menu

Friday 17 August 2012

ပုသိမ်ရေဘေး ဒုက္ခသည် ၇၀၀၀ကျော်ရှိ


ရန်ကုန်၊ သြဂုတ် ၁၇

ဧရာဝတီတိုင်း ပုသိမ်မြို့တွင် သြဂုတ်လ ၁၄ရက်နေ.က နေ.ရောညပါ ဆက်တိုက် မိုးရွာသွန်းမှုနှင့်အတူ င၀န်မြစ်ရေတက်မှုကြောင့် ရပ်ကွက် ၁၀ခုကျော်တွင် ရေကြီးမှုဖြစ်နေပြီး

ဒုက္ခသည်ပေါင်း ၇၀၀၀ကျော်ခန်.သည် ကယ်ဆယ်ရေးစခန်းများသို.ရောက်ရှိနေကြောင်း ပုသိမ်ပွင့်လင်းလူငယ်အဖွဲ.၏ ကိုဝေလုက The Voice Weekly သို. သြဂုတ်လ ၁၆ရက်နေ.က ပြောကြားသည်။


" ရေကတော့နှစ်တိုင်းတတ်နေကြပါ။ ၄နှစ်တကြိမ်တော့ဆိုးဆိုးဝါးဝါးေ
ရတက်တတ်ပါတယ်။ ဒါပေမဲ့ ဒီနှစ်က တော်တော်ဆိုးဆိုးဝါးဝါးဖြစ်သွားတာပါ။ နေရာတော်တော်များများ ရေမြှပ်သွားတာပါ" ဟု ၄င်းကရှင်းပြသည်။


အဆိုပါရပ်ကွက် ၁၀ခုတွင် ၁၊၂၊၃၊၇၊၈၊၁၂၊၁၄ ရပ်ကွက်တို.အပါအ၀င် ရေကြီးမှုဒဏ်အဆိုးဆုံးဖြစ်နေသည့်

ရပ်ကွက် ၁၂၊၁၄ (ရေကြည်ဦး)တွင်လူ ၇၀၀ မှ ၈၀၀ခန့်ထိ ရှိနေပြီး ရေနံမြေ (တန် ၁၀၀)ဆန်စက်
တွင်ကလေးသူငယ်များအပါအ၀င်လူ၂၀၀ ၀န်းကျင်ခန့်ဒုက္ခရောက်လျှက်ရှိေ
နကြောင်း ရပ်ကွက် ၁၀ခုပေါင်းလျှင် လူ၇၀၀၀ကျော်ခန်.ရှိကြောင်း ပုသိမ်မြို.ပေါ်ရှိ ကယ်ဆယ်ရေးစခန်းများထံမှ စုံစမ်းသိရှိရသည်။

" လက်ရှိအခြေအနေက စားဝတ်နေရေးနှင့် ကျန်းမာရေးအတွက် ဆေးဝါးတွေလုပ်အပ်နေပါတယ် " ဟု ယင်းနေရာသို. သွားရောက်လှူဒါန်းမှုပြုခဲ့သူ ကိုဝေလုက ရှင်းပြသည်။


ပုသိမ်ရေဘေးကယ်ဆယ်ရေးစခန်းများက
ို ကုန်းမြင့်များပေါ်တွင်တည်ထားကိုးကွယ်ခဲ့သည့် ရေကြည်ဦးဘုရား၊ တဂေါင်းဘုရား နှင့် ရက်ကွက်ဓမ္မရုံ ၊ ဘုန်းကြီးကျောင်းအချို.တွင် ယာယီ ကယ်ဆယ်ရေးစခန်းများ
ဖွင့်လှစ်ထားရှိထားသည်။

ပုသိမ်၊ ရေကြည်နှင့်ပတ်ဝန်းကျင်အနီးတွင်
လယ်ဧက ၅၀၀၀၀ကျော်ရေမြှပ်နေပြီး ပုသိမ်မြို.ပေါ်ရှိ လမ်းမများထိ ရေ ၁ပေကျော်တတ်နေကြောင်း ပုသိမ်မြို.ပေါ်ရှိ ကယ်ဆယ်ရေးအဖွဲ.အချို.ထံမှ စုံစမ်းသိရှိရသည်။
Voice Weekly 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis