menu

Wednesday 12 September 2012

ပြည်ခိုင်ဖြိုးပါတီက မဲမသမာမှုနှင့်တရားစွဲဆိုထားမှုအပေါ် NLD ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်း အနိုင်ရရှိ



ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ် ဒေါ်လဲ့လဲ့အေးက NLD မှ မင်္ဂလာတောင်ညွန့်မြို့နယ် မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းကို ၂၀၁၂ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် မဲမသမာမှုပြုလုပ်ခဲ့သည်ဟု တရားစွဲဆိုထားမှုတွင် ဒေါ်ဖြူဖြူသင်းက အနိုင်ရရှိခဲ့ကြောင်း သိရသည်။
အဆိုပါအမှုကို နေပြည်တော်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ခုံရုံး အမှတ် (၁)က စက်တင်ဘာလ ၁၁ ရက်နေ့တွင် အပြီးသတ် ဆုံးဖြတ်ခဲ့ပြီး ထိုသို့ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။
''ပထမတုန်းက မဲရရှိမှုဟာ မတရားဘူးဆိုတဲ့စွပ်စွဲချက်အပြင် စွဲချက်တွေ အများကြီးနဲ့ တရားစွဲခဲ့ပါတယ်။ ဒါပေမယ့် ခုံရုံးကို ငါးချက်နဲ့ပဲ စွဲခဲ့ပါတယ်။ အစကတည်းက ဒီကိစ္စက မတရားတာ မဟုတ်ဘူးဆိုတော့ အနိုင်ရရှိမယ်လို့ ယုံကြည်ပြီးသားပါ။ ပြီးတော့ မြို့နယ်အလိုက် ပြည်သူတွေကလည်း သူတို့ရဲ့ တွေ့ရှိချက်တွေကို တင်ပြပြောဆိုခဲ့တာကြောင့်လည်း ပါပါတယ်။ ဒီဆုံးဖြတ်ချက်ကလည်း မှန်မှန်ကန်ကန် ဆုံးဖြတ်ခဲ့တယ်လို့ ယုံကြည်ပါတယ်''ဟု မင်္ဂလာတောင်ညွန့် မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းက ပြောပါသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ကိုယ်စားလှယ်များက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ လှည်းကူးမြို့နယ်မဲဆန္ဒနယ်မှ ဦးဖြိုးမင်းသိန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ် မဲဆန္ဒနယ်မှ ဒေါ်ဖြူဖြူသင်း၊ စစ်ကိုင်းမဲဆန္ဒနယ်မှ ဦးခင်မောင်သိန်းနှင့် ကျွန်းစုမြို့နယ် မဲဆန္ဒနယ်မှ ဒေါ်တင်တင်ရီတို့ကို တရားစွဲဆိုမှုများ ပြုလုပ်ခဲ့ရာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ တန်ပြန်တရားစွဲရင်ဆိုင်ခဲ့ရာ သြဂုတ်လ ၁၇ရက်နေ့တွင် စစ်ကိုင်းမဲဆန္ဒနယ်မှ ဦးခင်မောင်သိန်းမှာ အနိုင်ရရှိခဲ့ပြီး ယခုဒေါ်ဖြူဖြူသင်းမှာ ဒုတိယ အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis