menu

Wednesday 12 September 2012

“ပုဂ္ဂလိက နေ့စဉ်ထုတ်သတင်းစာ စတင်ထုတ်ဝေခွင့်ပြုရန် ပုဂ္ဂလိက မီဒီယာ(၇)ခုမှ CEO များ သမ္မတထံ စာတင်ထား”

နေ့စဉ်သတင်းစာထုတ်ဝေရေးအတွက် ရင်းနှီးမြှုပ်နှံမှုများစွာပြုလုပ်ရမည့်အပြင် ကြိုတင်ပြင်ဆင်မှုအချိန်ရရှိစေရန် ယခုအချိန်မှစ၍ ထုတ်ဝေ
ခွင့်ပေးအပ်သင်

့ကြောင်း အပတ်စဉ်ထုတ် ပုဂ္ဂလိက မီဒီယာ(၇)ခုမှ CEO များ လက်မှတ်ရေးထိုးထားသည့်အကြံပြုစာကိုပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးမှတဆင့် နိုင်ငံတော်သမ္မတထံသို့ စက်
တင်ဘာလ ၁၀ ရက်နေ့တွင် တင်ပြထားကြောင်းသိရသည်။

အဆိုပါအကြံပြုစာတွင် အဓိကအားဖြင့် နေ့စဉ်ထုတ်သတင်းစာဟူသည် အခြားအပတ်စဉ်ထုတ်များနှင့်မတူဘဲ ပုံနှိပ်စက်ပိုင်းဆိုင်ရာနှင့် ဖြန့်ချိရေးပိုင်း
ဆိုင်ရာတို့တွင် ရင်းနှီးမြှူပ်နှံမှုများစွာပြုလုပ်ရမည်ဖြစ်ပြီး ၄လ မှ တစ်နှစ်ကျော်အထိ အချိန်ယူရမည်ဖြစ်ရာ ကြိုတင်ပြင်ဆင်ထားနိုင်ရန် ယခုမှစ၍ ခွင့်ပြု
ပေးစေလိုခြင်းဖြစ်သည်ဟု ပါရှိသည်။

“ ဒီလိုတောင်းဆိုတာက အခုလက်မှတ်ထိုးထားတဲ့ မီဒီယာ ၇ ခုအတွက်ပဲ မဟုတ်ပါဘူး။ သတင်းစာထုတ်ချင်တဲ့ သူတွေ အားလုံးအတွက်ပါ။ ခွင့်ပြုမယ့်အချိန်
တိတိကျကျသိမှ ဒီလုပ်ငန်းအတွက် ရဲရဲဝံ့ဝံ့ မြှုပ်နှံမှုတွေလုပ်ရဲကြမှာလေ” ဟု လက်မှတ်ရေးထိုးရာတွင်ပါဝင်သည့် ထုတ်ဝေသူတစ်ဦးက ပြောသည်။

ယင်းကဲ့သို့ တင်ပြသည့် အကြံပြုစာတွင် နိုင်ငံတော်၏ပြောင်းလဲလာသော နိုင်ငံရေးစနစ်နှင့် အညီ ပုဂ္ဂလိကနေ့စဉ်ထုတ်သတင်းစာများမဖြစ်မနေလိုအပ်ပါသဖြင့်
၁၉၆၂ ခုနှစ် ပုံနှိပ်သူများနှင့် ထုတ်ဝေသူများ မှတ်ပုံတင်ဥပဒေဖြင့်ဖြစ်စေ၊ မကြာမီပေါ်ထွက်လာမည့် မီဒီယာဥပဒေဖြင့်ဖြစ်စေ မိမိတို့အား ပုဂ္ဂလိကနေ့စဉ်
ထုတ်သတင်းစာများ ထုတ်ဝေခွင့်ပြုပါရန်လျှောက်ထားကြောင်းပါရှိသည်။

ထို့ပြင် မီဒီယာဥပဒေကို စာနယ်ဇင်းလောကသားအားလုံးအား ချပြ၍ လွှတ်တော်တွင် အကျေအလည်ဆွေးနွေးပြီးမှ ပြဌာန်းသင့်ရာ ယင်းအတွက် အချိန်
များစွာယူရမည်ဖြစ်သောကြောင့် ၁၉၆၂ ခုနှစ် ပုံနှိပ်သူများနှင့် ထုတ်ဝေသူများ မှတ်ပုံတင်ဥပဒေအရလည်း ယခင်က ပုဂ္ဂလိကသတင်းစာများ ထုတ်ဝေခွင့်ရရှိခဲ့ဖူးသည့်
သာဓကများရှိပါသဖြင့် ယခုလက်ရှိဥပဒေဖြင့်ပင် ထုတ်ဝေခွင့်ပြုသင့်ကြောင်း ၄င်းတို့၏ ထင်မြင်ယူဆချက်ကိုပါ ထည့်သွင်းတင်ပြထားသည်ဟုသိရသည်။

လက်မှတ်ရေးထိုးတင်ပြခဲ့သူများမှာ ဒေါက်တာ သန်းထွဋ်အောင်(Eleven Media Group)၊ ဒေါက်တာတင်ထွန်းဦး( MCM Co., Ltd)၊ ဦးသောင်းစုငြိမ်း (Information Matrix Co., Ltd)၊ ဒေါ်ဝင်းကလျာဆွေ( Living Co
lor Media)၊ ဒေါ်နန်းကလျာဝင်း(Asian Fame Media Group)၊ ဒေါက်တာခင်မိုးမိုး(Swe Sone Media Group)နှင့် ဦးဇော်မင်းအေး(မိုးဆန်းပန်း မီဒီယာ)တို့ဖြစ်ကြသည်။

AKS
Popular Myanmar News

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis