menu

Tuesday 10 April 2012

မြောက်ကိုရီးယား ဒုံးကျည်ပထမအဆင့် လွှတ်တင်စင်ပေါ် ရောက်ရှိလာပြီဟု ယူဆရ




မြောက်ကိုရီးယားနိုင်ငံသည် တာဝေးပစ်ဒုံးကျည် ပထမအဆင့်ကို လွှတ်တင်စင်ပေါ်သို့ ရွှေ့လာသည်ဟု ယူဆရပြီး လာမည့်အပတ်တွင် လွှတ်တင်ဖွယ်ရှိကြောင်း အမေရိကန်ဝက်ဘ်ဆိုက်တစ်ခုက ရရှိထားသော ဓာတ်ပုံ အထောက်အထားများဖြင့် သုံးသပ်ဖော်ပြခဲ့သည်။

38 North (38north.org) ၀က်ဘ်ဆိုက်တွင် ဖော်ပြထားသော ဧပြီ ၄ ရက် ဂြိုဟ်တုဓာတ်ပုံတွင် အွန်ဟ-၃ ဒုံးကျည်ပထမအဆင့်ကို နိုင်ငံမြောက်ပိုင်း ဒုံးကျည်လွှတ်တင်စင်ရှိရာ တောင်ချန်းရီအရပ်တွင် ထားရှိထားပြီဟု ယူဆဖွယ် အခြေအနေများ တွေ့ခဲ့ရသည်။

ဒုံးကျည်ထောက်စင်ဟု ယူဆရသောအရာကို ဖုံးလွှမ်းကာကွယ်ထားမှုကို ယင်းဓာတ်ပုံတွင် မြင်တွေ့ခဲ့ရပြီး အတွင်းပိုင်းတွင် ပြင်ဆင်မှုများပြုလုပ်နေသည်ဟု ယူဆရသည့် အခြေအနေတွင် ရှိနေသည်။ ယင်းနေရာတစ်ဝိုက်တွင် လုံခြုံရေးများလည်း တင်းကျပ်ထားပြီး ပစ္စည်းများ သယ်ယူရန်လမ်းကြောင်းတစ်ခုကိုသာ ဖွင့်ပေးထားကြောင်းကို ပါတွေ့ခဲ့ရသည်။


အွန်ဟ-၃ ဒုံးကျည်၏ မည်သည့်အစိတ်အပိုင်းကို လွှတ်တင်စင်တွင် တပ်နေပြီဟု အတိအကျ မပြောနိုင်သေးသော်လည်း ပထမအဆင့်ကို တပ်နေခြင်းဖြစ်နိုင်သည်ဟု သုံးသပ်ထားခြင်းဖြစ်သည်။Ref: AFP
EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis