menu

Tuesday 10 April 2012

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်ထောင်စုလွှတ်တော်တွင် ဒုတိယအင်အားအကြီးဆုံး နိုင်ငံရေး ပါတီဖြစ်လာမည်

ဧပြီလ ၁ ရက်နေ့က မဲဆန္ဒနယ်ပေါင်း ၄၅ နေရာတွင် ကျင်းပခဲ့သည့် ကြားဖြတ် ရွေးကောက်ပွဲ၌ ၄၃ နေရာအနိုင်ရရှိခဲ့ သည့်အတွက် ပြည်ထောင်စုလွှတ်တော် ၌ ဒုတိယအင်အားအကြီးဆုံးပါတီ ဖြစ်လာမည်ဖြစ်သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ရွေးကောက်ပွဲမကျင်းပခင်ကတည်းက အမျိုးသားလွှတ်တော်ကိုယ်စားလှယ် တစ်ဦးရရှိထား ပြီးဖြစ်ရာ ယခုအနိုင်ရရှိ သည့် ကိုယ်စားလှယ်များအားလုံး လွှတ် တော်တက်ရောက်ခွင့်ရရှိခဲ့ပါက ပြည် ထောင်စုလွှတ်တော်အတွင်း ကိုယ် စားလှယ် ၄၂ ဦး ရရှိမည်ဖြစ်ရာ ယခင်က ကိုယ်စားလှယ် ၃၄၂ ဦးရရှိထားပြီး တစ်ဦးထပ်မံအနိုင်ရထားသည့် ပြည် ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပြီးနောက် ကိုယ်စားလှယ်ဦးရေ ဒုတိယ အများဆုံး ရရှိထားသည့် ပါတီဖြစ်လာ မည်ဖြစ်သည်။
တတိယအင်အားအကြီးဆုံးပါတီမှာ တိုင်းရင်းသားပါတီ တစ်ခုဖြစ်သည့် ရှမ်း တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ ဖြစ်ပြီး ယင်း ပါတီသည် ယခင်က ကိုယ် စားလှယ် ၂၁ ဦးရရှိထားပြီး ယခုကြား ဖြတ်ရွေးကောက်ပွဲ၌ အမျိုးသားလွှတ် တော် ကိုယ်စားလှယ်တစ်ဦး ထပ်မံ အနိုင်ရခဲ့သည်။

အစိုးရသစ် အာဏာလွှဲပြောင်းရယူ ပြီးနောက် တစ်နှစ်အကြာတွင် ကျင်းပ သည့် ကြားဖြတ်ရွေးကောက်ပွဲသည် အောင်မြင်သော ရွေးကောက်ပွဲဖြစ် ကြောင်း ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင် မြို့၌ အာဆီယံ ထိပ်သီးအစည်းအဝေး တက်ရောက်ရန် ရောက်ရှိနေသည့် မြန်မာနိုင်ငံ သမ္မတ ဦးသိန်းစိန်က ဧပြီလ ၃ ရက်နေ့တွင် ပြောကြားခဲ့သည်။
ထို့ပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က လည်း ကြားဖြတ်ရွေးကောက်ပွဲသည် မြန်မာနိုင်ငံအတွက် ခေတ်သစ်တစ်ရပ် ကို စတင်လိုက်ခြင်းဖြစ်ကြောင်း၊ ရွေး ကောက်ပွဲတရားဝင်ရလဒ်များ မကြေ ညာသေးသော်လည်း နေရာအများစု၌ အနိုင်ရရှိကြောင်း သေချာနေသည့် အချိန်တွင် ပြောကြားခဲ့သည်။
"ပြည်သူတွေအနေနဲ့ နိုင်ငံရေး ဖြစ်စဉ် မှာပါဝင်ဖို့ ဆုံးဖြတ်လိုက်လို့ ကျွန်မတို့ အဖွဲ့ချုပ်အနေနဲ့ လုပ်နိုင်ကိုင်နိုင်ခဲ့တာ ဖြစ်ပါတယ်"ဟု ဗဟန်းမြို့နယ်ရှိ ပါတီ ဌာနချုပ်တွင် ၎င်းကပြောကြားသည်။
ယခု ဧပြီလ ၁ ရက်နေ့တွင် ကျင်းပခဲ့ သည့် ကြားဖြတ်ရွေးကောက်ပွဲ၌ နိုင်ငံ ရေးပါတီ ၁၇ ပါတီ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ ပြီး ယှဉ်ပြိုင် အရွေးချယ်ခံခဲ့သူ တစ်သီး ပုဂ္ဂလကိုယ်စားလှယ်လောင်းရှစ်ဦး အပါအ၀င် ကိုယ်စားလှယ်လောင်း စုစု ပေါင်း ၁၆၈ ဦးရှိသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ကိုယ် တိုင်လည်း ရန်ကုန်တိုင်းကော့မှူးမြို့နယ် ကိုယ်စားပြု ပြည်သူ့လွှတ်တော်ကိုယ် စားလှယ်လောင်းအဖြစ် ၀င်ရောက်ယှဉ် ပြိုင်ခဲ့ရာ မဲပေးပိုင်ခွင့်ရှိသူ စုစုပေါင်း ၈၇,၇၁၆ ဦးရှိသည့်အနက် ဆန္ဒမဲ စုစုပေါင်း ၅၅,၉၀၂ မဲရရှိကာအနိုင်ရရှိခဲ့ သည်။
ယင်းကိုယ်စားလှယ်နေရာအတွက် ၀င်ရောက်ယှဉ်ပြိုင်သော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ကိုယ်စားလှယ်လောင်း ဒေါက်တာ စိုးမင်းက ဆန္ဒမဲ ၉,၁၇၂ မဲနှင့် ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးပါတီမှ ကိုယ်စားလှယ်လောင်း ဦးတင်ရီက ၃၉၇ မဲရရှိခဲ့သည်။
ကော့မှူးမြို့နယ်နေ ပြည်သူတစ်ဦးဖြစ်သည့် အသက် ၂၂ နှစ်အရွယ် ကိုထွန်းလင်းက ဒေါ်အောင်ဆန်းစုကြည်သည် နေရာတိုင်း၌ နည်းလမ်း တကျ အလုပ်လုပ်တတ်သည့်အတွက် ၎င်း၏ပါတီကို မဲပေးခဲ့ ကြောင်း မဲရုံမှပြန်အထွက်တွင် မြန်မာတိုင်း(မ်)ကိုပြောသည်။
"အမေစုက နိုင်သွားရင် ဘာလုပ်ပေးမယ်လို့မကြေညာဘူး။ ဘာမှ မလုပ်ပေးလည်း ကျွန်တော်တို့ကတော့ ဘယ်လိုမှမနေဘူး။ လုပ်ပေးသည်ဖြစ်စေ၊ မလုပ်ပေးသည်ဖြစ်စေ၊ သူကလမ်းကျကျ လုပ်တဲ့အတွက်ကြောင့် သူ့ကိုမဲပေးတာ။ အခုတစ်ခေါက်မဲထည့် ရတာကတော့ လွတ် လွတ်လပ်လပ်ပဲ။ ပြဿနာမရှိဘူး"ဟု မကျည်းကန်ရွာသား ခြံလုပ်ငန်း လုပ်ကိုင်သူ ကိုထွန်းလင်းက ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ရွေးကောက်ပွဲမကျင်းပခင် ညက ကော့မှူး မြို့နယ် ၀ါးသိင်္ခကျေးရွာတွင် ညအိပ်ကာ မနက်ခင်း ကတည်းက လမ်းသင့်ရာ မဲရုံများကို လှည့်လည်ကြည့်ရှုခဲ့သည်။
ကရင်လူမျိုး အများစုနေထိုင်ရာ ၀ါးသိင်္ခကျေးရွာသားတစ်ဦးဖြစ်သူ အသက် ၂၉ နှစ်အရွယ် ကိုစဟိန်းမင်းဇာက ဆန္ဒမဲပေးခြင်းသည် လူမျိုး ရေးမဟုတ်ဘဲ ဒေါ်အောင်ဆန်းစုကြည်ကို ချစ်ခင်မှုကြောင့်သာ မဲပေး ကြသည်ကို တွေ့ရကြောင်း မြန်မာတိုင်း(မ်)ကို ပြောသည်။
"အမေစုကို အရမ်းယုံကြည်တယ်။ မျက်နှာမြင်တာနဲ့ အရမ်းချစ် ကြတယ်။ ဘာလို့ယုံတာလဲ မပြောတတ်ဘူး။ ဖွံ့ဖြိုးတိုးတက်အောင် လုပ်ပေးမယ်လို့ ယုံကြည်တယ်"ဟု ကိုစဟိန်းမင်းဇာက ဆိုသည်။
ယခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် သံတမန်နှင့် လေ့လာသူ ၁၅၆ ဦးအား လေ့လာရန် စီစဉ်ပေးခဲ့သည်။
ထို့ပြင် ပြည်တွင်းရှိ နိုင်ငံခြားသတင်းထောက် ၂၇ ဦးနှင့် ပြည်တွင်းထုတ် စာနယ်ဇင်းများမှ သတင်းထောက် စုစု ပေါင်း ၄၂၇ ဦးကို သတင်းရယူနိုင်ရန် ခွင့်ပြုသည့် ကတ်ပြားများ ထုတ်ပေးခဲ့ကြောင်းလည်း ဖော်ပြထားသည်။
Myanmar Times

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis