menu

Sunday 19 August 2012

ကျုံ့ပြီးပါကင်ထိုးနိုင်သော ကားများ ၂၀၁၃ တွင် စရောင်းမည်





မြို့ပြကားပါကင် နေရာအခက်အခဲကို ဖြေရှင်းနိုင်ရန် ရည်ရွယ်ပြီး ထုတ်လုပ်မည့် ကျုံ့ပြီးကားပါကင် ထိုးနိုင်သောကားများ ၂၀၁၃ ခုနှစ်တွင် စတင်ရောင်းချတော့မည်ဖြစ် သည်။
မက်ဆာချူးဆက်နည်းပညာ တက္ကသိုလ် (အမ်အိုင်တီ) နှင့် စပိန် ဘာ့စ်ခ်ဒေသ ဖွံ့ဖြိုးရေးအေဂျင်စီ DENOKINN တို့ ပူးတွဲဖန်တီးနေသည့် သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေရှိသော ကားကို Hiriko Fold ဟု အမည်ပေးထားသည်။
နှစ်ယောက်စီး ကားငယ်ကို လျှပ်စစ်ဓာတ်အားဖြင့် မောင်းရမည်ဖြစ်ကာ တစ်ကြိမ်အားသွင်းပြီးပါက ၇၅ မိုင်မောင်းနှင်နိုင်မည်ဖြစ်သည်။
ဘီးများမှာ တစ်ပတ်လှည့်နိုင်သောကြောင့် ဘေးတိုက်ရွှေ့ပြီးရပ်ခြင်းမျိုးပါ ပြုလုပ်နိုင်မည်ဖြစ်သည်။ ဥရောပ မြို့ကြီးများတွင် စမ်းသပ်မောင်းနှင်မှုများ ပြုလုပ်နေပြီဖြစ်သည့် ယင်းကားငယ်ကို ပေါင် ၁၀၀၀၀ ၀န်းကျင်ဖြင့် ရောင်းချသွားရန် ရည်မှန်းထားသည်။ Ref: Daily Mail
Eleven Media Group

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis