menu

Wednesday 12 September 2012

တာဝန်ရှိတာနဲ့ အပြစ်ရှိတာမတူဘူးလို့ကျွန်တော်ထင်တယ်၊ဒေါက်တာနိုင်အောင်နှင့်တွေ့ဆုံခြင်း(၁)


ဒီခရီးစဉ်ကို လာရတဲ့ရည်ရွယ်ချက်နဲ့ ဘယ်သူတွေနဲ့ တွေ့ ပြီးသွားပြီဆိုတာကို စပြောပေးပါ။
          ကျွန်တော်တို့ခရီးစဉ်ရည်ရွယ်ချက်ကတော့ ငြိမ်း ချမ်းရေးအကျိုးဆောင်နေတဲ့အစီအစဉ်နဲ့ အစိုးရတာဝန်ရှိ မယ့်သူတွေနဲ့တွေ့ခွင့်ရမယ့်အပေါ် လာတာပါ။ ကျွန် တော်တို့ ဒီမှာတွေ့ရင် ပြောချင်တဲ့ အကြောင်းအရာတွေ ကလည်း ကျွန်တော်အရင်က တရားမဝင်သဘောမျိုး ဦးအောင်မင်းတို့နဲ့ နှစ်ခေါက်လောက် တွေ့ဖူးတာပေါ့။ ကျွန်တော် ဒီတစ်ခေါက်လာခွင့်ရမယ်ဆိုတဲ့ဟာကတော့ တရားဝင်သဘောမျိုး ပိုဆန်လာတယ်ဆိုတဲ့ စဉ်းစားချက် လည်းပါပါတယ်။ နောက်တစ်ခုက အစိုးရတာဝန်ရှိသူ တွေနဲ့တွေ့ရမယ်။ ဒီထဲမှာ တွေ့ရမှာဆိုတော့ ပိုပြီးတော့ သေသေချာချာ တင်ပြနိုင်တဲ့ အနေအထားမျိုးဆိုတော့ အရင်တင်ပြချက်ကိုပဲ ထပ်တင်ပြမယ့် သဘောပါပဲ။ ကျွန်တော်တို့အမြင်က တကယ်တမ်း ရေရှည်တည်တံ့ ခိုင်မြဲတဲ့ငြိမ်းချမ်း ရေးရဖို့ဆိုရင် ကျွန်တော်တို့ ၂ဝ၁၅ မတိုင်ခင်မှာ အားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးပွဲတစ်ခု ဖြစ်သင့်တယ်။
အားလုံးဆိုတာကလည်း လောလော ဆယ် အပစ်အခတ်ရပ်စဲရေးဆွေးနွေးနေတဲ့ တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့အစည်းတွေလည်း ပါတယ်။ နောက်ပြီးတော့ အထဲမှာရှိတဲ့ နိုင်ငံရေးအင်အားစုတွေ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေလည်းပါ တယ်။ ဒီမိုကရေစီအင်အားစုတွေ၊ နယ်စပ်မှာ အခြေ စိုက်နေတဲ့ တိုင်းရင်းသား ဒီမိုကရေစီအင်အားစုတွေ၊ ဒါတွေအားလုံးပါဝင်ပြီးမှ ကျွန်တော်တို့ ၂ဝ၁၅ နဲ့ ၂ဝ၁၅ အလွန်မှာ တိုင်းပြည်တည်ဆောက်ရေးကိစ္စတွေ၊ နောက် ထပ်အသွင်ကူးပြောင်းရေး နောက်အဆင့်တစ်ခုကို ဘယ် လိုပြောင်းကြမယ်ဆိုတဲ့ကိစ္စတွေကို ကျွန်တော်တို့က ကြို တင်သဘောတူညီချက်ယူထားသင့်တယ်လို့ ထင်တယ်။ ဒီလိုမျိုးယူထားမှ ဒီတိုင်းရင်းသားတွေနဲ့ အပစ်အခတ် ရပ်စဲရေး၊ ငြိမ်းချမ်းရေး ကိစ္စတွေ ပိုပြီးတော့ အဆင်ပြေ ချောမွေ့သွားမယ်။ နောက်တစ်ခုက အားလုံး ဒီလိုမျိုး သဘောတူညီချက်ရထားခြင်းအားဖြင့် လုံလုံခြုံခြုံနဲ့၊ စိတ်ချယုံကြည်မှုရှိရှိနဲ့ လက်တွဲပြီးတော့ ဒီလမ်းကို လျှောက်သွားမယ်ဆိုတဲ့ဟာ မျိုးစဉ်းစားထားတာရှိ တယ်။ ကျွန်တော်တို့ ထပ်ဆင့်တင်ပြထားတာကတော့ ဒီလိုမျိုးလုပ်ဖို့ဆိုရင် နိုင်ငံတော်ကချမှတ်ထားတဲ့ ငြိမ်း ချမ်းရေးလုပ်ငန်းစဉ်သုံးခုဟာ တတိယအဆင့် နေပြည် တော်မှာ အဲဒီလိုမျိုးလုပ်မယ်ဆိုပြီး ပြောထားတာရှိတယ်။ စဉ်းစားပုံချင်း၊ Idea ချင်းက အတူတူပဲ။ ကျွန်တော်တို့ ဖြစ်စေချင်တာက အဲဒီဟာကို လုပ်မယ့်အချိန်က  ခုနစ် ရက် ဆယ်ရက်လုပ်မယ်ဆိုတဲ့အချိန်မှာ ပြဿနာပေါင်းစုံ အဖြေရှာရမယ့်ကိစ္စကျတော့ သိပ်လွယ်နိုင်မယ်မထင် ဘူး။ ကျွန်တော်တို့သွားချင်တာက အဲဒီလိုကိုဦးတည်တဲ့ သက်ဆိုင်ရာအကြောင်းအရာတွေအလိုက် ဆွေးနွေးပွဲ ဖြစ် စဉ်လေးတွေကိုလုပ်ချင်တယ်လို့ ကျွန်တော်တင်ပြထားပါ တယ်။ ဥပမာ ကျွန်တော်တို့ တိုင်းရင်းသားတန်းတူရေးနဲ့ ကိုယ်တိုင် ပြဌာန်းခွင့်ပြောမယ်ဆိုရင်တော့ ဗဟိုနဲ့ ပြည် နယ်အာဏာခွဲဝေမှုပေါ့။ အဲဒီလိုမျိုးဆိုလို့ရှိရင်လည်း ဟိုကျမှပြောတာမျိုးလေးတွေ ကျွန်တော်တို့ အခုကတည်း က ဒီအထဲမှာပါရမယ့် အဖွဲ့အစည်းတွေနဲ့ ကိုယ်စားလှယ် တွေ အခုထဲက စပါပြီး ဆွေးနွေးတာ။ လုံခြုံရေးကဏ္ဍ ပြောင်းလဲတာဆိုရင်လည်း အစိုးရကဖြစ်စေချင်တာက တပ်ကြီးတစ်တပ်တည်းဖြစ်စေချင်တယ်။ တိုင်းရင်းသား တွေကလည်း နိုင်ငံရေးယုံကြည်ချက်မရမချင်း လက် နက်တွေ စွန့်နိုင်မှာမဟုတ်သေးဘူး။ အဲဒီကာလမှာ နိုင်ငံ ရေးအရ တိုးတက်မှုရှိမယ့်ဟာက ဘာလဲ။ ခုနကပြောသ လို တပ်မတော်တစ်ရပ်တည်း ပေါင်းစည်းရေးဆိုတာက ဘာလဲဆိုတာကို ဟိုကျမှ ငြင်းခုံနေတာထက် ဆွေးနွေးအ ဖြေရှာထားပေါ့။ နောက်ပြီး ကျွန်တော်တို့ ပညာရေး၊ ကျန်းမာရေးဆိုင်ရာကိစ္စတွေ၊ စီးပွားရေးအခြေခံအဆောက် အအုံ၊  ဘာသာရေးအခြေခံအဆောက်အအုံကိစ္စတွေ၊ နောက်ဒုက္ခသည် တွေပြန်ဖို့ကိစ္စတွေ၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေ၊ နောက်ပြီး နိုင်ငံရေးစနစ် အစရှိသဖြင့်ပေါ့။ အဲဒီလိုဟာမျိုးတွေကို ဟိုကျမှဝုန်းဒိုင်းဆိုပြီး ဆွေးနွေးတာ မျိုးက ဘာဖြစ်တတ်လဲဆိုတော့ ကိုယ့်ရဲ့ယူဆချက်ကို ကိုင်လာပြီး လူတွေအများကြီးနဲ့ဆွေးနွေးတဲ့အခါမှာ အဲဒီ ဖြစ်စဉ်တစ်ခါတည်း အဆင်မချောနိုင်ဘူး။ ကျွန်တော်တို့ ကလည်း ဒီအခွင့်အရေးက တစ်ခါတည်းရမယ့်သဘောရှိ တယ်။ အဲဒါလေးကိုပဲ အခုတည်းကနေပြီး ဆွေးနွေးပွဲ ဖြစ်စဉ် အစည်းအဝေးဖြစ်စဉ်အနေနဲ့ လုပ်ထားမယ်ဆိုရင် ပိုကောင်းပါတယ်ဆိုတဲ့ စဉ်းစားချက်လေးကို ကျွန်တော် တို့ကပြောထားတာရှိတယ်။ အဲဒီလိုလေးလုပ်နိုင်မယ်ဆို ရင် ဘာအကျိုးကျေးဇူးရှိနိုင်မလဲဆိုတော့ ကျွန်တော်တို့ တွေ အချင်းချင်းကြားမှာ ယုံကြည်မှုတွေတည်ဆောက် ဖို့ဖြစ်စဉ်ပိုများလာမယ်။ ပြောခွင့်တွေပိုရလာမယ်။ လွတ် လွတ်လပ်လပ်ပေါ့ပေါ့ပါးပါးဆွေးနွေးရမယ်။ နောက် တစ်ခုက ဒီနေရာမှာ ကျွန်တော်မြင်တာက အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ကျွမ်းကျင်တဲ့အတတ်ပညာရှင်တွေ ပါ သင့်တယ်လို့ထင်တယ်။ ဆိုလိုတာက ကျွန်တော်တို့အား လုံးက နိုင်ငံရေးလုပ်တယ်ဆိုပေမယ့် ကိစ္စအားလုံးကို  အကုန်လုံးသိနေကြတာမဟုတ်ဘူး။ နောက်ပြီး တိုက်ပွဲ ကာလ၊ တစ်ဖက်နဲ့တစ်ဖက်ဆိုတဲ့ ကာလထဲကနေပြီး အပြောင်းအလဲကိုသွားရမယ်ဆိုရင် ဒီဟာနဲ့ပတ်သက်တဲ့ အခြေအနေတွေ၊ အတတ်ပညာတွေ၊ နည်းလမ်းတွေကို ကျွန်တော်တို့ကြားထဲမှာ တစ်ခါတည်းတည် ဆောက်လို့ သွားတဲ့သဘောမျိုးပေါ့။ ကျွန်တော်တို့အသွင်ကူးပြောင်း ရေးဖြစ်စဉ်မှာ နီးနီးစပ်စပ်ရှိနေတဲ့ အင်ဒိုနီးရှားကိစ္စတို့၊ ကျန်တဲ့အရှေ့ဥရောပကိစ္စ၊ အသွင်ကူးပြောင်း ဗီယက်နမ် ကိစ္စအစရှိသဖြင့် အဲဒါတွေကိုကြည့်ခြင်းအားဖြင့် သူတို့ တွေ ကောင်းတယ်လို့ထင်တဲ့ဟာတွေ၊ သူတို့မှားခဲ့တဲ့အ တွေ့အကြုံရှိခဲ့ရင် ကျွန်တော်တို့က အခွင့်ကောင်းယူပြီး ကျွန်တော်တို့အတွက် ကောင်းအောင်လုပ်ရမယ့်ဟာမျိုး လည်းရှိတာပေါ့။ အဲဒါမျိုးတွေလည်း ကျွန်တော်တို့စဉ်း စားကြတာပေါ့။ ဒါကတော့ ကျွန်တော်တို့ အဓိက ပင်မ စဉ်းစားချက်တစ်ခုပါ။ နောက်တစ်ခုက ကျွန်တော်တို့ ဒီမှာ လာလုပ်မှာကတော့ ကျွန်တော်တို့အနေနဲ့ပြောရင် တစ်သီးပုဂ္ဂလဖိတ်လို့  တစ်သီးပုဂ္ဂလလာတဲ့သဘော ပေါ့။ နောက်နောင်ဆိုလို့ရှိရင်တော့ နယ်စပ်အခြေပြုတဲ့ ဒီမိုကရေစီအင်အားစုတွေအနေနဲ့ ကိုယ်စားပြုပြီးလာ တာကောင်းတယ်။ စုပေါင်းညီညွတ်တဲ့ အသံခေါ်လာ တာကောင်းတယ်။ ဒီလိုဟာမျိုးတွေ ခွင့်ပြုပြီးတော့ လက် တွဲလုပ်ဆောင်ခွင့်ပေးတယ်ပေါ့။ ဒီလိုအနေအထားမျိုး ကို ကျွန်တော်တို့က ဖြစ်ပိုင်ခွင့် ရှိ မရှိ တိုင်ပင်ဖို့ပေါ့။ တတိယတစ်ခုကတော့ တကယ်လို့များ အခြေအနေအ ကြောင်းကြောင်းကခွင့်ပြုလို့ ကျွန်တော်တို့ပြန်လာလို့ရ မယ်ဆိုရင်လည်း ပြန်လာလို့ရမယ့်အချိန်မှာ ကျွန်တော် တို့အခန်းကဏ္ဍနဲ့ ကျွန်တော်တို့လုပ်ဆောင်နိုင်တာတွေ ဘာရှိလဲဆိုတာကို လေ့လာနိုင်ဖို့ပေါ့။ နောက်စတုတ္ထ တစ်ခုက ကျွန်တော်တို့တင်ပြဖို့ရှိတာကတော့ ပြည်ပ ရောက်မြန်မာတွေ ပြန်လာဖို့အတွက် သမ္မတဦးသိန်းစိန် လုပ်မယ့်အထဲမှာ အထူးသဖြင့် နိုင်ငံရေး ကဏ္ဍပိုင်းက ပေါ့၊ ပြန်လာပြီး လုပ်နိုင်ဖို့အတွက်ကို သိသာထင်ရှားတဲ့ ပေါ်လစီကြေညာချက်ထုတ်ပြန်မှုတွေ၊ နောက်ပြီးတော့ သိသာထင်ရှားတဲ့လုပ်ထုံးလုပ်နည်းကိစ္စတွေကို ရှင်းရှင်း လင်းလင်းဖြစ်အောင်လုပ်ပေးရင်ပိုကောင်းတယ်။ အဲဒါမှ သူတို့တွေက လုံခြုံစိတ်ချစွာနဲ့ နိုင်ငံရေးအတိုင်းပဲလာပြီး လုပ်ဆောင်ပေးမယ့် အနေအထားပဲဖြစ်တယ်။ အခုဟာ ကျွန်တော်တို့ ဘယ်နေရာကိုစာရေးရမှန်းမသိ၊ ဘယ်သူ က Black List  ထဲမှာပါမှန်း မသိမပါမှန်းမသိ၊ ကျွန်တော် တို့က တိုင်းရုံးကိုပြောရမှာလား၊ ရဲစခန်းကိုပြောရမှာ လား၊ ထွေအုပ်ပြောရမှာလား၊ ထောက်လှမ်းရေးပြောရ မှာလား အစရှိသဖြင့်ပေါ့။ အဲဒီလိုမျိုး တိတိကျကျရှင်း ရှင်းလင်းလင်းရှိထားမယ်ဆိုရင် ဘယ်လိုလူက၊ ဘယ် အုပ်စုထဲမှာ ပါတဲ့လူက ဘယ်လိုလုပ်ပြီး ဘယ်လိုအုပ်စု ထဲမှာပါတဲ့လူက ဘယ်လိုလုပ်ရမလဲဆိုတာ ရှင်းရှင်း လင်းလင်းရှိမှာပေါ့။ အဲဒါလေးတွေလည်း သိချင်တာ၊ မေးချင်တာလည်းပါတာပေါ့။

ဒေါက်တာတို့ မြန်မာပြည်ကိုမလာခင် သတင်းတစ်ခု ကြားလိုက်တယ်။ ကိုထွန်းအောင်ကျော်တို့ ကိုမိုးသီးဇွန်တို့နဲ့ ဒီကိုမဝင်ခင် တွေ့ဆုံမှုတွေရှိခဲ့တယ်လို့ကြားတယ်။ ဘယ် လိုတွေ့ဆုံမှုလဲ။ ဘာတွေပြောခဲ့ကြလဲ။
          ကျွန်တော်တို့ ဒီခရီးစဉ်ကိစ္စကတော့ စီစဉ်ပေးခဲ့တဲ့ လူတွေက ပြည်ပရောက်နေတဲ့ ရှစ်လေးလုံးနဲ့ပတ်သက်တဲ့ လူတွေနဲ့ အစိုးရတာဝန်ရှိသူတွေတွေ့မယ်ဆိုတဲ့ ပုံစံမျိုးနဲ့ စီစဉ်တာပေါ့။ ဒါပေမယ့် ဖိတ်တဲ့အခါကျတော့ သူတို့ စိတ်ထဲမှာ ဒီလူတွေပါသင့်တယ်ဆိုပြီး ဒီလိုမျိုးရွေးချယ် ပြီးဖိတ်တာကိုး။ အပြင်မှာရှိနေတဲ့အင်အားစုတွေအားလုံး ကို ခင်ဗျားတို့တိုင်ပင်လိုက်ပေါ့။ တိုင်ပင်ပြီးတော့မှ ခင် ဗျားတို့ကိုယ် စားလှယ်လွှတ်ပါဆိုတဲ့ ပုံစုံမျိုးနဲ့ ပြောတာ မဟုတ်ဘူး။ ကိုနိုင်အောင်လာပါ။ ကိုအောင်မိုးဇော်လာ ပါပေါ့။ ကိုမောင်မောင်ကိုလည်းဖိတ်ပါတယ်ပေါ့။ ကိုမိုးသီးဇွန်တို့လည်း အရင်တင်ပြထားတာတွေရှိတော့ ကျွန်တော်တို့က တစ်ခုခုကိုကိုယ်စားပြုပြီး၊ တိုင်ပင်ပြီး လာကြတာမဟုတ်တဲ့အတွက် ကျွန်တော်တို့လုပ်နိုင်တာ က နယ်စပ်မှာရှိတဲ့ လူဆို တတ်နိုင်သမျှ ညှိတာပေါ့။ ကိုမိုးသီးတို့အနေနဲ့လည်း တတ်နိုင်သမျှညှိတဲ့သဘော ပါပဲ။ ကျွန်တော်တို့အနေနဲ့ ဒါတွေတင်ပြထားတာရှိ တယ်။ တစ်ယောက်နဲ့တစ်ယောက် တင်ပြတာတူနေရင် လည်း အချိန်အလဟဿမဖြစ်သွားအောင်ပေါ့။ တစ် ကယ်လို့များ တစ်ယောက်နဲ့တစ်ယောက်တင်ပြတာ မတူ ရင်လည်း အကြောင်းစုံကြားသွားရတာပေါ့။ ဒီလို ပုံစံမျိုး ကျွန်တော်တို့ ညှိရတာပေါ့။

ခုနက ပြောသွားတာ ငြိမ်းချမ်းရေးအတွက် လုပ်နေကြ တယ်ပေါ့နော်။ ဥပမာ ကချင်ကိစ္စလိုဟာမျိုးပေါ့။ အစိုး ရနဲ့ စီစဉ်ညှိနှိုင်းနေကြတာကို ဘယ်လိုမြင်လဲ။ ဘာတွေ လိုအပ်တယ်လို့ထင်လဲ။ ပြီးတော့ အဲဒီငြိမ်းချမ်းရေးတည် ဆောက်မှုအပေါ်မှာ ဒေါက်တာတို့ ဘာတွေဆောင်ရွက် လို့ရမလဲ။
          အဓိကကတော့ တိုင်းရင်းသားတွေနဲ့ပတ်သက်လို့ ပြည် တွင်းစစ်က နှစ် ၆ဝ ကျော်ကြာပြီလေ။ အားလုံးသိကြ တဲ့အတိုင်း နာတာရှည်ပြဿနာပေါ့။ ၈၈ ဖြစ်တဲ့အခါ ကျတော့ ကျွန်တော်တို့ တောထဲကိုရောက်သွားတဲ့အခါ တိုင်းရင်းသားတွေဘဝနဲ့ သူတို့တောင်းဆိုမှုကို ဘာလဲဆို တာ ပိုနားလည်လာသလို၊ တိုင်းရင်းသားတွေဘက်ကို လည်း ဗမာဆိုတဲ့လူမျိုးတွေဟာ မဟာဆိုတဲ့စိတ်မျိုး မရှိပါဘူးဆိုတာလည်း ကျွန်တော်တို့ ရှင်းပြခွင့်ကြုံတာ ပေါ့။ ၂၄ နှစ် အတွင်းမှာ ကျွန်တော်တို့လုပ်နိုင်တဲ့ အ မြတ်အစွန်းတစ်ခုက အဲဒါပေါ့။ ကျွန်တော်ပြောချင်တာ တစ်ခုက တိုင်းရင်းသားတွေဘက်က အမြဲတမ်းလိုပြော နေတာကတော့ ပြီးခဲ့တဲ့ပင်လုံစာချုပ်မှာ သဘောတူထား တဲ့ သဘောတူညီချက်ကို အခုထိမခံစားရသေးဘူးဆို တဲ့ အချက်ပါပဲ။ နဂိုတုန်းက ကိုယ့်နိုင်ငံလေးတွေနဲ့ နေခဲ့ကြတဲ့ နိုင်ငံတွေအားလုံးဟာ ကိုလိုနီလက်အောက် ရောက်မှ မြန်မာပြည်မြေပုံကြီးဖြစ်သွားတာကိုး။ အား လုံးမှာ မူလပိုင်ရှင်ဆိုတဲ့စိတ်ကရှိကြတယ်။ ပင်လုံစာချုပ် အောက်မှာ ဆယ်နှစ်လောက်နေပြီး ဆုံးဖြတ်တာကျတော့ လုပ်လို့မရတော့ ဗမာပြည်ထဲမှာ မူလပိုင်ဆိုင်မှုဆိုတဲ့ဟာ ပျောက်သွားတယ်။ ဗမာအများစုအုပ်ချုပ်တဲ့ စနစ်ထဲမှာ ရောက်နေတယ်။ သူတို့ရဲ့တိုင်းပြည် ပြန်ရခွင့်ပျောက် ဆုံးနေတယ်။ ဒါကြောင့်မို့လည်း သူတို့က လက်နက်ကိုင် တိုက်ပွဲဝင်နေတာဖြစ်တယ်။ ဒါပေမယ့် တစ်ပြိုင်နက်ထဲ မှာ သူတို့က တွေ့ဆုံဆွေးနွေးဖို့ကိစ္စကို အကြိမ်ကြိမ်ကြိုး စားပါတယ်။ ပြီးခဲ့တဲ့ ၉ဝ၊ ၉၁ လောက်ကတည်းက အပစ်အခတ်ရပ်စဲရေးဆိုတာ တိုင်းရင်းသားတွေအားလုံး ဘက်ကလည်း နိုင်ငံရေးအဖြေရှာတဲ့ ဆွေးနွေးမှုမျိုးရမယ် လို့မျှော်လင့်ပြီး လုပ်ခဲ့ကြတာ။ တချို့ဆိုရင်လည်း မျှော် လင့်ချက်ကြီးမားစွာနဲ့ အမျိုးသားညီလာခံကို တက်ခဲ့ ကြတာ။ အဲဒီထဲမှာ KIO လည်းပါတာပေါ့။ KIO ဆို ရင် အဲဒီထဲမှာ၊ အပစ်အခတ်ရပ်စဲရေးထဲမှာ အရှည်ကြာဆုံး လို့ပြောရမှာပေါ့။ အခုလို အခြေအနေမျိုးမှာ ၂ဝ၁ဝ ရွေးကောက်ပွဲပြီးတော့ နယ်ခြားစောင့်တပ် လုပ်ဆိုတော့ နယ်ခြားစောင့်တပ်တွဲမလုပ်ချင်ကြတဲ့ လက်နက်ကိုင်အင် အားကြီးအများစုက ၂ဝ၁ဝ ကို ဆန့်ကျင်ကြတယ်။ ဆန့် ကျင်ကြတဲ့အခါကျတော့ တိုက်ပွဲဖြစ်ကြတယ်။ အတိုပြော ရရင်တော့ အဲဒီလို တိုက်ပွဲဖြစ်ကြတဲ့ အချိန်မှာပဲ နောက် တက်လာတဲ့အစိုးရက ပြန်ပြီးဒီကိစ္စကို ဆွေးနွေးဖို့ရှိလာ တယ်။ ဒါပေမယ့် အရင်အစိုးရနဲ့ မတူတာကတော့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲလုပ်မယ်ဆိုတဲ့ အာမခံချက်ပါ တယ်။ နောက်ပြီးတော့ အတင်းအကျပ်လက်နက်ကိုင် နယ်စောင့်တပ်လုပ်ဖို့ကိစ္စကို အတင်းအကျပ်မတောင်းဆို တာတွေလည်းရှိလာတယ်။ ဒါပေမယ့် တိုင်းရင်းသား တော်တော်များများ KIO ကလွဲပြီး ဒီဖြစ်စဉ်မှာ ဝင်ဆွေး နွေးကြတယ်။ ဒါပေမယ့် KIO ဘက်ကို နားလည်သ လောက်ပေါ့။ KIO ကိုယ်စားပြောဆိုခွင့်မရှိပါဘူး။ KIO ဘက်ကို နားလည်သလောက်ကတော့ သူတို့အမြင်မှာ သူတို့အရင်ကလုပ်ထားတဲ့ အပစ်အခတ်ရပ်စဲရေးက ဘာ လို့ပျက်သွားတာလဲ။ အခုထိရှိနေသေးသလားပေါ့။ သူ တို့အနေနဲ့ပြောရရင် အပစ်အခတ်ရပ်စဲရေးရှိနေပြီလားပေါ့။ နိုင်ငံရေးဆွေးနွေးမှုကို အရင်လုပ်ချင်တယ်။ အဲဒီအပေါ်မှာ အရင်သဘောတူ ထားတဲ့နေရာအတိုင်း အစိုးရတပ်တွေက ဆုတ်ပေး။ ဒါဆိုရင် အရင်အပစ်အခတ်ရပ်စဲရေးကတည် တယ်ပေါ့။ အပစ်အခတ်တွေရပ်ထားပြီးတဲ့အခါကျမှ နိုင်ငံ ရေးကို ဆွေးနွေးချင်တယ်။ အစိုးရသစ်ကလည်း အပစ် အခတ်ရပ်စဲရေးကို အရင်ပြန်ဆွေးနွေးဦး။ နိုင်ငံရေးကို နောက်မှ ဆွေးနွေးမယ်ပေါ့။ ကျန်တဲ့လူတွေလိုပေါ့။ ပြော ချင်တာက တစ်ဖက်နဲ့တစ်ဖက် အခြေအနေကို နားလည် တဲ့ပုံစံမတူဘူး။ အဲဒီတော့ ကျွန်တော်တို့ ပြောချင်တာက လည်း တိုင်းရင်းသားတွေနဲ့ပတ်သက်ရင် သူတို့ရဲ့မူလ ခံစားချက်ကိုနားမလည်ဘဲနဲ့ စဉ်းစားကြည့်တဲ့အခါ သူ ဘက်ကိုယ့်ဘက်အသာရရေး စဉ်းစားခြင်းနဲ့ စဉ်းစားနေ မယ်ဆိုရင် အဖြေမရနိုင်ဘူးလို့ထင်တယ်။ ကျွန်တော်တို့အ နေနဲ့ အစိုးရကို တွေ့ဆုံတဲ့အခါ အခွင့်ရတိုင်း တင်ပြပါ တယ်။ ယေဘုယျအားဖြင့် နိုင်ငံရေးကြွေးကြော်သံက တော့ အပစ်အခတ်ရပ်စဲရေးပေါ့ဗျ။ ဒါပေမယ့် လက်တွေ့ အစိုးရဘက်က သဘောထားကြီးတယ်။ သူတို့ ခံစားချက် ကိုလည်း နားလည်နိုင်မယ်ဆိုရင်၊ သူ့စစ်တပ်တွေ ဟိုဘက် မသွားရဘူးဆိုရင် ဟိုဘက်ကတပ်တွေလည်း လိုက်မတိုက် ရဘူးလို့ ကျွန်တော်တို့ ရိုးရိုးသားသားယုံကြည်ပါတယ်။ ဒါဆိုရင် အလိုလိုအပစ်အခတ်ရပ်စဲရေး အလိုလိုဖြစ်တာ ပေါ့။ အဲဒီအပေါ်မှာ နိုင်ငံရေးအရ ဆွေးနွေးမှုလုပ်လို့ရ တာပဲ။ ဒီလို ထိပ်တိုက်တွေ့ဆုံမှုဖြစ်နေတဲ့အခြေအနေကို နှစ်ဖက်စလုံးက တစ်နည်းနည်းနဲ့ရှောင်လိုက်ဖို့ လိုမယ် ထင်တယ်။ ကျွန်တော် နောက်ပိုင်းမှာ အများသူငါ သိသ လိုပဲ။ KIO ဘက်က တရုတ်ပြည်မှာ ဆွေးနွေးချင်တယ်။ ဒီဖက်ကလည်း မြန်မာပြည်မှာဆွေးနွေးမှဖြစ်မယ် ပုံစံမျိုး ဖြစ်နေတယ်။ နေရာကိစ္စအပေါ်မှာပဲ အငြင်းပွားနေသလို ဖြစ်နေတာပေါ့။ ယေဘုယျကြည့်မယ်ဆိုရင် ဆွေးနွေးမယ့် ဟာပဲ ဘယ်နေရာပဲ ဆွေးနွေးဆွေးနွေးပေါ့။ ဒါယေဘုယျ စဉ်းစားလို့ရတယ်။ အခုဟာက နေရာကိစ္စမဟုတ်ဘဲ ယုံ ကြည်မှုကိစ္စပေါ့။

ဒေါက်တာ့အနေနဲ့ရော ဘယ်နေရာမှာ ဆွေးနွေးသင့် တယ်လို့မြင်လဲ။
          ကျွန်တော့်အမြင်ကတော့ KIO ဌာနချုပ်မှာရှိတဲ့ နေရာမှာပဲဆွေးနွေးပေါ့။ မြန်မာပြည်မှာလည်းဖြစ်တယ်။ နှစ်ဖက်စလုံးအနေနဲ့လည်း သက်တောင့်သက်သာရှိတဲ့ နေ ရာဖြစ်တယ်လို့ထင်တယ်။ အဲဒီတော့ တစ်ဖက်နဲ့တစ်ဖက် လည်း ဒီအချိန် လုပ်ကြံရမယ့်အခြေအနေ မရှိဘူးလို့ ထင်တယ်။

နောက်တစ်ခု အစိုးရသစ်တက်လာပြီးတဲ့နောက် ရခိုင် အရေးကိစ္စမှာ တခြားလေ့လာသူတွေနဲ့ အမေရိကန်နိုင်ငံက တောင် လူ့အခွင့်အရေးချိုးဖောက်တာ မရှိဘူးလို့ပြော တယ်။ သို့သော်လည်း ပြည်ပရောက်တချို့အဖွဲ့အစည်း တွေက ဒီဟာကို လူ့အခွင့်အရေးကိစ္စဆိုပြီး နိုင်ငံတကာ ကနေ ဒေါ်လာတွေအလှူခံတဲ့ ကိစ္စတွေရှိတယ်လို့ကြား တယ်။ ပြီးတော့ ဘာသာရေးအသွင်ဖြစ်အောင် ဖန်တီးနေ တယ်လို့လည်း ကြားတာရှိတယ်။ နောက်တစ်ချက်က အလှူခံထားတဲ့အဖွဲ့ကနေ ဒီကိစ္စကို မြန်မာပြည်က လူ့အ ခွင့်အရေးချိုးဖောက်နေတာလို့လည်း စွပ်စွဲထားတာရှိတယ် လို့ သုံးသပ်သူတချို့လည်း သုံးသပ်တယ်။ အဲဒါ ဘယ်အ ဖွဲ့အစည်းကလုပ်နေတာလဲ။ ဒေါက်တာတို့အနေနဲ့ သိပါသ လား။ ဒေါက်တာတို့အနေနဲ့ ဒီဖြစ်စဉ်အပေါ်မှာ ဘယ်လို ရှုမြင်သုံးသပ်သလဲ။ ရခိုင်ပြည်နယ် ရခိုင်လူမျိုးတွေကို ဒေါက်တာ ဘာပြောချင်လဲ။
          ပထမတစ်ခုကတော့ ခုနပြောတဲ့ ပြည်ပရောက်နေ တဲ့အဖွဲ့အစည်းတွေ ဒီလိုလုပ်နေတယ်ဆိုတာ ဘယ်သူ စွပ်စွဲမှန်းမသိဘူး။ ဘယ်သူ့ကိုစွပ်စွဲမှန်းလည်းမသိတော့ ဘယ်သူလုပ်နေတာ ကျွန်တော်တို့မသိဘူး။

အာရပ်လိုနိုင်ငံမျိုးကနေ အလှူရှင်တွေဆီက အလှူခံ တယ်လို့ကြားပါတယ်။ အဓိကကတော့ ရိုဟင်ဂျာအရေး လို့ကြားပါတယ်။ ဒေါက်တာတို့အနေနဲ့ ဘယ်လိုသုံးသပ် သလဲ။ ဒီလိုအလှူခံပြီး ဒီလိုလုပ်နေတာကိုရော ဒေါက် တာတို့ ဘယ်လိုရှုမြင်သလဲ။
          ကျွန်တော်က ဒီနေရာမှာ သတင်းမီဒီယာတွေကို သတိထားစေချင်တာရှိတယ်။ ကျွန်တော်တစ်ယောက် တည်းကပဲပေါ့နော်၊ အဲဒီလို အဖွဲ့အစည်းတွေ ရိုဟင်ဂျာ ကိစ္စအတွက် ဒီလိုလုပ်တာ မကြားလည်း မကြားမိသလို မတွေ့လည်းမတွေ့ဖူးပါဘူး။ မတွေ့ဖူးတဲ့အခါကျတော့ ကျွန်တော့်အနေနဲ့ မစွပ်စွဲဘူးပေါ့။ သေသေချာချာမှ မသိ တာကိုး။ ကျွန်တော်တစ်ခုပြောလို့ရတာက နိုင်ငံတကာ မှာရောက်နေတဲ့ ကျွန်တော်တို့အဖွဲ့အစည်းတွေနဲ့ လူ့အခွင့် အရေးလုပ်တဲ့ အဖွဲ့အစည်းတွေနဲ့ ကျွန်တော်တို့ မြန်မာပြည် မှာဖွဲ့စည်းတဲ့ အဖွဲ့အစည်းတွေရဲ့ ချဉ်းကပ်တဲ့ပုံစံချင်းက မတူဘူးလို့ ကျွန်တော် တိတိကျကျပြောနိုင်ပါတယ်။ တစ်ခု ဘာပြောချင်လဲဆိုတော့ ရခိုင်မှာ စဖြစ်သွားတဲ့ကိစ္စပေါ့။ ဒါက ကျွန်တော်တို့နားလည်တာက လုပ်တဲ့သူက ဘယ် ဘာသာဖြစ်ဖြစ်၊ ဒီဟာက ရာဇဝတ်မှုကိစ္စပေါ့။ ဒီရာဇဝတ် မှုကိစ္စကို ရာဇဝတ်မှုလိုဖြေရှင်းပေါ့။ အဲဒီကိစ္စက အခု လောက်ထိဖြစ်လာတယ်ဆိုတာ လတ်တလောအကြောင်း ရင်းလို့မထင်ဘူး။ ဘာလို့လဲဆိုတော့ နောက်ခံအကြောင်း ရင်းကိစ္စတွေရှိနေလို့ ဒီအပေါ်မှာပေါက်ကွဲတာပေါ့။ ကျွန် တော်တို့ကြည့်ရမှာက ဒီလိုဖြစ်သွားတယ်ဆိုရင် ဒီလိုဖြစ် နေတဲ့၊ တစ်ယောက်နဲ့တစ်ယောက်တင်းမာနေတဲ့၊ တစ် ယောက်နဲ့တစ်ယောက် ဒီပြဿနာအပေါ်မှာ ခံယူချက် ချင်းမတူတဲ့ ပြဿနာတွေကတော့ရှိနေပြီလို့ ကျွန်တော်တို့ မြင်လို့ရပြီလေ။ အဲဒီပြဿနာကလည်း ကျွန်တော်တို့က မသိချင်ယောင် ဆောင်နေလို့ မရဘူး။ ကြာလှပြီရှိနေတာ။ အဲဒီကိစ္စမျိုးဖြစ်လာတဲ့အခါမှာ အဓိကရုဏ်းတွေဖြစ်လာ တယ်။ ပြောချင်တာ ကျွန်တော်တို့ကိုယ်တိုင် ပြင်ပက လူတွေဖြစ်တဲ့အခါကျတော့ ကျွန်တော်တို့ ဖန်တီးတာ လည်းမဟုတ်ဘူး။ သိသိသာသာ ထင်ထင်ရှားရှားဖြစ် တာက ရခိုင်လူမျိုးနဲ့ ဘင်္ဂါလီလူမျိုး၊ နောက် ရိုဟင်ဂျာ လို့ပြောတဲ့ လူမျိုးတွေ။ ဒီကြားထဲမှာဖြစ်တယ်။ ကျွန်တော် တို့ သတင်းစာထဲမှာ ဖတ်ရတဲ့ဟာက မြန်မာ့အလင်းထင် တယ်။ မောင်ဘယ်သူ သတ်လိုက်တယ်ဆိုတာ မဖော် ပြဘဲနဲ့ ဘယ်ဘာသာ ဘယ်လူမျိုးဆိုတော့ အဲဒီမှာတင်ပဲ လူနှစ်ယောက် သုံးယောက်ဆိုတာမျိုးမဟုတ်ဘဲနဲ့ လူ မျိုးဘာသာကိုပါ ခွဲပြောလိုက်တာ။ ပြောချင်တာကတော့ ကျွန်တော်တို့ဖန်တီးတဲ့ ကျွန်တော်တို့ လူ့အခွင့်အရေး ရှု ထောင့်ကကြည့်တဲ့အမြင်မှာ ဘာဖြစ်လို့ လူအချင်းချင်း ဖြစ်တဲ့ကိစ္စမှာ ဘာလို့ လူမျိုးနဲ့ဘာသာ ပါလာရတာလဲ ပြောချင်တာ။ ဒီတော့ လူမျိုးရေးနဲ့ ဘာသာရေး ပဋိပက္ခ ဖြစ်တယ်လို့ မြင်သွားလို့ရတယ်။ ဒါကလည်း ကျွန်တော် တို့အားလုံး သိနေကြတဲ့အထဲမှာ ပြည်တွင်းထဲက မီဒီယာ တွေတက်လာတဲ့ ဒီကိစ္စနဲ့ပတ်သက်လို့ ပြောဆိုနေတဲ့ ကိစ္စ တွေက အားလုံးက အမှန်က ဘာသာရေးနဲ့ လူမျိုးရေးကို ပိုပြီး အခြေခံတဲ့ပြဿနာဆန်တယ်။ ဒါကလည်း ကိုယ်ရှိ နေတဲ့ ဒီအခြေအနေဖြစ်လာခဲ့တဲ့ နောက်ခံသမိုင်းကြောင်း တွေမှာလည်း မူတည်တယ်လို့ ထင်တယ်။ အဲဒီတော့ အစောပိုင်းမှာ သက်ဆိုင်ရာ နိုင်ငံရေးခေါင်းဆောင်အသီး သီးတွေကလည်း ဒါဘာသာရေး အဓိကရုဏ်းမဟုတ် ဘူး။ ဘာသာရေးအဓိကရုဏ်းမဟုတ်ဘူးလို့ ပြောနေကြ ပေမယ့် လက်တွေ့မှာတော့ အဲဒီအခြေအနေပုံစံမျိုး အပြင် ဘက်မှာ မြင်နေတာတော့ အမှန်။ ဒါပေမဲ့ အပြင်ဘက်က တော့ အဲဒါကြီးကို အဲဒီလိုမျိုး ဖြစ်အောင်လုပ်တာလို့တော့ ကျွန်တော်နားမလည်ဘူး။ ဒီထဲမှာ ဖြစ်လာတဲ့ အခြေအနေ မျိုးကိုပဲ တုံ့ပြန်မှုတွေဖြစ်တယ်လို့ နားလည်ပါတယ်။ တစ် ဆက်တည်းမှာပဲ ကျွန်တော်တို့သဘောထားပြောမယ်ဆိုရင် ဒီအခွင့်အရေးရှုထောင့်နဲ့ နိုင်ငံရေးပြဿနာ နှစ်ပိုင်းခွဲစဉ်း စားသင့်တယ်လို့ထင်တယ်။ ကျွန်တော်တို့အနေနဲ့ ခံယူတာ ကတော့ လူရယ်လို့ဖြစ်လာတဲ့ လူသားတစ်ယောက်တိုင်း က အသက်ရှင်ရပ်တည်ခွင့်ရှိတယ်။ နိုင်ငံသားတစ်ခုဖြစ် ခွင့်ရှိတယ်။ နိုင်ငံတစ်ခုမှာ နေထိုင်ခွင့်ရှိတယ်ဆိုတာကို ကျွန်တော်တို့က စွဲစွဲမြဲမြဲယုံပါတယ်။ ကျွန်တော်တို့ မြန်မာ နိုင်ငံထဲမှာ လွန်ခဲ့တဲ့နှစ်သုံးရာလောက်က ရောက်ရောက်၊ နောက်မှပဲရောက်ရောက် ကျွန်တော်တို့နိုင်ငံထဲက လူဝင်မှု ကြီးကြပ်ရေးဖြစ်စဉ်ထဲက ဥပဒေအောက်ကနေ ကျွန်တော် တို့ နိုင်ငံသားဖြစ်စဉ်ထဲကို ရောက်လာတယ်ဆိုရင် အဲဒီလူ တွေက နိုင်ငံသားအခွင့်အရေး ခံစားသင့်တယ်လို့ ထင် တယ်။ တစ်ဆက်တည်းမှာပြောချင်တာက ဘာလဲဆိုတော့ နိုင်ငံရေးကိစ္စပေါ့။ နိုင်ငံသားအခွင့်အရေးရှိတာနဲ့ ဌာနေ တိုင်းရင်းသား အခွင့်အရေးက မတူဘူးလို့မြင်တယ်။ ပြော ချင်တာက ဘာလဲဆိုတော့ ဒီဘက်မှာ ကျွန်တော်တို့ နားလည်နေကြတဲ့ တိုင်းရင်းသားလို့ပြောတဲ့ဟာကို များ သောအားဖြင့် အလွယ်တကူ ဘာသာပြန်ကြတာ (Ethnic) လို့ဘာသာပြန်တယ်။ ဒါပေမဲ့ နိုင်ငံတကာမှာရှိတဲ့ (Ethnic)ဆိုတာက ဗမာပြည်မှာရှိတဲ့ တရုတ်ကလည်း (Ethnic)ပဲ။ မြန်မာပြည်မှာရှိတဲ့ တရုတ်ကလည်း (Ethnic) ပဲ။ ဒါပေမဲ့ ဗမာပြည်မှာတရုတ်လူမျိုးနဲ့ အိန္ဒိယလူ မျိုးက ဌာနေတိုင်းရင်းသားမဟုတ်ဘူး။ ဌာနေတိုင်းရင်း သားဆိုတာက ကျွန်တော်တို့ သိသာထင်ရှားအောင်ပြော တာ။ နိုင်ငံတကာမှာကသုံးတာကတော့ လူနည်းစု လူမျိုးစု (Ethnic Minority)လို့သုံးကြတာပေါ့။ (Ethnic Minority)ဖြစ်တဲ့အခါကျတော့ သူတို့ကို သီးခြားကာကွယ် ပြဋ္ဌာန်းတဲ့အနေနဲ့ သူတို့ရဲ့အခွင့်အရေးကို အထူးလုပ်ပေး ထားတာဆိုတော့ အများစုက အနိုင်မကျင့်နိုင်အောင် လုပ် ထားတဲ့ အခွင့်အရေးပေါ့။ ပြောချင်တာက ဘာလဲဆိုတော့ သူတို့မှာ တန်းတူရည်တူ အခွင့်အရေးပြဋ္ဌာန်းခွင့်ရှိတယ်။ ကျွန်တော်တို့ မြန်မာပြည်အတိုင်းအတာနဲ့ ပြောမယ်ဆိုရင် သူတို့က ပြည်နယ်တောင်းပိုင်ခွင့်ရှိတယ်။ ရခိုင်၊ ကချင်၊ မွန်၊ ရှမ်း၊ ကရင် ရှိသလိုပေါ့။ နဂိုထဲက ဘုရင်နိုင်ငံတွေ မြို့ပြနိုင်ငံတွေနဲ့ နေတဲ့လူတွေအားလုံးက မြန်မာနိုင်ငံ ပုဂံ နိုင်ငံအနေနဲ့ပေါ်တဲ့အခါမှာ ဒီပြည်ထောင်စုကြီး ပေါ်တဲ့ အခါမှာState ခေါ်တာပေါ့ဗျာ။ ပိုင်ဆိုင်ခွင့်ရှိတယ်ဆိုတဲ့ သဘောပေါ့။ အဲဒီမှာရှင်းရမှာက ဘာလဲဆိုတော့ အခု ရိုဟင်ဂျာလို့ပြောနေတဲ့ လူမျိုးတွေက ကျွန်တော်တို့ မြန် မာတွေ ရခိုင်တွေလို အဲဒီကာလထဲက အခြေစိုက်နေ ထိုင်ခဲ့ကြတာမျိုးဆိုရင် သမိုင်းကိစ္စ ကျွန်တော်နားမလည် ဘူး။ အဲဒီလိုမျိုးရှိတယ်ဆိုရင် သူတို့လည်း ပြည်နယ် တောင်းပိုင်ခွင့်ရှိတယ်။ တကယ်လို့များ အဲဒီအချိန်ထဲကနေ လာတာမဟုတ်ဘဲ အဆင့်ဆင့် (Immigration Law) အရ ကူးပြောင်းလာတဲ့လူတွေဆိုရင်တော့ နိုင်ငံသားအခွင့် အရေးရှိသင့်တယ်။ အခွင့်အရေးနဲ့ နိုင်ငံရေးပြဿနာခွဲဖို့ သင့်တယ်လို့ထင်တယ်။ ကျွန်တော်ပြောချင်တာက နောက် တစ်ချက် နိုင်ငံရေးနဲ့ပတ်သက်ပြီး စဉ်းစားရမှာက မူလ ပင်မနိုင်ငံရှိတဲ့ နိုင်ငံသားတွေက တခြားနိုင်ငံမှာ ပြည်နယ် ထပ်တောင်းခွင့်မရှိဘူး။ ဆိုလိုတာက ကနေဒါကိုရောက် သွားတဲ့ တရုတ်တွေက နှစ်သက်တမ်းရှည်ပေမယ့် တရုတ် တန်းကြီးကို ငါတို့ပြည်နယ်လို့ တောင်းလို့မရဘူး။ အဲဒါ ကလည်း နိုင်ငံရေးအရ စဉ်းစားသင့်တယ်လို့ထင်တယ်။ နိုင်ငံရေးကိစ္စတစ်ခုက ဘာလဲဆိုတော့ အဲဒီဒေသမှာရှိတဲ့ ရခိုင်နဲ့ ရိုဟင်ဂျာလူမျိုးတွေက နဂိုကတည်းကနေ လာ တယ်ပြောပြော နောက်မှကူးလာတယ်ပြောပြော၊ အဲဒီ တော့ ဒီရိုဟင်ဂျာလူမျိုး ဘင်္ဂါလီလူမျိုးတွေကို ဒီလိုမျိုး ရှိနေတဲ့ကိစ္စက ရေရှည်ပြဿနာထပ် ဖန်တီးနိုင်တဲ့ အနေအ ထားမျိုးဖြစ်နိုင်တယ်လို့ ကျွန်တော်တို့ထင်တယ်။ တကယ် လို့များ ရခိုင်လူမျိုးတွေကလည်း အမြဲတမ်းစိုးရိမ်နေ တယ်။ ဒီမှာရှိနေတဲ့ လူဦးရေ တအားတိုးလာမယ်ဆိုရင် ပြည်နယ်ကိစ္စနဲ့ လုံခြုံရေးကိစ္စတွေကို တဖြည်းဖြည်းနဲ့ သူတို့ ရခိုင်လူမျိုးတွေဟာ အခွင့်အရေးဆုံးရှုံးလာနိုင် မလားဆိုတဲ့ နိုင်ငံရေးစိုးရိမ်မှုတွေရှိနေတာ တွေ့ရတယ်။ အဲဒီဟာတွေကို ကျွန်တော်တို့လုပ်သင့်တာကတော့ ရိုဟင် ဂျာလူမျိုးတွေကို အခြားပြည်နယ်တွေမှာ နေထိုင်ခွင့်ပေး သင့်တယ်လို့ထင်တယ်။ အဲဒီလိုပေးခြင်းအားဖြင့် ဒီမှာရှိနေ တဲ့ လူဦးရေဟာ ပျံ့နှံ့သွားတဲ့အခါမှာ ရခိုင်လူမျိုးတွေရဲ့ နိုင်ငံရေးစိုးရိမ်မှုတွေလျော့သွားနိုင်တယ်။ နောက်တစ်ခုက နိုင်ငံသားမဟုတ်ဘဲ ရောက်လာတဲ့သူတွေပေါ့ဗျာ၊ သူတို့ လည်း လူသားပဲလေ။ သူတို့ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံကမှ လက်မခံဘူးဆိုရင် ပင်လယ်ထဲလည်း မောင်းချလို့မရ ဘူး။ လက်မခံဘူး။ အတင်းပြန်ဆိုရင် ဟိုဘက်ကလည်း လက်ခံမှာ မဟုတ်ဘူး။ လူတွေအားလုံးကို ဒုက္ခသည်အ ဖြစ်နဲ့ ကျွန်တော်တို့ကထားသင့်တယ်။ နိုင်ငံတကာရဲ့ အကူအညီနဲ့ ဒီကနေတစ်ဆင့် သက်ဆိုင်ရာ လက်ခံတဲ့ နိုင်ငံတစ်ခုခုမှာ အခြေပြုနေထိုင်ခွင့်ပေးသင့်တယ်။ ဘာလို့ လဲဆိုတော့ သူတို့မှာ အသက်ရှင်နေထိုင်သွားခွင့်ရှိဖို့လို တယ်။ နောက်တစ်ခုက နိုင်ငံတစ်ခုမှာ နေထိုင်နိုင်တဲ့ အခွင့်အရေးရှိတယ်။ အဲဒါကို သက်ဆိုင်ရာ နိုင်ငံတွေက လက်ခံတယ်ဆိုလို့ရှိရင် နိုင်ငံတကာရဲ့ အကူအညီနဲ့ဆိုရင် ဒီကိစ္စက ဖြေရှင်းလို့ရသွားမှာပါ။ ကျွန်တော်တို့နိုင်ငံက သဘောထားကြီးပြရမယ်။ ကျွန်တော်တို့မှာ အတွေ့အကြုံ မရှိတာလည်းပါတယ်။ ကျွန်တော်တို့နိုင်ငံက လူတွေ တောင်မှ သူများနိုင်ငံမှာ ဒုက္ခသည်အဖြစ်နဲ့ နေခဲ့ကြရ တာပဲ။ ကျွန်တော်တို့နိုင်ငံကလည်း လက်ခံသင့်တယ်။ နိုင်ငံရေးအရ ရိုဟင်ဂျာလို့ခေါ်တဲ့ ဘင်္ဂလားဒေ့ရှ်၊ ဒီဘင်္ဂါ လီလူမျိုးတွေက ရခိုင်ထဲမှာ များမှာက စိုးတာတစ်ကြောင်း၊ ထပ်ထည့်ပြီးတော့ ဘင်္ဂလားဒေ့ရှ်ရဲ့ လူဦးရေပေါက်ကွဲမှု ဖြစ်မှာက တစ်ကြောင်းပေါ့။ ကျွန်တော်တို့က ဒါကြောင့် နိုင်ငံရေးနဲ့ လူ့အခွင့်အရေး ခွဲပြီးတော့မှ အဖြေရှာသင့် တယ်လို့ ကျွန်တော်တို့ထင်တယ်။ နောက်နောင် အရှည် သဖြင့်ပေါ့ဗျာ။ ဟောင်းနေတဲ့ (Immigration Law) Mကီးကို ပြင်တာတစ်ပိုင်းပေါ့။ နောင်တစ်ချိန်မှာ ဘင်္ဂလားဒေ့ရှ် ကနေပြီးတော့ အိန္ဒိယတို့ တရုတ်တို့ကနေပြီးတော့ လူဦးရေ ပေါက်ကွဲမှုဖြစ်လာမယ့်ဒဏ်ကို ကျွန်တော်တို့ နိုင်ငံသေး သေးလေးက ဘယ်လိုခံမလဲဆိုတာကို ကျွန်တော်တို့နိုင်ငံ ရေးအရ စိုးရိမ်ပူပန်မှုတွေနဲ့ လူ့အခွင့်အရေးဆိုတဲ့ ရှုထောင့် က စဉ်းစားတာမျိုးတော့ ကျွန်တော်တို့က မဖြစ်သင့်ဘူး လို့ထင်တယ်။ ကျွန်တော်တို့က ပိုပြီးတော့ လူ့အခွင့်အရေး တိုက်ပွဲဝင်နေတဲ့လူတွေ။ ကျွန်တော်တို့က ပိုပြီး ယဉ်ကျေး သင့်တယ်။ လူ့အခွင့်အရေးနဲ့ ထိုက်တန်တယ်။ ဒီမိုကရေစီ နဲ့ထိုက်တန်တယ်ဆိုတဲ့ လူမျိုးတွေလည်းဖြစ်အောင် ကျွန် တော်တို့ကပြသင့်တယ်။ ကြိုးစားသင့်တယ်လို့ထင်တယ်။ အဲဒီလိုဟာကို ဝိုင်းပြီးတော့ အဖြေရှာနိုင်တယ်ဆိုတဲ့အခါ ကျရင် ရခိုင်လူမျိုးတွေရဲ့ စိုးရိမ်နေတဲ့ စိုးရိမ်ချက်တွေလည်း ပျောက်သွားနိုင်တယ်။ နောက်ပြီးတော့ ကျွန်တော်တို့ လူ သားချင်းစာနာထောက်ထားမှုအရ လူသားအခွင့်အရေး တွေပေးတဲ့ဟာကို ဖန်တီးနိုင်မယ်လို့ ထင်တယ်။ ဒါက ကျွန်တော့်အမြင်ပါ။

တစ်ခုရှိတာက နိုင်ငံသားဖြစ်ခွင့် နဲ့ ပတ်သက်ပြီးတော့ ၈၈ ခေါင်းဆောင်ကိုကိုကြီးက လည်း ရခိုင်အရေးဖြစ်သွားတုန်းက သုံးသပ်ချက်တစ်ခု ပြောဖူးတယ်။ တခြားအင်အားကြီး နိုင်ငံတွေကနေပြီး ဖိအားပေးပြီး ရိုဟင်ဂျာတွေကို နိုင်ငံသားအဖြစ်နဲ့ လက်ခံ ပေးဖို့ မတောင်းဆိုသင့်ဘူးလို့ သူ့အနေနဲ့တော့ ရှုမြင်သုံး သပ်တယ်။ နောက်တစ်ခုကတော့ ဒီမိုကရေစီနိုင်ငံလို့ စံပြုထားတဲ့ နိုင်ငံကြီးတချို့ကတောင် ခိုးဝင်လာတဲ့လူမျိုး တွေကို ချက်ချင်းအက်ရှင်ယူတာမျိုးတွေ တွေ့ရတယ်။ အချို့ဟာတွေဆို ကိုယ်တိုင်မနစ်မြို့တဲ့ တုံ့ပြန်မှုတွေ တွေ့ရ တယ်။ အဲဒီလို တုံ့ပြန်မှုတွေရှိတဲ့ နိုင်ငံတွေကျတော့ နိုင်ငံတ ကာက အာရုံမစိုက်ဘဲနဲ့ မြန်မာနိုင်ငံကျမှ ဘာလို့အာရုံစိုက် နေသလဲဆိုတာ ဘယ်လိုပြောချင်သလဲ။
          စီးပွားရေးဖွံ့ဖြိုးတဲ့ နိုင်ငံနဲ့ စီးပွားရေး မဖွံ့ဖြိုးတဲ့ နိုင်ငံကြားမှာ ဖုံးကွယ်ပြီး စီးပွားရေးလုပ်တယ်ဆိုတာ ရှိတာပဲလေ။ ဥပမာ အမေရိကန်နဲ့ မက္ကဆီကိုနိုင်ငံဆိုရင် တစ်ချိန်လုံးတွေ့နေရတာပဲ။ နောက် ကျွန်တော်တို့ မြန် မာပြည်ကလူတွေ ထိုင်းနိုင်ငံမှာ ငါးသန်းနီးပါးလောက် ရှိတယ်။ ဒါပေမဲ့ နယ်စပ်ဖြတ်ကျော် ခိုးဝင်လာတယ်ဆိုတဲ့ ကိစ္စက ဥပဒေကြောင်းအရရှင်းရင် ဖမ်းမိတယ်ဆိုပြန်ပို့ ပေါ့။ ဒါပေမဲ့ သူတို့ဒီမှာ ကျွန်တော်တို့ဆီမှာ သေချာဖို့က တော့ သူတို့က ဟိုဘက်နိုင်ငံသားဆိုတာရှိရမယ်။ ဒါပေမဲ့ ထူးဆန်းတာလား၊ တကယ်အခြေအနေဖြစ်တာလားတော့ မသိဘူး။ လွန်ခဲ့တဲ့နှစ်တုန်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ မှတ် ပုံတင်စနစ်မရှိဘူး။ အဲဒီအခါကျတော့ ဒါက လက်တွေ့ အမှန်လေ။ ဒါက ကျွန်တော်ရောက်ဖူးလို့ပြောတာ၊ ကျွန် တော်တို့ကတောင် နောက်ကျနေသေးတယ်။ ဘင်္ဂလား ဒေ့ရှ်နိုင်ငံမှာ မှတ်ပုံတင်ကိုင်ထားတယ်ဆိုရင် အဲဒီလူက အတု(ရယ်လျက်)လို့ဆိုပြီးတော့ အဲဒီလိုမျိုး ခိုးဝင်နေတဲ့ ကိစ္စတွေကို တားဆီးမယ်ဆိုရင် တချို့အဆိုပြုကြပေါ့။ ဒီနယ်စပ်လုံခြုံရေးပေါ့။ အဲဒီအစီအစဉ်သေချာလုပ်ပေါ့။ ဒီမှာ လုံခြုံရေးအစီအမံတွေ သေချာလုပ်ပေါ့။ ခြံစည်းရိုး ကာတာတို့ ဘာတို့သေချာလုပ်ပေါ့။ ဒါပေမယ့် နိုင်ငံတစ် ခုခုကို အခု ကျွန်တော်ပြောနေတာက နိုင်ငံသားဖြစ်ပြီးသား သို့မဟုတ် ဧည့်နိုင်ငံသားဖြစ်ပြီးသားဆိုတာက တစ်ပိုင်း ပေါ့။ ဒါပေမယ့် ကျွန်တော်တို့နိုင်ငံသားလည်းမဟုတ် ဘူးဆိုရင်တော့ စစ်ဆေးရမှာပေါ့။ ကျွန်တော်တို့နိုင်ငံ သားလည်းမဟုတ်၊ ခိုးဝင်တယ်ဆိုတဲ့ကိစ္စကတစ်ပိုင်း၊ အဲဒီ ခိုးဝင်တဲ့ဟာ လူတစ်ရာနှစ်ရာလောက်ဆိုရင်ရှင်း တယ်။ တစ်ရာနှစ်ရာဆိုရင်တော့ ဟိုဘက်နိုင်ငံနဲ့ပြောပြီး လုပ် လိုက်လို့ရတယ်။ ဒါပေမယ့် အခုဟာက ကျွန်တော်တို့ ဒုက္ခသည်လို့ပြောတဲ့အခါကျတော့ နိုင်ငံရေးဒုက္ခသည် ဆိုပြီးရှိတယ်။ ထိုင်းနယ်စပ်မှာရှိတဲ့ဟာဆိုရင် များသော အားဖြင့် နိုင်ငံရေးဒုက္ခသည်ပေါ့။

မြန်မာပြည်ကိုပြန်လာ လို့ရှိရင် အသက်အန္တရာယ်လုံခြုံဖို့အတွက် စိတ်ချယုံ ကြည်နိုင်ရတဲ့ အခက်အခဲရှိတယ်ဆိုတဲ့လူမျိုးတွေက အဲ ဒီနိုင်ငံကို ပြန်လာလို့မရတဲ့အခါကတော့ နိုင်ငံရေးဒုက္ခ သည်လို့ခေါ်တယ်။ စီးပွားရေးဒုက္ခသည်ဆိုတဲ့ ကိစ္စရှိ တယ်။ အခု ကျွန်တော်ပြောတဲ့ လူဦးရေပေါက်ကွဲနေတဲ့ ကိစ္စမျိုးဖြစ်လာနိုင်တယ်ဆိုတဲ့အခါကျတော့ နိုင်ငံရေး ဒုက္ခသည်လိုဟာမျိုးကိုတော့ တော်တော်များများနိုင်ငံ တွေမှာ လက်မှတ်ထိုးထားတဲ့အပေါ်မှာ ကန့်ကွက်ဖို့ ခက် တယ်။ စီးပွားရေးဒုက္ခကျတော့ နိုင်ငံတိုင်း ခေါင်းဝင် နေရတဲ့ ကိစ္စ၊ အဲဒီတော့ ကျွန်တော်ပြောချင်တာက အရေ အတွက်ပေါ်မူတည်တယ်။ စီးပွားရေးဒုက္ခသည် လူတစ် သန်းလောက်ရှိနေတယ်ဆိုပါစို့ဗျာ။ အဲဒါကျတော့ လူသား ချင်းစာနာမှုဆိုတဲ့ ကိစ္စပါလာတယ်။ အဲဒီကိစ္စကြီးကို ကျွန်တော်က ကျွန်တော့်အနေနဲ့ နိုင်ငံတကာကမင်းတို့ မြန်မာပြည်က အတင်းလက်ခံရမယ်ဆိုလည်း လက်ခံစရာ မလိုဘူး။ အဲဒီလိုလည်းပြောလို့မရဘူး။ အဲဒီဥစ္စာက အမှန် တကယ်ပဲ နိုင်ငံတကာက ခင်ဗျားတို့လာကြည့်ပြီး ဒီလူ တွေကို ခဏယာယီနေထိုင်ခွင့်ပေးထားမယ်။ ဒီလူတွေကို နိုင်ငံတစ်ခုကိုပို့ဖို့သင့်တယ်။ ဘင်္ဂလားဒေ့ရှ်က လက်မခံဘူး ဆိုရင် ခင်ဗျားတို့တာဝန်ပဲဆိုတော့ စီးပွားရေးဒုက္ခသည်ဖြစ် ဖြစ် နိုင်ငံရေးဒုက္ခသည်ပဲတစ်ခုက အဲဒီနိုင်ငံကနေပဲ တာ ဝန်ယူပါဆိုတဲ့ ဥစ္စာမျိုး နိုင်ငံတကာက လုပ်လို့မရဘူး။ ဒါကြောင့် မို့လို့ တတိယနိုင်ငံမှာ ခိုလုံခွင့်အခြေချခွင့်ဆိုတဲ့ ကိစ္စဖြစ်လာတယ်။ ဒုတိယနိုင်ငံမှာ အခြေချ ခိုလှုံခွင့်ဆိုတဲ့ ကိစ္စက နိုင်ငံတကာက အများစု လက်ခံထားတာ မဟုတ် ဘူး။ ဥပမာဆိုပါစို့ ကျွန်တော်တို့ နယ်စပ်မှာ လုပ်တာ က လူတွေရှိတယ်။ သူတို့တွေက ထိုင်းနိုင်ငံမှာ ခိုလှုံခွင့် မရဘူး။ ထိုင်းနိုင်ငံသားတွေဖြစ်အောင် လုပ်လို့မရဘူး။ တတိယနိုင်ငံမှာ ထွက်ခွာခွင့်ဆိုတာ ထိုင်းနိုင်ငံတို့က ဒုတိယနိုင်ငံကို အခြေပြုပြီးတော့မှ တတိယနိုင်ငံ နော် ဝေလား၊ အမေရိကန်လား၊ ကနေဒါလား၊ သြစတြေးလျ လားဖြစ်တာ။ ဒါကို နိုင်ငံတကာနဲ့ ဖြေရှင်းလို့မရဘူး။ ဒီလူတွေ ကျွန်တော်တို့ ဘယ်လိုအဆင့်သတ်မှတ်မှာလဲ။ သူတို့လာပြော၊ သူတို့လဲမပြောဘူး။ အဲဒါဆိုရင် ဒီလူတွေ အဆင်သင့်ဖြစ်ပြီဆိုရင် တတိယနိုင်ငံကို သွားရတော့မယ် ဆိုရင် ဗမာပြည်မှာ ဘယ်လောက်အခြေချမလဲ။ ဘယ်လို အစီအစဉ်ဆွဲမလဲ။ သွားမယ့်နိုင်ငံတွေက ဘယ်သူက လက်ခံမှာလဲ။ မသွားခင်မှာ ကိုယ်သွားမယ့်နိုင်ငံက လက်မခံဘူးဆိုရင် မြန်မာနိုင်ငံက တာဝန်ယူ။ ကျွန်တော် တို့နိုင်ငံက ဆင်းရဲတယ်။ အဲဒီခွဲတမ်းထဲမှာက ကျွန်တော် တို့ ငါးထောင်တတ်နိုင်တယ်ဆိုလို့ရှိရင် ငါးထောင်ယူမှာ ပေါ့။ နိုင်ငံတကာမိသားစုအနေနဲ့ အဲဒီလိုမျိုးစဉ်းစားပြီး တော့ ထည့်တယ်။

ပြည်ပမှာ ၂၄ နှစ်ကြာပြီလို့ထင်တယ်။ အခုပြန်ဝင်လာ ခဲ့ပြီပေါ့နော်။ ပြည်ပရောက်တော်တော်များများက ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်းပြင်းထန်ထန်ကန့်ကွက် ကြတယ်လို့ အသံလည်းကြားတယ်။ ဒေါက်တာရဲ့ သဘောထားကို မသိရဘူး။ သို့သော်လည်း ဒေါ်အောင် ဆန်းစုကြည်တို့ ကြားဖြတ်ရွေးကောက်ပွဲဝင်တာကို အစ က တော်တော်ပြင်းပြင်းထန်ထန်ကန့်ကွက်ခဲ့တယ်လို့ ကြားတယ်။ ဒေါက်တာတို့ ကိုယ်တိုင်ရော ကန့်ကွက်တဲ့ အထဲမှာပါလား။ NLD ကြားဖြတ်ရွေးကောက်ပွဲဝင်လာ တဲ့အပေါ်မှာရော ဒေါက်တာ့အနေနဲ့ ဘယ်လိုသဘော ထားလဲ။ ဒီအချိန်ကျမှ ဒေါက်တာတို့ မြန်မာပြည်ပြန်ဝင် လာပြီးတော့ တွေ့ဆုံဆွေးနွေးပွဲလုပ်ဖြစ်တယ်ဆိုတော့ ဒေါက်တာတို့ကို ဘယ်လိုဆွဲဆောင်မှုတွေက ဒီလိုအ ခြေအနေကိုပို့ပေးတာလဲဆိုတာ သိချင်ပါတယ်။
          ရိုးရိုးလေးပါပဲ။ ၂ဝဝ၈ ရွေးကောက်ပွဲကိုလည်း ဆန့်ကျင်တယ်။ ၂ဝဝ၈ ဖွဲ့စည်းပုံပေါ့။ ဒါက ရှင်းရှင်း ပြောရရင်တော့ လူထုအသံ၊ လူထုကိုယ်စားပြုအတိုင်း မဟုတ်လို့ပဲပေါ့။ ကျွန်တော်တို့ တစ်သက်လုံးပြင်နေတာ။ နောက်လည်းပြင်သွားမှာ။ ဆက်ပြီး ယုံကြည်သွားမှာ။ ပြည်သူလူထုအသံမဟုတ်ရင် မခိုင်မြဲဘူး။ ၂ဝ၁ဝ ရွေး ကောက်ပွဲကို ဆန့်ကျင်တာက လူထုကိုကိုယ်စားပြုပြီး ရေးဆွဲထားတဲ့ဟာမျိုးနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့လုပ်တဲ့ ရွေးကောက်ပွဲဖြစ်လို့ပဲ။ နောက်တစ်ခုက အကာအကွယ် လိုမယ်ဆိုတာ သိလို့ပဲ။ အခုလည်း ကျွန်တော်တို့ပြောမှာ ပဲ။ ၂ဝ၁ဝ ကြားဖြတ်ရွေးကောက်ပွဲကို ဒေါ်စုနဲ့ NLD ပါတီဝင်တဲ့အခါမှာ မဆန့်ကျင်တော့ဘူးလားဆိုတော့ အဲ ဒီအချိန်မှာ ကိုယ့်ရဲ့ခေါင်းဆောင် ကိုယ့်ပြည်တွင်းထဲက နေပဲ ဦးဆောင်မှုရှိတယ်ဆိုတဲ့ ပါတီက ဒီကြားဖြတ် ရွေးကောက်ပွဲဝင်ပြီးတော့ အပြောင်းအလဲတွေအောက်မှာ တတ်နိုင်သမျှ ပူးပေါင်းဆောင်ရွက်သွားမယ် ဆိုတဲ့အခါ မျိုးကျတော့ ကျွန်တော်တို့က မကန့်ကွက်တော့ပါဘူး။ ဒါပေမဲ့ အပြည့်အဝကြီးတော့ ကြိုက်နှစ်သက်နေလား ဆိုတာလည်း မဟုတ်ဘူး။ ပြောချင်တာက ဒီဖွဲ့စည်းပုံ အခြေခံဥပဒေကို မပြင်ဘဲနဲ့တော့ ကျွန်တော်တို့ ဒီအခြေ အနေအောက်ထဲမှာ ဝင်ရောက်လုပ်ကိုင်ဖို့ ခက်ပါတယ်။ ဒါကလည်း ထွေထွေထူးထူး အရာတော့ မဟုတ်ပါဘူး။ ဒါကတော့ ခင်ဗျားတို့လွှတ်တော် အခြေအနေထဲမှာ လည်း မြင်နေရတာပဲ။ အဲဒီလိုအခြေအနေမျိုးမှာ ကျွန် တော်တို့က ဘာလို့ပြန်လာသလဲ။ ဘာလို့ တွေ့ဆုံဆွေးနွေးသလဲဆို တော့ အခု ကျွန်တော်ပြောတဲ့ ရည်ရွယ်ချက်ထဲမှာလည်း ရှင်းရှင်းလေးပါ။ ၂ဝ၁၅ မတိုင်ခင်မှာ လွှတ်တော်ပြင်ပမှာ ရှိတဲ့ လွှတ်တော်ဆွေးနွေးပွဲကိုဖြစ်အောင် လုပ်သင့်တယ် ဆိုတဲ့စကားကို ကျွန်တော်တို့ပြောလို့ရနေလို့ သူတို့က လည်း လက်ခံဆွေးနွေးနေလို့ သူတို့လည်းလုပ်မယ်လို့ ပြောနေလို့ အရင်တုန်းက တင်းမာနေတဲ့သဘောဆိုရင် ဖွဲ့စည်းပုံကြီးကို အစကနေပြန်ရေးပြ၊ အခုဟာက ဖွဲ့စည်းပုံ ပြင်မယ်ဆိုရင် အိုကေ။ ဖွဲ့စည်းပုံမှာ ကောင်းတာတွေလည်း ပါတာပဲ။ ပြင်ဖို့သဘောတူတယ်ဆိုရင် အနှစ်သာရရှိတဲ့ ကိစ္စတွေ ပြင်ဖို့အဓိကပါပဲ။ ဘယ်သူက ဘယ်တုန်းက စရေးခဲ့တဲ့ကိစ္စမို့လို့ ဘာကျန်တယ်ဆိုတဲ့ ကိစ္စကို ကျွန်တော် တို့လည်းမထားဘူး။ သူတို့လည်း ပြင်မယ်ဆိုရင်တော့ အစအဆုံးပြင်မှာထက် ပြုပြင်ပြောင်းလဲရေးက ရှိနေတဲ့အ ထဲက မကောင်းတာတွေကို ကျွန်တော်တို့က ပြင်တာကိုး။ တစ်စုံလုံးပြောင်းတာမဟုတ်ဘူး။

အဲဒီနေရာမှပြောတဲ့ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအ ကြောင်း ၂ဝ၁ဝ ရွေးကောက်ပွဲကို ကျွန်တော်တို့အနေနဲ့ လက်မခံခဲ့ဘူး။ ဆန့်ကျင်ခဲ့တယ် ဆိုတဲ့ဟာကို သူတို့က ပြောတဲ့အခါမှာ ဟသွားတယ်။ အဲဒီတော့ ၂ဝဝ၈ အခြေခံ ပြင်ဆင်သင့်တယ်ဆိုပြီးတော့ အခုပြောတာကိုပါ ထည့် ပြောသွားတယ်။ အဲဒီတော့ ၂ဝ၁ဝ ကို မထောက်ခံခဲ့ တုန်းက NLD ပါတီက ကြားဖြတ်ရွေးကောက်ပွဲကို ဝင် မယ်လို့ဆိုတဲ့ အချိန်တုန်းက ပြင်ပအဖွဲ့အစည်းတွေမှာ ဒေါက်တာတို့ ပါလားမသိဘူး။ အဲဒီတုန်းက လက်မခံ ခဲ့ဘူးဆိုတာ ဒီအခြေခံဥပဒေတွေကို ရွေးကောက်ပွဲမဝင် ခင်က ဒေါက်တာတို့အနေနဲ့ ယူဆထားခဲ့တာ ရှိလား။ အဲဒီလို နည်းလမ်းမျိုးကို စဉ်းစားခဲ့ဖူးတာရှိလား။ ဒါလေး နည်းနည်းလေးလောက် ရှင်းပေးပါဦး။
          ကျွန်တော်တို့ တောက်လျှောက် ၁၉၉၆ လောက် ကတည်းက ပြောခဲ့တာကတော့ ဒီတွေ့ဆုံဆွေးနွေးရေးနဲ့ ဖြေကြားရေးပဲ။ အခုလည်း အဲဒါပဲ ထပ်ပြီး ပြောတာပဲ။ အခုလည်း ဒါပဲ ထပ်ပြီး တောင်းဆိုမှာပဲ။ အဲဒီတော့ အခုလည်းပြောနေတဲ့ ကိစ္စက ၂ဝ၁၅ မတိုင်ခင်မှာ ဒါမျိုး လုပ်မယ်ဆိုတဲ့ ကိစ္စကလည်း အစိုးရပြောထားတာ ရှိတာ ပဲ။ အဲဒီအခါကျတော့ ကျွန်တော်တို့ပြောလို့ လက်ခံတယ် လို့ ကျွန်တော်တို့ အတင်းမပြောပါဘူး။ ဒါပေမဲ့ ဆွေးနွေး မယ်ဆိုတဲ့ ကိစ္စ ဖြစ်လာတယ်။ ဒီအစိုးရဘက်က အကြိမ် ကြိမ်ပြောနေတာကလည်း နေပြည်တော်ရှေ့မှာ တစ်ပြည် လုံးကဲ့သို့သော အာဏာအားလုံးပါဝင်တဲ့ ဆွေးနွေးပွဲ ဆွေး နွေးကြမယ်။ ဆွေးနွေးလို့ တစ်ခါတည်း သဘောတူရမယ့် ကိစ္စတွေ သဘောတူမယ်။ လွှတ်တော်ထဲမှာ ဖွဲ့စည်းပုံ ပြင်ရမယ့်ကိစ္စကိုလည်း ကျွန်တော်ပြောချင်တာက ပြင်ဖို့ အခွင့်အလမ်း ရှိလာတယ်။ ဒါက အဓိကပဲ။ ဒါမျိုးမှ မရဘူးဆိုရင် ကျွန်တော်တို့ အရင်ကလုပ်နေသလို ဆက် တိုက်မှာပဲ။

ကျွန်တော်ဆိုလိုချင်တာကလေ  ရွေးကောက်ပွဲဝင်ပြီး လွှတ်တော်ထဲရောက်တုန်းမှာ ပြင်တဲ့နည်းလမ်းကို ရှိနိုင် တာကို ဒေါက်တာပြောသလို တွေ့ဆုံဆွေးနွေးပြီးမှ အ ဖြေရှာလို့ရလား။ ဒီအခြေခံ ဥပဒေတစ်ခုကို ပြင်တဲ့ကိစ္စကို လွှတ်တော်ထဲ မရောက်ဘဲ အဲဒီအချိန်က ပြင်မယ့်ကိစ္စကို စဉ်းစားခဲ့တာရှိလား။
          ကျွန်တော်တို့ အခုပြောနေတဲ့ နည်းပဲလေ။ အခု တွေ့ဆုံဆွေးနွေးပွဲဆိုတာလည်း လွှတ်တော်ထဲမှာ တွေ့ ဆုံဆွေးနွေးမှာ မဟုတ်ဘူး။ လွှတ်တော်ပြင်ပမှာ တွေ့ဆုံ ဆွေးနွေးမှာ။ ကျွန်တော်တို့ရဲ့ အစိုးရနဲ့ သဘောတူထား တဲ့ကိစ္စက ကျွန်တော်တို့ အပြင်မှာဆွေးနွေးတဲ့ကိစ္စတစ်ခု ကို လွှတ်တော်ထဲမှာ သူတို့က လွှတ်တော်ကိုယ်စားလှယ် တွေနဲ့ သွားပြောကြတယ်။ အဲဒီတော့ ပြင်ပမှာရှိတဲ့ သ ဘောတူညီချက်ကို ဖွဲ့စည်းပုံက ဒီအခန်းထဲမှာ ဒါတွေက ပြင်ပေးဖို့ လိုနေပါတယ်ဗျာ၊ ဥပမာ အနည်းဆုံးဗျာ NLD ဝင်ဖို့အတွက်ကို သူတို့ သုံးချက်လားမသိဘူး ပြင်လိုက် တာရှိတယ်။ အဲဒီသဘောပေါ့။ ဒါကို ကျွန်တော်တို့က အပေးအယူ လိုက်လျောမှုတစ်ခုအနေနဲ့ပြောရမယ်။ အဲလို ပြောတဲ့အခါမှာ ခင်ဗျားတို့က ၂ဝ၁ဝ ရွေးကောက်ပွဲလည်း လက်မခံဘူးပြောတယ်။ လွှတ်တော်ထဲက ပြင်တာကို လက်ခံရတယ်ဆိုရင် ကျွန်တော်တို့က ၂ဝ၁ဝ ရွေးကောက် ပွဲရလဒ်ဖြစ်တဲ့ လွှတ်တော်ကို အသိအမှတ်ပြုရလိမ့်မယ် ဖြစ်မယ်။ ဒါအပေးအယူပဲ။ ကျွန်တော်တို့က ပြင်လို့ရဖို့ အတွက်ပဲ။ အနှစ်သာရအတွက်ပဲ အဓိကထားတယ်။ အဲဒီအတွက်ကို ဒီမှာ ပြင်ပေးမယ်ဆိုရင် ပြင်ပေးမယ့်သူ တွေကို ၂ဝ၁ဝ တုန်းက အသိအမှတ်မပြုခဲ့ပေမယ့် လက်ခံ လိုက်ရတဲ့ သဘောပဲဖြစ်သွားတယ်။ ဒါအပေးအယူပဲ။ နောက်တစ်ခုက ကျွန်တော်တို့က ဘာလို့လွှတ်တော်ပြင်ပ မှာလို့ ပြောနေလဲဆိုတော့ အထူးသဖြင့် လက်နက်ကိုင် တိုင်းရင်းသားအင်အားစုတွေက အဲဒီနိုင်ငံရေး သဘောတူ ညီချက်မရဘဲနဲ့ ဘယ်တော့မှ လက်နက်ဖြုတ်ပြီးတော့ ပါတီထောင်မှာ မဟုတ်ဘူး။ အဲဒါဆိုရင် ဘယ်တော့မှ ငြိမ်းချမ်းမှာ မဟုတ်ဘူး။ သူတို့ကိုယ်တိုင် သင့်တော် တဲ့ စစ်ရေး ပြန်လည်ခန့်ခွဲမှုကို လုပ်နိုင်ဖို့အတွက် နိုင်ငံ ရေးသဘောတူညီချက်လိုတယ်။ အဲဒီသဘောတူညီချက် ကို ခင်ဗျားတို့လွှတ်တော်ထဲမှာ သွားဆွေးနွေးပါ။ ဒါမှ မဟုတ် လွှတ်တော်ကိုယ်စားလှယ်တွေက ဆွေးနွေးပါဆို လည်း ဖြစ်မှာမဟုတ်ဘူး။ အဲဒီတော့ အပြင်မှာ ဆွေးနွေး ပြီးတော့ သဘောတူညီချက်ရမှပဲ ညှိရမယ့်သဘောရှိ တယ်။

ဒေါက်တာအနေနဲ့ သမ္မတကြီးနဲ့ တွေ့ဖို့ကော အစီအစဉ် ရှိလား။
          ကျွန်တော်တို့ အခုလောလောဆယ် တွေ့ထားတဲ့ ဝန်ကြီးတွေ ပြောပြချက်အရတော့ သူတို့ ကြိုးစားမယ်။ ကတိတော့ မပေးသေးဘူးလို့ ပြောတယ်။

ဒေါက်တာတို့ပြန်ဝင်လာတဲ့နေ့မှာပဲ တိုက်တိုက်ဆိုင် ဆိုင်ရန်ကုန်မှာ သတင်းစာရှင်းလင်းပွဲတစ်ခု လုပ်သွား တယ်။ အဲဒီအပေါ် ဒေါက်တာဘယ်လို သုံးသပ်မလဲ။ အဓိကကတော့ ABSDF မြောက်ပိုင်းမှာဖြစ်ပွားတဲ့ ကိစ္စ သတင်းစာရှင်းလင်းပွဲပေါ့။ အဲဒီအပေါ်ရော ဘယ်လို ရှုမြင်သုံးသပ်သလဲ မသိဘူး။

          ကျွန်တော်တို့ မြောက်ပိုင်းကရဲဘော်တွေပေါ့။ ဖေဖော်ဝါရီလလောက်တုန်းက ဒီကိစ္စ စပြောကြတဲ့အချိန် ဒါလဲသူတို့ နှစ် ၂ဝ ပြည့်လို့ပြောကြတာပေါ့။ ဒါလည်း တစ်ဖက်ကလည်း သူတို့အခွင့်အရေးပါပဲ။ သူတို့မှာ ပြောခွင့်ရှိတာပါဘဲ။ တစ်ပြိုင်နက်ထဲမှာပဲ နယ်စပ်မှာလဲ ကျွန်တော်တို့အစိုးရပိုင်းနဲ့ တွေ့ဆုံဆွေးနွေးမှုတွေဖြစ်နေ တာကလည်းသွားတိုက်ဆိုင်တာပေါ့။ အဲဒီသတင်းက လည်းထွက်နေတာပေါ့။ ဟင်္သာကိုးသောင်းဆိုတဲ့ စာအုပ် လေးထွက်နေတာရှိတယ်။ သူများတွေပြောတော့ အဲဒီစာ အုပ်ဖတ်ကြည့်တဲ့အခါကျတော့ ကိုနိုင်အောင်တို့ မဥမ္မာ တို့ ပြန်လာမှာဖြစ်တဲ့အတွက်ကြောင့် ဒီစာအုပ်ကို အမှီ ထုတ်လိုက်ရတာပါဆိုတဲ့အခါကျတော့ အဖြစ်မှန်ကိုပြော ချင်တာတစ်ပိုင်း။ ဒါပေမဲ့ အဖြစ်မှန်ကိုရေးသားထားတဲ့ အထဲမှာ ကျွန်တော်တို့ပါဝင်မှုက ရှိလှတယ်တော့ မဟုတ် ဘူး။ ဒါပေမယ့် စာအုပ်မှာရေးထားတယ်ဆိုတော့ ဒီစာ အုပ်ကိုထုတ်တဲ့စေတနာ ကျွန်တော်တို့ပြန်လာမှာဆိုတဲ့ စေတနာမျိုးကြောင့် တိတိကျကျရေးသားထားတာကိုး။ အဲဒီကိစ္စကလည်းတိုက်ဆိုင်မှုပေါ့၊ ကျွန်တော်တို့ပြန်လာ မယ့်ကိစ္စကလည်း သူတို့တွေအနေနဲ့ရည်ရွယ်ပြီးလုပ်တာ ဖြစ်ချင်မှဟုတ်မှာပေါ့။ ကျွန်တော်ပြန်လာမယ်ဆိုတာ ကြားတဲ့အပေါ်မှာ ကျွန်တော်တို့ပြန်လာတော့မှ ဒီလူတွေ က ဒီလိုဖြစ်နေတဲ့ကိစ္စကို သူတို့ဘက်က ပြောချင်မှာ ပေါ့။ ဒါပေမဲ့ တိုက်ဆိုင်မှုလေးတွေရှိနေဆိုတာကတော့ ကျွန်တော်တို့ လာမယ်ဆိုတဲ့ကိစ္စနဲ့ ကိစ္စလေးတွေပြောတဲ့ ကိစ္စကတော့ တိုက်ဆိုင်မှုရှိတာပေါ့။
Messenger News Journal

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis