menu

Sunday 19 August 2012

စုံစမ်းရေးကော်မရှင်၏ ပထမဆုံး အစည်းအဝေးကျင်းပ

ရန်ကုန်၊ သြဂုတ်- ၁၉
ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခများနှင့် ပတ်သက်၍ အဖြစ်မှန်ပေါ်ပေါက်ရေး စုံစမ်းရန်နှင့် အမျိုးသားအကျိုးစီးပွားတိုးတက်ရေး အကြံပြုရန် နိုင်ငံတော် သမ္မတအမိန့်ဖြင့် ဖွဲ့စည်းပေးခဲ့သော စုံစမ်းရေးကော်မရှင်၏ ပထမဆုံး အစည်းအဝေးကို ယနေ့(သြဂုတ် ၁၉ ရက်)နံနက် ၁၀ နာရီမှ ၁၂ နာရီထိ မြန်မာအီးဂရက်ရုံးတွင် ကျင်းပခဲ့ကြောင်း သတင်းရရှိသည်။

"အများစုကတော့ အကြုံပြုချက်တွေ ဆွေးနွေးတာများတယ်။ အလုပ်လုပ်ဖို့ ရုံးခန်းတစ်ခုဖွင့်ဖို့တော့ သဘောတူခဲ့ကြတယ်"ဟု အဆိုပါ အဖွဲ့တွင် ပါဝင်သူ ဒေါ်သန်းသန်းနု (ဒီမိုကရက်တစ်ပါတီမြန်မာ)ကပြောသည်။


အစည်းအဝေးတွင် ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့မှ ဦးကိုကိုကြီးက ပြောရေးဆိုခွင့်ရှိသူ တစ်ဦးထားပေးရန်နှင့် အတွင်းရေးမှူးဦးကျော်ရင်လှိုင်က ကော်မရှင်လက်အောက်တွင် အဖွဲ့ ၈ ဖွဲ့ထပ်မံဖွဲ့စည်းရန် တင်ပြခဲ့ကြသည်ဟု ဒေါ်သန်းသန်းနုကပြောသည်။

ဦးကျော်ရင်လှိုင်တင်ပြသော အဖွဲ့ ၈ ဖွဲ့ထဲတွင် ပဋိပက္ခဖြစ်ပွားခြင်းနှင့် အဖြစ်မှန်ရှာဖွေရေးအဖွဲ့၊ ဆုံးရှုံးမှုများ လေ့လာရေးအဖွဲ့၊ ငြိမ်းချမ်းရေး နှင့် ဥပဒေစိုးမိုးရေးအဖွဲ့၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးအဖွဲ့၊ ငြိမ်းချမ်းစွာ အတူနေထိုင်ရေးအဖွဲ့နှင့် တရားဥပဒေစိုးမိုးရေးအဖွဲ့တို့ ပါဝင်သည်ဟု သတင်းရရှိသည်။

ပထမဆုံးအကြိမ်ပြုလုပ်သော အစည်းအဝေးသို့အဖွဲ့ဝင် ၂၇ ဦးထဲမှ ၂၀ ဦးတက်ရောက်ဆွေးနွေးခဲ့ကြသည်။
7Day News Journal


No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis