menu

Friday 17 August 2012

ဖူးကတ်ကျွန်း Disco Club မီးလောင်၍ မြန်မာတစ်ဦးအပါအဝင် ငါးဦးသေဆုံး

ထိုင်းနိုင်ငံ ဖူးကတ်ကျွန်းက နာမည်ကျော် ပသောင်ကမ်းခြေ၏ ဒစ္စကိုကလပ်တစ်ခုတွင် သောကြာနေ့ နံနက်အစောပိုင်း မီးလောင်ကျွမ်းမှုကြောင့် မြန်မာတစ်ဦးအပါအဝင် ငါးဦးသေဆုံးသေဆုံးခဲ့ကြောင်း သိရသည်။
မီးလောင်မှု မဖြစ်ပွားခင်တညလုံး မိုးသည်းထန်စွာ ရွာနေပြီး ဆိုင်ရဲ့ မီးအားမြှင့်စက်ဆီး လျှပ်စီးလက် မိုးကြိုးပစ်ရာမှ မီးလောင်ကျွမ်းမှု စတင်ခဲ့ကာ (၂)ထပ်တိုက်ဖြစ်တဲ့ ဆိုင်တစ်ခုလုံး ပြာကျသွားခဲ့တာဖြစ်ကြောင်း သိရသည်။
(၁)နာရီလောက် မီးလောင်ကျွမ်းပြီး မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

AFP သတင်းတစ်ပုဒ်၌ သေဆုံးသွားသူတွေထဲ စင်္ကာပူနိုင်ငံသား(၃)ဦး ၊ ဂျပန်တစ်ဦးနဲ့ မြန်မာတစ်ဦးတို့ ပါဝင်ပြီး မီးလောင်ကျွမ်းလို့ ဒဏ်ရာရသူ ၊ မီးခိုးမွှန်၍ အသက်ရှူကျပ်သူများဖြစ်သည့် သြစတြေးလျ ၊ ပြင်သစ်နဲ့ ဗြိတိန်လူမျိုး နိုင်ငံခြားသားတွေကို ပသောင်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
DVB

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis