menu

Sunday 11 March 2012

၈၈ မျိုးဆက် ကျောင်းသားများနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ကြား ဆက်ဆံရေး အဖုအထစ်မရှိဟု ကိုမင်းကိုနိုင်က ပြောကြား


၈၈ မျိုးဆက်ကျောင်းသားများနှင့် ဒေါ်အောင်ဆန်းစုကြည်တို့အကြား အဖု အထစ်များရှိနေသည်ဟူသော သတင်း များအပေါ် ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်များက မတ်လ ၄ ရက်နေ့ တွင် ငြင်းဆိုလိုက်သည်။
"ဒီကနေ့အထိ ဒေါ်အောင်ဆန်း စုကြည်နဲ့သော်လည်းကောင်း၊ သူတို့ အဖွဲ့အစည်းနဲ့သော် လည်းကောင်း ကျွန်တော်တို့ဘက်က အမြင်မှာ ဘာအဖု အထစ်မှ မရှိပါဘူး။ ရေရှည်မှာ လက်တွဲ လို့ ရပါတယ်"ဟု ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် က အဖွဲ့၏ရုံးခန်းတည်ရှိရာ သင်္ဃန်းကျွန်း မြို့နယ်တွင် ပြုလုပ်ခဲ့သော သတင်းစာ ရှင်းလင်းပွဲတွင် ပြောသည်။
"ဒေါ်အောင်ဆန်းစုကြည်နဲ့ ကျွန်တော် တို့ တွေ့ခဲ့သမျှထဲမှာ ပွင့်ပွင့်လင်းလင်း ဆွေးနွေးခွင့်တွေ အမြဲတမ်းရခဲ့ပါတယ်။ သူလည်း ကျွန်တော်တို့ပြောသမျှကို နားထောင်ပေးခဲ့ပါတယ်။ ဒေါ်အောင် ဆန်းစုကြည်နဲ့ ကျွန်တော်တို့ကြားထဲမှာ ပြဿနာစိုးစဉ်းမျှ မရှိပါဘူး။ အောက်ခြေ တွေမှာတော့ လူ့အဖွဲ့အစည်းရဲ့ သဘာဝ ဖြစ်တဲ့ ဆွေးနွေးချင်စရာ၊ ပြောစရာတွေ ရှိကောင်းရှိပါမယ်။ သို့သော်အချက် အလက်အရ ဘယ်အချက်ကို ပြောတယ် ဆိုတာ ကျွန်တော်တို့မသိနိုင်ပါဘူး"ဟု ၎င်းကပြောသည်။

၈၈ မျိုးဆက်ကျောင်းသားများသည် စစ်မှန်သော ဒီမိုကရေစီဖော်ဆောင်ရေး အတွက် လာမည့်ကြားဖြတ်ရွေးကောက် ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်မည့် ဒေါ်အောင်ဆန်းစုကြည်၏ ဆုံးဖြတ် ချက်အား ထောက်ခံပြီး အားပေးဝန်းရံ သွားမည်ဟု ပြီးခဲ့သည့် ဇန်န၀ါရီလက ထုတ်ပြန်ခဲ့သည်။
"ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆုံးဖြတ် ချက်အပေါ်မှာ ကျွန်တော်တို့က လိုက်ပါ ဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်။ ဆုံးဖြတ် ချက်ဆိုတာ တွေ့ဆုံဆွေးနွေးရေးက လာ တာပါ။ ရွေးကောက်ပွဲဝင်ခြင်းတစ်ခု တည်းအတွက် မဟုတ်ပါဘူး။ ရွေး ကောက်ပွဲအောင်နိုင်ရေး campaign တစ်ခုတည်းကို မဆိုလိုပါဘူး"ဟု ၎င်းက ပြောသည်။
၈၈ မျိုးဆက်ကျောင်းသားများအနေ ဖြင့် ရှေ့ဆက်လုပ်ဆောင်သွားမည့် လုပ်ငန်းစဉ်များတွင် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းသော လူ့အဖွဲ့အစည်းဖြစ်ရေး တို့ကို ပေါင်းစည်းပြီး လုပ်ဆောင်သွား မည်ဟု ခေါင်းဆောင်များက ကြေညာခဲ့ သည်။
၎င်းတို့၏ ပွင့်လင်းသော လူ့အဖွဲ့ အစည်းပေါ်ပေါက်ရေး ရည်ရွယ်ချက် ကို ဟင်္သာတမြို့ခရီးစဉ်ဖြင့် စတင်ခဲ့ပြီး ကချင်ပြည်နယ်နှင့် မန္တလေးတိုင်း ခရီးစဉ် များ အပြီးတွင် ငြိမ်းချမ်းရေးကိုပါ ထပ်မံ ပေါင်းစည်းလိုက်ကြောင်း ကိုမင်းကိုနိုင် က ပြောသည်။
"ပွင့်လင်းသော လူ့အဖွဲ့အစည်းဆို တာ အမှောင်ခေတ်ကလို ပိန်းပိတ်နေတဲ့ အပိတ်ခံ လူ့အဖွဲ့အစည်းမဟုတ်ဘဲနဲ့ နယ်ပယ် အသီးသီးမှာ လွတ်လပ်ပွင့်လင်း ပြီး ပြည်သူလူထုရဲ့အခန်းကဏ္ဍဟာ ယခင်ထက်ပိုပြီးတော့ မြင့်မားလာ တယ်၊ အရေးပါ လာတယ် ဆိုတဲ့ ရည်ရွယ် ချက်ကို ကျွန်တော်တို့အခြေခံပါတယ်။ ပွင့်လင်းသော လူ့အဖွဲ့အစည်းမှာ ပြည်သူလူထုရဲ့ နစ်နာ ဆုံးရှုံးချက်တွေ ကို ဖော်ထုတ်ပြောဆိုခြင်း၊ ပြည်သူလူထု ရဲ့ ရပိုင်ခွင့်အခွင့်အရေးတွေကို အားလုံး ဖော်ထုတ်ပြောဆိုခြင်းတွေက စပါတယ်"ဟု ၎င်းက ပြောသည်။
ရှေ့ဆက်လုပ်ဆောင်မည့် လုပ်ငန်း စဉ်များတွင် ငြိမ်းချမ်းရေး၊ ပွင့်လင်း သော လူ့အဖွဲ့အစည်းတို့နှင့် ပတ်သက်သော အယူအဆ များကို ပြည်သူအများ ကြား ကျယ်ကျယ်ပြန့်ပြန့် နိုးကြားလာ ရန် ဆောင်ရွက်သွားမည်ဟု ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် တစ်ဦးဖြစ် သော ကိုကိုကြီးက ဆိုသည်။
"ပွင့်လင်းတဲ့ လူ့အဖွဲ့အစည်းဖြစ်ဖို့ အတွက် အဟန့်အတား၊ အတားအဆီး တွေရှိရင်လည်း အဲဒါကို ကျွန်တော်တို့ က သက်ဆိုင်ရာက နားလည်သိရှိလာ အောင် တင်ပြတာမျိုး၊ လူထုရဲ့သဘော ထားကို ဆွေးနွေးတာမျိုးတွေ ကျွန်တော် တို့ ဆက်ပြီးလုပ်သွားမှာပါ"ဟု ၎င်းက ပြောသည်။
၎င်းတို့အနေဖြင့် လူ့အဖွဲ့အစည်း အတွင်း အကြောက်တရားကင်းပြီး လွတ်လပ်သည့် အခြေအနေမျိုးဖြင့် တစ်ဦးချင်း၏ ဖွံ့ဖြိုး တိုးတက်မှုကို ဖော် ဆောင်သွားရန် ရည်ရွယ်ကြောင်း ကိုကို ကြီးက ပြောသည်။ ၈၈ မျိုးဆက်ကျောင်းသား ခေါင်း ဆောင် တစ်ဦးဖြစ်သော ကိုဌေးကြွယ်က "ကျွန်တော်တို့ ရှေ့ဆက်ဆောင်ရွက် မယ့် လုပ်ငန်းစဉ်တွေမှာ နိုင်ငံရေးကို အခြေပြုသည်ဖြစ်စေ၊ လူမှုရေးကို အခြေပြုသည်ဖြစ်စေ၊ နှစ်ခုစလုံး ကြောင့်ဖြစ်စေ ဒီဘက်ခေတ် နိုင်ငံရေး မျိုးဆက်ပြတ်မှုမဖြစ်အောင် ကျွန်တော် တို့ ကြိုးစားပြီး ရပ်တည်သွားမှာပါ။ ကျွန်တော်တို့အနေနဲ့ မျိုးဆက်တစ်ခု လုံးကို ကိုယ်စားပြုနိုင်မယ့် စုစည်းမှုမျိုး ရအောင် လုပ်ဆောင် သွားမှာဖြစ်ပါ တယ်"ဟု ပြောသည်။
၈၈ ကျောင်းသားများသည် ဖေဖော် ၀ါရီလ ၂၈ ရက်နေ့ကလည်း 'ကချင် ပြည်နယ် ငြိမ်းချမ်းရေးအတွက် မြစ်ကြီး နား ပဲ့တင်သံ'ဟု အမည်ပေးထားသော ကြေညာချက်တစ်ခုကို ထုတ်ပြန်ခဲ့ပြီး လွတ်လပ်ခြင်း၊ တရားမျှတခြင်း၊ တန်း တူညီမျှခြင်းတို့ကို အာမခံချက် ရှိသည့် ပြည်ထောင်စုဖြစ်ရန်နှင့် နိုင်ငံရေး ပဋိ ပက္ခများကြောင့် ဖြစ်ပွားနေသော ပြည် တွင်းစစ်ကို ရပ်စဲနိုင်ရန် စစ်မှန်သော ငြိမ်းချမ်း ရေးကို ရှေးရှုသည့် နိုင်ငံရေး ညှိနှိုင်းဆွေးနွေးမှုများ အမြန်ဆုံး ဖော် ဆောင်သွားရန် တိုက်တွန်းခဲ့သည်။
Myanmar Times

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis