menu

Sunday 5 August 2012

အဆိုတော်မာမာအေးဘ၀အကြောင်း ကိုယ်တိုင်ရေးစာအုပ် 'ရင်ဖွင့်ကြည့်ပါသူငယ်ချင်း' ဖြန့်ချိ

အဆိုတော်မာမာအေး ကိုယ်တိုင်ရေးစာအုပ်မိတ်ဆက်ပွဲတွင် အမှတ်တရစကား ပြောကြားနေတဲ့ စည်သူဘိုကလေးတင့်အောင်။
ဓာတ်ပုံ - သီရိလု
လွန်ခဲ့တဲ့ နှစ် ၄၀ ကျော်က နိုင်ငံတော် အဆိုတော်ကြီး မာမာအေး သူ့ဘ၀ အကြောင်းရေးသားထားတဲ့ နေ့စဉ်မှတ် တမ်းကို 'ရင်ဖွင့် ကြည့်ပါ သူငယ်ချင်း' အမည်နဲ့ ၀တ္ထုအဖြစ် အသက်သွင်းပြီး လင်းလွန်း
ခင်စာပေကနေ ဇူလိုင်လ ၂၅ ရက်နေ့က စတင်ဖြန့်ချိလိုက်ပြီမို့ အဆိုတော်ကြီးရဲ့ဘ၀အကြောင်းကို စိတ်ဝင်စားသူတွေ ၀ယ်ယူဖတ်ရှု
နိုင်ကြပါပြီ။
'အဆိုကဝေ' လို့ခေါ်ရလောက် အောင် အဆိုထူးချွန်လွန်းလှတဲ့ ဒေါ်မာ မာအေးဟာ သူ့ရဲ့နေ့စဉ်မှတ်တမ်းကို ၁၉၇၀ ပြည့်နှစ်ကတည်းက စတင် ရေးသားခဲ့တာဖြစ်ပြီး နှစ်နှစ်အကြာမှာ ရပ်တန့်ခဲ့ပါတယ်။

၁၉၇၃ ခုနှစ်မှာ ၀တ္ထုအဖြစ် ထုတ်ဝေဖို့ သတင်းစာတွေက တစ်ဆင့် ကြေညာခဲ့ပေမယ့် အကြောင်း အမျိုးမျိုးကြောင့် မထုတ်ဖြစ်ဘဲ ၁၉၉၀ ပြည့်ရောက်မှ မဟေသီမဂ္ဂဇင်းမှာ လ ၂၀ ကြာလစဉ် ဖော်ပြခဲ့တာကို လင်းလွန်းခင် စာပေက ပြန်လည်စုစည်းပြီး ခုလို လုံးချင်းဝတ္ထုအဖြစ် ထုတ်ဝေခဲ့တာ ဖြစ်ပါတယ်။
စာအုပ်မိတ်ဆက်ပွဲအခမ်းအနားကို လည်း စာအုပ်ဖြန့်ချိတဲ့နေ့မှာပဲ စင်ထ ရယ်ဟိုတယ်မှာ ကျင်းပခဲ့ပြီး အဆိုတော် ကြီးကို ချစ်ခင်ကြတဲ့ အနုပညာအသိုင်း အ၀ိုင်းမှ ဧည့်ပရိသတ်တွေများစွာ တက် ရောက်အားပေးခဲ့ကြပါတယ်။
အဆို တော်ကြီးဒေါ်မာမာအေးကတော့ အမေ ရိကန်နိုင်ငံမှာ လတ်တလောနေထိုင်နေ တာကြောင့် အခမ်းအနားကို မတက် ရောက်နိုင်ခဲ့ပေမယ့် သူကြိုတင်ပေးပို့ ထားတဲ့ အသံဖိုင်ကို ပွဲစီစဉ်သူတွေက ပရိသတ်တွေကို ပရိုဂျက်တာကနေ တစ်ဆင့် ဖွင့်ပြပေးခဲ့ပါတယ်။
"၂၄-၄-၁၉၇၀ မှာ ကျွန်မ ဒိုင်ယာရီ စတင်ရေးသားခဲ့ပါတယ်။
အဲဒါကလည်း ကျွန်မနဲ့ ကွဲကွာခဲ့ပြီဖြစ်တဲ့ ခင်ပွန်းသည် တို့ရဲ့ အိမ်ထောင်ရေးပြဿနာကို တရားရုံးတင်ကြတော့မယ်ဆိုတဲ့ သတင်း ဆိုး သတင်းစာထဲမှာ ဖော်ပြခံရလို့ ချစ်သမီးနဲ့သားကို တိုင်တည်ဖို့ ရေးသား ခဲ့တာပါ။
နောက်ပိုင်း ၀တ္ထုအဖြစ် ပြန်လည်ထုတ်ဝေမယ်လို့ စဉ်းစားမိချိန် မှာတော့ သား၊သမီးကို တိုင်တည်ပြီး ရေးသားတာထက် သူငယ်ချင်း တစ် ယောက်ကို ဖွင့်ဟတိုင်ပင်ပြီး ရေးသား တဲ့ဟန်ဆိုရင် ပိုပွင့်လင်းနိုင်မယ်လို့ ထင်တဲ့အတွက် 'သူငယ်ချင်းသို့' အမည် နဲ့ ပုံစံပြောင်းရေးသားခဲ့ပါတယ်" လို့ ဒေါ်မာမာအေးက ပြောပါတယ်။
'ရင်ဖွင့်ကြည့်ပါ သူငယ်ချင်း' စာအုပ် မှာ အခန်း ၁၇ ခန်း ပါဝင်ပြီး အဆိုတော် မာမာအေးရဲ့ စိတ်ကစားတဲ့ငယ်ဘ၀ အရွယ်၊ ရုတ်တရက်အိမ်ထောင်ကျတဲ့ အချိန်မှာ ကြုံရတဲ့အခက်အခဲတွေနဲ့ အဓိကအနေနဲ့ သူနဲ့ သူ့ခင်ပွန်းကြားက စိတ်ညစ်စရာ၊ ပျော်စရာ
တွေနဲ့ နောက် ဆုံး အိမ်ထောင်ရေးပြိုကွဲခဲ့တဲ့အဖြစ် အပျက်တွေကို ပွင့်ပွင့်လင်းလင်း ရေးသားထားပါတယ်။
ပြည်ပမှာ နေထိုင်နေတာ ၁၄ နှစ်တာ ရှိပြီဖြစ်တဲ့ ဒေါ်မာမာအေးဟာ ခုဆိုရင် အသက် ၇၀ ရှိပြီဖြစ်ပါတယ်။
လာမယ့် ဒီဇင်ဘာလထဲမှာ မြန်မာနိုင်ငံကို လာရောက်မယ်လို့လည်း သိရပါတယ်။
စာအုပ်ကို စီစဉ်ထုတ်ဝေတဲ့ လင်းလွန်း ခင်စာပေမှ ဦးသိန်းလွင်က အဆိုတော် မာမာအေးဟာ သီချင်းဆိုကောင်းရုံတင် မကဘဲ စာအရေးအသားလည်း ကောင်း တဲ့အကြောင်းကို မာမာအေး ပရိသတ် သိစေချင်တာကြောင့် 'ရင်ဖွင့်ကြည့်ပါ သူငယ်ချင်း' စာအုပ်ကို ထုတ်ဝေခဲ့တာ လို့ ပြောပါတယ်။
"စာအုပ်ထုတ်ဝေဖို့ ဒေါ်မာမာအေးရဲ့ ခွင့်ပြုချက်ကို ရန်ကုန်မှာနေတဲ့ သူ့သမီး ဒေါ်မေချိုကတစ်ဆင့် တောင်းခံခဲ့ပါ တယ်။ စာပေစိစစ်ရေးကလည်း အဖြတ် အတောက်မရှိဘဲ ထုတ်ဝေခွင့်ပေးခဲ့ပါ တယ်။
နောက်ထပ် ဒေါ်မာမာအေး ရေးထားတဲ့ 'သိုးကလေး မေမေ' စာအုပ်ကိုလည်း သူပြန်လာမယ့် ဒီဇင် ဘာလမှာ သူ့ကို ကြိုဆိုတဲ့အနေနဲ့ ထုတ် ဝေသွားဖို့ စီစဉ်ထားပါတယ်"လို့ ဦးသိန်း လွင်က ပြောပါတယ်။
'ရင်ဖွင့်ကြည့်ပါ သူငယ်ချင်း' စာအုပ် တန်ဖိုးက ကျပ် ၃,၀၀၀ ဖြစ်ပါတယ်။
Myanmar Times

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis