menu

Sunday 11 March 2012

လစ်ဗျားအရှေ့ဘက်ဒေသတွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ကြေညာမှုကို အစိုးရအဖွဲ့ ပယ်ချ




လစ်ဗျားအရှေ့ပိုင်းတွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ကြေညာခဲ့မှုနှင့်ပတ်သက်ပြီး ဘင်ဂါဇီမြို့တွင် လူမျိုးစုခေါင်းဆောင်များ မတ်လ ၆ ရက်နေ့က ဆွေးနွေးပွဲပြုလုပ်စဉ်
လစ်ဗျားအရှေ့ဘက်ရှိ ရေနံကြွယ်ဝသော ဒေသတွင် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသအဖြစ် ကြေညာခဲ့မှုကို လစ်ဗျား အသွင်ကူးပြောင်းရေး ကောင်စီ(NTC) ဥက္ကဋ္ဌ မူစတာဖာ အဘ်ဒယ်လ်ဂျာလီက ပယ်ချခဲ့ပြီး လစ်ဗျား ညီညွတ်ရေးအတွက် လိုအပ်ပါက အင်အားသုံးသွားမည်ဟု သတိ ပေးခဲ့သည်။
ယင်းဒေသမှ ခေါင်းဆောင်များအနေဖြင့် စေ့စပ်ဆွေးနွေးပွဲပြုလုပ်ရန် ဂျာလီက တိုက်တွန်းခဲ့ပြီး ကဒါဖီအစိုးရမှ အကြွင်းအကျန်များသည် ထိုးဖောက်စိမ့်ဝင်နေကြောင်း သတိပေးခဲ့ သည်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ကြေညာ ခဲ့သော လစ်ဗျားအရှေ့ဘက်မှခေါင်း ဆောင်များက မိမိတို့သည် ထရီပိုလီ အခြေစိုက် အစိုးရများ၏ ဆယ်စုနှစ်များစွာ လျစ်လျူရှုမှုကို ခံစားခဲ့ရကြောင်း ပြောကြားခဲ့သည်။
ယင်းဒေသကို ယခင်က Cyreaica ဟုခေါ်ဝေါ်ပြီး ဘင်ဂါဇီမြို့တွင် ဒေသခေါင်းဆောင်များ တွေ့ဆုံခဲ့ပြီးနောက် အုပ်ချုပ်ခွင့်ပိုမိုပေးရန် တောင်းဆိုခဲ့ခြင်း ဖြစ်သည်။  ယင်းခေါင်းဆောင်များက ၎င်းတို့ ဒေသတွင်းလွှတ်တော်၊ ရဲတပ်ဖွဲ့နှင့် တရားရုံးများကို ထိန်းချုပ်ခွင့် တောင်းဆို ခဲ့သော်လည်း ပြည်နယ်ခွဲ ထွက်ခွင့်ကိုမူ မတောင်းဆိုခဲ့ပေ။ နိုင် ငံခြားရေးမူဝါဒနှင့်ပတ်သက်၍ ထရီ ပိုလီအစိုးရလမ်းစဉ်အတိုင်း လိုက်နာရန် သဘောတူခဲ့သည်။
သို့သော် ဂျာလီကမူ ''ကျွန်တော်တို့ ဒီကိစ္စကိုတားဖို့ အဆင်သင့်ပဲ။ လိုအပ်ရင် အင်အားသုံးရမယ်'' ဟု နိုင်ငံပိုင်ရုပ်သံမှပြောကြားခဲ့သည်။
လစ်ဗျားတွင် ၁၉၅၁ ခုနှစ်က လွတ်လပ်ရေး ရခဲ့ပြီးနောက် ဒေသကြီးသုံးခုတွင် ဖက်ဒရယ်အာဏာ ရရှိခဲ့ပြီး ၁၉၆၃ ခုနှစ်တွင် ပြည်ထောင်စုအဖြစ် ပေါင်းစည်းခဲ့သည်။ Cyreaica ဒေသမှာ နိုင်ငံအလယ်ပိုင်း ကမ်းရိုးတန်းမြို့ ဆာတီမှ နိုင်ငံအရှေ့ဘက်ရှိ လစ်ဗျား-အီဂျစ် နယ်စပ်အထိ ရောက်ရှိကာ နိုင်ငံတွင်းရှိ ရေနံသုံးပုံနှစ်ပုံခန့် ပိုင်ဆိုင်ထားသော ဒေသဖြစ်သည်။
EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis