menu

Sunday 19 August 2012

ဒေါ်အောင်ဆန်းစုကြည် အာဆီယံခေါင်းဆောင်မှု ဆွေးနွေးပွဲသို့ တက်ရောက်မည်

ကွာလာလမ်ပူ၊ သြဂုတ်-၁၈
လာမည့် ဒီဇင်ဘာလအတွင်း မြန်မာနိုင်ငံတွင် ကျင်းပမည့် ASEAN 100 ခေါင်းဆောင်မှုဖိုရမ်သို့ နိုဗယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မည် ဖြစ်ကြောင်း Asia Inc ဖိုရမ်၏ ထုတ်ပြန်ချက်အရ သိရသည်။

ဒေါ်အောင်ဆန်းစုကြည်သည် နှစ်စဉ်ကျင်းပသော ဖိုရမ်တွင် မိန့်ခွန်းပြောကြားရန်ရှိပြီး အခမ်းအနားဒုတိယနေ့တွင် ဆွေးနွေးပွဲသို့ လာရောက်သူမျ

ားနှင့် ပါဝင်ဆွေးနွေးမည်ဖြစ်ကြောင်း Asia Inc ၏ ထုတ်ပြန်ချက်က ဖော်ပြသည်။

ယခုနှစ်တွင် ဆွေးနွေးမည့် ခေါင်းစဉ်မှာ “လှိုင်းထန်နေသော ကမ္ဘာကြီး၊ အမြင့်ပျံနေသော အာရှ၊ ဒီကနေ ဘယ်လိုရှေ့ဆက်ကြမလဲ”ဟူ၍ဖြစ်ပြီး အခမ်းအနားအား ဒီဇင်ဘာ ၅၊ ၆ ရက်များတွင် ရန်ကုန်မြို့၌ ကျင်းပမည် ဖြစ်သည်။

Asean 100 Leadership Forum သည် ဒေသတွင်း၌ ၎င်းတို့ ကျင်းပသော အခမ်းအနားများတွင် အအောင်မြင်ဆုံးဖြစ်ပြီး အာဆီယံဒေသ၏ အနာဂတ်စီးပွားရေးခေါင်းဆောင်များ၊ အစိုးရ အကြီးအကဲများနှင့် လူ့အဖွဲ့အ စည်း ခေါင်းဆောင်များအတွက် အဓိကရည်ရွယ်ကြောင်း Asia Inc ကြေညာချက်က ဖော်ပြသည်။

ယခုနှစ် ဆွေးနွေးပွဲတွင် ဒေါ်အောင်ဆန်းစုကြည်ပါဝင် ဆွေးနွေးမည်ဆိုခြင်းအတွက် အလွန်ပင် ဂုဏ်ယူဝမ်းမြောက် မိကြောင်း၊ သူမ၏ ဘ၀ခရီးလမ်းနှင့် စိတ်ဓာတ်ကြံ့ခိုင်မှုမှာ အာဆီယံဒေသတွင်သာမက အခြား ဒေသများအတွက်ပါ အတုယူလေးစားစရာ ဖြစ်သည်ဟု Asia Inc ကုမ္ပဏီဥက္ကဋ္ဌ မစ္စတာတင်မိုးသီအွန်က ပြောကြားသည်။

ကိုးကား- Asean 100 Forum
7Day News Journal

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis