရေး မှူးအဆင့်၊ လက်ထောက်ညွှန်ကြား ရေးမှူးလစာနဲ့ ပြောင်းလဲသတ်မှတ် သွားမှာဖြစ်သလို ခရိုင်ပညာရေးမှူး တွေကိုလည်း ဒုတိယညွှန်ကြားရေး မှူးအဆင့် လစာနှုန်းထားတွေကို ထားရှိမှာဖြစ်ပြီး ပြည်နယ်နဲ့ တိုင်းပညာရေးမှူးတွေကိုလည်း ညွှန်ကြားရေးမှူး Level သတ်မှတ်ပြီး ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်”ဟု အမှတ်(၃) အခြေခံပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်ချိန် က ပြောကြားခဲ့ပါသည်။
EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis