menu

Sunday 19 August 2012

မန္တလေးမြို့တွင် ရေမြောင်းအတွင်း ပေါက်ကွဲ မီးလောင်းမှု ဖြစ်ပွား

ရန်ကုန် ၊ သြဂုတ် ၁၉

မြန်မာနိုင်ငံ၏ ဒုတိယ စီးပွားရေးမြို့တော် မန္တလေးမြို့တော်၊ မဟာအောင်မြေမြို့နယ်ရှိ လမ်းဘေး
ရေမြောင်းအတွင်းမှ ပေါက်ကွဲသံကြီး ထွက်ပေါ်ပြီး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မန္တလေးတိုင်း ဒေသကြီး
မီးသတ် ဦးစီးဌာနထံမှ သိရသည်။

အဆိုပါ ပေါက်ကွဲ မီးလောင်းမှုသည် မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ်
မဟာမြိုင် ၂ ရပ်ကွက် ၆၁လမ်း ၃၅ လ

မ်းနှင့် ၃၆ လမ်းကြားရှိ
ရေမြောင်းတွင် ယမန်နေ့ (သြဂုတ်လ၁၈ရက်) ည ၇နာရီအချိန်က
ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ည ၁၁နာရီဝန်းကျင်တွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း ထိခိုက်ဒဏ်ရာရသူ မရှိကြောင်းယင်း ဌာနမှ တာဝန်ရှိသူတစ်ဦးကရှင်းပြသည်။

ယင်းပေါက်ကွဲမီးလောင်းမှု ဖြစ်ပွားသည့် နေရာအနီးတွင် နေထိုင်သူတစ်ဦးက “
ဖောင်း ဆိုတဲ့အသံအကျယ်ကြီး ထွက်လာပြီး မီးထလောင်တော့တာပဲ” ဟု ဆိုသည်။

မီးသတ်ဦးစီးအရာရှိတစ်ဦးကမူ “ ဇ၀က်သာ (အမိုးနီးယား) တွေ
စွန့်ပစ်တာများလို့ ပေါက်ကွဲမီးလောင်မှု ဖြစ်ပွားတာပါ” ဟု
မှတ်ချက်ပေးသည်။

ဇ၀က်သာ (အမိုးနီးယား) နှင့် ယမ်းစိမ်းတို့သည် နိုက်ထရိုဂျင်ဓါတ်ဖြစ်ပြီး
ရေမှာ အောက်ဆီဂျင်နှင့် ဟိုက်ဒရိုဂျင် ဖြစ်နေခြင်းကြောင်း ၄င်းတို့
ထိတွေ့ပါက ပေါက်ကွဲတတ်ကြောင်း ဓါတုဗေဒ ပါမောက္ခ တစ်ဦးက ပြောကြားသည်။
The Voice Weekly

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis