menu

Sunday 11 March 2012

ပညာရေးအတွက် အသုံးဝင်မည့် iPad Application များ

အမေရိကန် Nivada မြို့မှာ ၂၀၁၂ မတ်လ ကျရင် Explorer Knowledge Academy ဆိုတဲ့ ကျောင်းတစ်ကျောင်းဖွင့်မယ်။ ပထမဦးဆုံး iSchool လို့ပြောနိုင်တယ်။ ကျောင်းသားတစ်ယောက် iPad တစ်လုံးနဲ့ ကျောင်းတက်ရမယ်။
EKA ကျောင်းသားတွေဟာ မူလတန်း အဆင့်ကတည်းက iPad သုံးရမယ်။ သင်္ချာ၊ အင်္ဂလိပ်၊ လူမှုရေးနဲ့ သိပ္ပံဘာသာရပ်တွေကို သင်ကြားဖို့အတွက် iPad တွေကိုသုံးရမှာဖြစ်တယ်။
သူတို့ ဘယ်လို application တွေသုံးမလဲ။ အခြားကျောင်းတွေနဲ့ မိဘတွေကိုပါ ဘယ်လို application တွေသုံးပြီး အနာဂတ်ပညာရေးကို ကြိုတင်ပြင်ဆင်ထားကြမလဲဆိုတာ သိထားသင့်ပါတယ်။

 
BrainPOP
BrainPOP မှာ သိပ္ပံ၊ သင်္ချာ၊ လူမှုရေး၊ အင်္ဂလိပ်၊ အင်ဂျင်နီယာ၊ အနုပညာနဲ့ ကျန်း မာရေးဆိုင်ရာ ရုပ်ရှင်ဗီဒီယိုတွေ၊ မေးခွန်းတွေ ၇၅၀ လောက်ထည့်ထားတယ်။ အထူး ပြုလုပ် ချက်တွေနဲ့ ဖန်တီးထားတဲ့ ဘာသာရပ်ဆိုင်ရာရုပ်ရှင်တွေကို ကြည့်နိုင်တယ်။ ကြည့်ပြီးရင် မေးထားတဲ့ မေးခွန်းတွေကို ဖြေရတယ်။ ဒီ application ကို အခမဲ့ပေးထားတယ်။
ဒါပေမယ့် ကျောင်းမှာ သင်ထောက်ကူအနေနဲ့ သုံးမှာရယ်၊ လစဉ် upgrade တွေလိုချင်တယ်ဆိုရင်တော့ ၁.၉၉ ဒေါ်လာကနေ ၆.၉၉ ဒေါ်လာလောက်အထိ ထပ်ဆောင်းပေးရတယ်။ ဒါကလည်း ကျောင်းသားတွေပဲရမယ်လို့ ဆိုတယ်။
 
Cell and Cell Structure
ဂရပ်ဖစ် application ဖြစ်ပါတယ်။ အလယ်တန်းအဆင့်ကျောင်းသားတွေအတွက် ဆဲလ်တွေ အကြောင်း၊ ဆဲလ်တွေတည်ဆောက်ဖွဲ့စည်းပုံ၊ အသုံးဝင်ပုံတွေကို ဂရပ်ဖစ်ပြကွက်တွေနဲ့ ရှင်းပေးထားတယ်။ 3D ဂရပ်ဖစ်နဲ့ ဆဲလ်တွေရဲ့ ပုံသဏ္ဍန်အမျိုးမျိုး၊ အစိတ်အပိုင်းတွေကို ဖန်တီး ထားတယ်။ မေးခွန်းတွေလည်း ဖြေရတယ်။
ဘယ်လောက်မှတ်မိသလဲဆိုတာကို စစ်ဆေးတာ တွေလည်းပါတယ်။ မိုက်ခရိုစကုတ်နဲ့ ဆဲလ်တွေကိုကြည့်ရင် မြင်တွေ့ရမယ့် မြင်ကွင်းတွေကို လည်း ဗီဒီယိုပြကွက်တွေနဲ့ ပုံဖော်ထားတယ်။ အလကားမရဘူး။ App Store မှာ ၂.၉၉ ဒေါ်လာ နဲ့ဝယ်ရမယ်။

ConjuVerb
နိုင်ငံခြားဘာသာစကားလေ့လာရေး application တစ်ခုဖြစ်ပါတယ်။ စပိန်တွေ ပုံမှန် သုံးလေ့ရှိတဲ့ Verb တွေနဲ့ ကြိယာအသွင်ပြောင်း ကြိယာအုပ်စုတွေကို ၆၀၀ လောက် ဖော်ပြထားတယ်။ ပဟေဠိမေးခွန်းတွေ၊ စာလုံးကတ်တွေနဲ့ သင်ယူတတ်မြောက်မှုကို အစစ် ဆေး ခံနိုင်တယ်။ App Store မှာ အခမဲ့ရတယ်။
 
Dinopedia
National Geographic မဂ္ဂဇင်းကြီးက ဒိုင်နိုဆောအကြောင်းနားလည်တဲ့ ပညာရှင်တွေ ဖန်တီးထားတဲ့ ဒိုင်နိုဆောလမ်းညွှန် application ဖြစ်ပါတယ်။ ဒိုင်နိုဆော အမျိုးအစားပေါင်း ၇၀၀ ကျော်လောက် လေ့လာနိုင်တယ်။ ဒိုင်နိုဆောတွေရဲ့ အသံတွေ၊ အရွယ်အစား အတိုင်းအတာ၊ အရွယ်အစား နှိုင်းယှဉ်ချက်၊ ဗီဒီယိုပြကွက်တွေထည့်သွင်းထားတယ်။ မျိုးဆက် တွေရဲ့ ဆင်းသက်ပုံ အဆင့်ဆင့်ကို ဇယားတွေနဲ့လည်းပြထားတယ်။ ကိုယ်သိချင်တဲ့ ဒိုင်နိုဆော တွေကိုလည်း အမြန်ဆုံးရှာဖွေနိုင်တယ်။ App Store မှာ ၄.၉၉ ဒေါ်လာနဲ့ဝယ်ရမယ်။

Discover
သူကတော့ ရည်ညွှန်း (reference) အနေနဲ့သုံးဖို့ application ဖြစ်တယ်။ တက်ဘလက် သုံးသူတွေအတွက် Wikipedia က ဆောင်းပါးတွေကို လေ့လာနိုင်မယ့် အစီအစဉ်ပါ။ App Store မှာ အခမဲ့ရပါတယ်။
 
Math Bingo
ပညာရေးဆိုင်ရာ iPad မှာကစားနိုင်တဲ့ ဂိမ်းတစ်ခုဖြစ်ပါတယ်။ အပြိုင်အဆိုင် ဉာဏ် ကစားပြီး ဖော်ထုတ်ရတဲ့ဂိမ်းပါ။ မူလတန်းအဆင့် ကျောင်းသားတွေအတွက် ရည်ရွယ်ထားပါတယ်။
သင်္ချာပုစ္စာအဖြေမှန်ရင် ပိုးကောင် ၅ ကောင်တစ်တန်းတည်းဖြစ်သွားမယ်။ ရမှတ်ကတော့ ဘယ်လောက်မြန်အောင် ပုစ္စာတွေကိုဖြေနိုင်သလဲဆိုတဲ့ အပေါ်မူတည်ပြီး အနည်းအများ ကွာခြားနိုင်တယ်။ ပုစ္စာတိုင်းကို နှစ်စက္ကန့်နှုန်းနဲ့ ဖြေဆိုသွားနိုင်ရင် အမှတ်ကောင်းကောင်းရ တယ်။ App Store မှာ ၉၉ ဆင့်နဲ့ ဝယ်နိုင်တယ်။
 
Math Drills
ပညာရေးဆိုင်ရာ application တစ်ခုဖြစ်ပါတယ်။ ကျောင်းသား ၅၀ သင်္ချာဆိုင်ရာစမ်း သပ်စစ်ဆေးမှုတွေကို ဖြေဆိုနိုင်တယ်။ အပေါင်း၊ အနုတ်၊ အမြှောက်အစား မေးခွန်း တွေပါတယ်။ ကျောင်းသားတွေ နံပါတ်လိုင်းတွေ၊ သစ်သားတုံးတွေ၊ အချက်အလက်တွေနဲ့ သဲလွန်စတွေကိုဖော်ပြီး ဖြေရှင်းရတယ်။ ဆရာတွေက ကျောင်းသားတွေရဲ့ တစ်ဦးချင်းရမှတ်၊ ဖြေဆိုမှုမှတ်တမ်း၊ လိုအပ်ချက်တွေ၊ ဝေဖန်သုံးသပ်ချက်များကို ပြန်ကြည့်နိုင်တယ်။ App Store မှာ ၁.၉၉ ဒေါ်လာနဲ့ဝယ်နိုင်တယ်။

Penultimate
လက်ရေးနဲ့ မှတ်စုလိုက်နိုင်တဲ့ application ဖြစ်တယ်။ iPad မှာသုံးဖို့ စီစဉ်ထားတာ။ ဒစ်ဂျစ်တယ် စာမျက်နှာပေါ်မှာ လက်ရေးကို ကြိုက်သလိုသော့ပြီးရေးနိုင်တယ်။ ရေးပြီး သားတွေကို မှတ်စုအနေနဲ့ သိမ်းထားနိုင်တယ်။ ပုံတွေကိုထည့်ပြီး အောက်က မှတ်ချက်နဲ့ သိမ်းထားလို့ရတယ်။ App Store မှာ ၉၉ ဆင့်နဲ့ဝယ်နိုင်တယ်။

Scientific Graphic Calculator
သင်္ချာဆိုင်ရာ application တစ်ခုဖြစ်တယ်။ သင်္ချာပုစ္စာတွေကို iPad ပေါ်ကနေ calculator သုံးပြီး ဖြေရှင်းနိုင်တယ်။ တြိဂံတစ်ခုရဲ့ ထောင့်တစ်ထောင့်ကိုရှာနည်းကအစ ဂဲဩမေတြီဆိုင်ရာ ပုစ္စာတွေရဲ့ အဖြေရှာနည်းတွေလည်းပါတယ်။ သက်ဆိုင်ရာ ယူနစ်တွေကို တွက်ချက်နည်း တွေလည်းပါတယ်။ App Store မှာ ၁.၉၉ ဒေါ်လာနဲ့ ဝယ်နိုင်တယ်။
 
Word Wizard
စာလုံးပေါင်းသတ်ပုံစစ်ဆေးတဲ့ application ဖြစ်တယ်။ စာလုံးတစ်လုံးချင်းရဲ့ အသံထွက် ကိုလည်း သိနိုင်တယ်။ စာလုံးတွေကို ပေါင်းလိုက်ရင်လည်း ဘယ်လိုအသံထွက်ရမယ်ဆိုတာ ပြောပေးတယ်။ စာလုံးပေါင်း စစ်ဆေးတဲ့ မေးခွန်းပုစ္စာပေါင်း ၁၄၀၀ လောက်ပါတယ်။ မူလတန်း အဆင့်ကျောင်းသားတွေ စာလုံးတွေကို နှိပ်ပြီးတော့ဖြစ်စေ၊ QWERTY ကီးဘုတ်ကို သုံးပြီး တော့ဖြစ်စေ လေ့ကျင့်နိုင်တယ်။ App Store မှာ ၂.၉၉ ဒေါ်လာနဲ့ ဝယ်နိုင်တယ်။
မှတ်ချက် ။ Apple ပစ္စည်းတွေအကြောင်း၊ application တွေအကြောင်း အပြည့်အစုံသိချင်ရင် http://www.apple.com/ipad/ မှာ ဝင်ပြီးလေ့ လာနိုင်ပါတယ်။
တင်ညွန့်
MAUKKHA

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis