menu

Wednesday 7 March 2012

ဟင်္သာတမြို့တွင် ဗုံးပေါက်ကွဲမှု တစ်ခုဖြစ်ပွားခဲ့ပြီး မပေါက်ကွဲရသေးသော ဗုံးတစ်လုံးတွေ့ရှိ




bba
ဗုံးပေါက်ကွဲမှုကြောင့် ပျက်ဆီးသွားသော မြို့နယ်
အုပ်ချုပ်ရေးရုံး တစ်နေရာ
ဟင်္သာတမြို့တွင် မတ်လ ၆ ရက်နေ့ နံနက်ပိုင်းက ဗုံးတစ်လုံး ပေါက်ကွဲခဲ့ပြီး ထိုနေ့တွင်ပင် မပေါက်ကွဲရသေးသော ဗုံးတစ်လုံးအား ထပ်မံ တွေ့ရှိခဲ့ကြောင်း သိရသည်။
ဖြစ်ပွားပုံမှာ မတ်လ (၆)ရက် နေ့ နံနက် ၁၀ နာရီဝန်းကျင်၌ ဟင်္သာတမြို့၊မြို့နယ်အုပ်ချုပ်ရေးမှူး ရုံးအ၀င်ဝတွင် ဗုံးတစ်လုံးပေါက်ကွဲ ခဲ့ပြီး ယင်းပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိသူနှင့် သေဆုံးသူ မရှိခဲ့သော်လည်း အဆိုပါရုံးရှိသွပ်များ လန်သွားခြင်း၊ မှန်ကွဲခြင်းများ ဖြစ်ပေါ်ခဲ့ပြီး ရုံးအ၀င်လမ်း အောက်ခြေဖောင်ဒေးရှင်းများ ပျက်စီးသွားခဲ့ကြောင်း သိရသည်။ ပေါက်ကွဲမှုကြောင့် အုတ်များ ခြံဝင်းအပြင်သို့ လွှင့်စင်သွားခဲ့သော်လည်း အခြားရုံးများ အိမ်များအား ထိခိုက်မှု မရှိကြောင်း သိရသည်။

bbb
အော်တိုအိပ်ချိန်းရုံး ရှေ့တွင် တွေ့ရှိရသော မပေါက်ကွဲရသေးသည့် ဗုံးအား သဲအိတ်များ၊ ကားတာရာများဖြင့် ကာရံထားစဉ်
ထိုသို့ ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီး တစ်နာရီကျော် အကြာ နံနက် ၁၁ နာရီ ၈ မိနစ်တွင် ဆက်သွယ်ရေး နှင့် ကြေးနန်းဝန်ကြီးဌာန စက်မှု ကျွမ်းကျင်သုံးစင်ရှိ ၀န်ထမ်းတစ်ဦးက ဟင်္သာတမြို့ အော်တိုအိပ်ချိန်းရုံးရှိ ရေမြောင်းငယ်ထဲတွင် ဗုံးဟုယူဆရသော အထုပ်တစ်ထုပ်တွေ့ရှိခဲ့ပြီး သက်ဆိုင်ရာသို့ အကြောင်းကြားခဲ့ကြောင်း သိရသည်။ ထို့ကြောင့် သက်ဆိုင်ရာ အာဏာပိုင်များက လာရောက် ရှင်းလင်းမှုများပြုလုပ်ပြီး အခင်းဖြစ်ပွားသည့် နေရာနှင့် ကိုက် ၂၀၀ အကွာအထိ လုံခြုံရေးအတွက် ခေတ္တလမ်းပိတ်ထားခြင်း၊ အနီးအနားရှိ ဆိုင်ခန်းများအား ပိတ်ထားခြင်းများ ပြုလုပ်ခဲ့သည်။ ယင်းနေရာသို့ မီးသတ်ယာဉ်များ၊ လုံခြုံရေးတာဝန် ရှိသူများနှင့် ခ.လ.ရ (၁၈)မှ တပ်မတော်သားများ လာရောက်ခဲ့ပြီး ယင်းအထုပ်ရှိရာ ရေမြောင်းအား သဲအိတ်များဖြင့် ကာရံထားခဲ့ကြောင်း သိရ သည်။ ထို့နောက် မွန်းလွဲ ၂ နာရီ ၂၅ မိနစ်အချိန်တွင် တပ်မတော်တန်းမြှင့် လေ့ကျင့်ရေးစခန်း(ကွင်းကောက်) မှ မိုင်းကျွမ်းကျင်အရာရှိတစ်ဦး လာရောက်ပြီး အဆိုပါအထုပ်အား ဖယ်ရှားရှင်းလင်းပေးခဲ့ကြောင်း သိရသည်။
ယင်းအထုပ်ထဲတွင် AA ဓာတ် ခဲ ၁၄ လုံး၊ တရုတ်လက်ပစ်ဗုံး တစ်လုံး၊ T&T ယမ်းပျော့များနှင့် စကားပြောစက်တစ်လုံး တွေ့ရှိရပြီး ယင်းအထုပ်ကို ဟင်္သာတမြို့ ရွှေစေတီဘုရား၏ အနောက်ဘက်ကမ်း ရှိ ကိုင်းတောချောက်ထဲ၌ မြုပ်ထားခဲ့သည်။ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက် အရ ဧရာဝတီတိုင်းဒေသကြီးမှ တာဝန်ရှိလုံခြုံရေး အကြီးအကဲများ လာရောက်ကြည့်ရှုပြီး နောက်ပိုင်း ယင်းဗုံးကို ဖျက်ဆီးပစ်မည် ဖြစ်ကြောင်း သိရှိရသည်။
bbc
အော်တိုအိပ်ချိန်းရုံးရှေ့ မြောင်းငယ်အတွင်း တွေ့ရှိရသော
မပေါက်ကွဲရသေးသည့် ဗုံးထည့်ထားသည့်အိတ်
ဗုံးပေါက်ကွဲမှုနှင့်ပ တ်သက်၍ ဟင်္သာတမြို့ခံတစ်ဦးက “ကျွန်တော့် ရဲ့ညီမလေးဟာ အုပ်ချုပ်ရေးရုံးမှာ လုပ်တာပါ။ ဒီပေါက်ကွဲသံဟာ ကျွန်တော်တို့အိမ်လို အဝေးကြီးကတောင် ကြားရပါတယ်။ ညီမလေးအတွက် စိုးရိမ်တာကြောင့် သိသိချင်း လာခဲ့တာပါ။ ထိခိုက်ဒဏ်ရာရရှိတဲ့သူ မရှိဘူးဆိုတဲ့အတွက် ၀မ်းသာမိပါတယ်” ဟု ပြောကြားခဲ့သည်။
ဗုံးပေါက်ကွဲမှုနှင့် ဗုံးတွေ့ရှိမှု ဖြစ်စဉ်တွင် တာဝန်ယူရသော အရာရှိ တစ်ဦးက “အော်တိုအိပ်ချိန်းရုံးရှေ့မှာ တွေ့တဲ့ဗုံးက အုပ်ချုပ်ရေးရုံးရှေ့မှာ ပေါက်တဲ့ဗုံးထက် ပိုပြင်းထန်တယ် လို့ ယူဆကြပါတယ်။ ဖောက်တဲ့လူတွေရဲ့ပုံစံက အုပ်ချုပ်ရေးရုံးအရှေ့မှာ အဖောက်ပြပြီး အော်တိုအိပ်ချိန်းရုံး ရှေ့ကိုဖောက်ဖို့ စီစဉ်ထားပုံရပါတယ်။ အသေးစိတ် စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်”ဟု ပြေကြား သွားခဲ့သည်။
EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis