menu

Friday 17 August 2012

ပြည်သူ့ဝန်ထမ်းများ ပြစ်မှုကျူးလွန်ပါက ခွင့်ပြုမိန့်မလိုဘဲ တရားစွဲဆိုခွင့်ပြု

ပြည်သူ့ဝန်ထမ်း (ပြန်တမ်းဝင်အရာရှိ) များ တာဝန်ထမ်းဆောင်ချိန်တွင် ပြစ်မှု ကျူးလွန်ပါက ပြစ်မှုဆိုင်ရာကျင့်ထုံး ဥပဒေပုဒ်မ ၁၉၇(၁)အရ ဥပဒေလုပ်ထုံး လုပ်နည်းနှင့်အညီ တရားစွဲဆိုခွင့်ပြုမိန့် တင်ပြတောင်းခံရန်နှင့် တာဝန်ချိန်ပြင်ပ တွင် ပြစ်မှုကျူးလွန်ပါက ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၁၉၇ နှင့် တရားရုံး များ ညွှန်ကြားလွှာအမှတ် ၁၁/၇၀ တို့ အရ တရားစွဲဆိုခွင့်ပြုမိန့် တင်ပြ တောင်းခံ ရန်မလိုဘဲ ဥပဒေနှင့်အညီ တရားစွဲဆိုတင်ပို့နိုင်ပြီဟု ဩဂုတ်လ ၆ ရက်နေ့က သက်ဆိုင်ရာ မြို့နယ်ရဲစခန်း များသို့ အစိုးရအဖွဲ့ အဆင့်ဆင့်မှ အကြောင်းကြားချက်အရ သိရသည်။
ယခင်က ပြည်သူ့ဝန်ထမ်း (ပြန်တမ်း ၀င် အရာရှိ)များ ပြစ်မှုကျူးလွန်ပါက သက်ဆိုင်ရာတိုင်းဒေသကြီး၊ ပြည်နယ် ရဲတပ်ဖွဲ့များထံမှ တရားစွဲဆိုခွင့်ပြုမိန့် မလိုအပ်ဘဲ တင်ပြတောင်းခံနေရ၍ ဦးစီး ဆိုင်ရာလုပ်ငန်းများနှင့် အမှုများသည် မလိုအပ်ဘဲ နှောင့်နှေးကြန့်ကြာ မှုများရှိ ခဲ့ကြောင်း အကြောင်းကြားစာတွင် ထည့်သွင်းဖော်ပြထားသည်။

ထိုသို့ တင်ပြတောင်းခံသည့် ပြစ်မှုများ ကို ပြည်ထောင်စုရာထူးဝန်အဖွဲ့က ၂၁- ၃-၂၀၁၂ ရက်နေ့၌ တာဝန်ထမ်း ဆောင် မှုနှင့် ဆက်စပ်မှုမရှိသည့် ပုဂ္ဂိုလ်ရေးဆိုင် ရာ ပြုလုပ်မှုများကို တရားစွဲဆို ခွင့်ပြုမိန့် ရယူရန် မလိုအပ်ဟု ထင်မြင်ယူဆ ကြောင်းကို ပြန်ကြားခဲ့ ခြင်းဖြစ်သည်။
"နှစ်ပိုင်းရှိတယ်။ အကျဉ်းဦးစီးတို့၊ စစ်ဘက်ဆိုင်ရာတို့မှာတော့ အဆင့်ဆင့် တင်ပြရမှာပါ။ ကျန်တဲ့ဌာနတွေဆို အကြောင်းကြားစာပဲ ပို့ရပါမယ်။ ဥပဒေ နဲ့အညီလုပ်ဖို့ပဲ ရှိပါတယ်"ဟု မြို့နယ် ရဲတပ်ဖွဲ့မှူးတစ်ဦးက မြန်မာတိုင်း(မ်)ကို ပြောသည်။
Myanmar Times

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis