menu

Sunday 4 March 2012

မြန်မာနိုင်ငံ၏ စွမ်းအင်ကဏ္ဍတွင် အမေရိကန်နှင့် ဥရောပနိုင်ငံများမှ ရင်းနှီးမြှုပ်နှံရန် အကြိုညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်နေ




မြန်မာနိုင်ငံ၏ စွမ်းအင်ကဏ္ဍတွင် အမေရိကန်နှင့် EU နိုင်ငံများမှ ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်နိုင်ရန်အတွက် အကြိုညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်နေကြောင်း စွမ်းအင်ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်။
''မြန်မာနိုင်ငံရဲ့စွမ်းအင်ကဏ္ဍမှာ ရှာဖွေတူးဖော်ရေးလုပ်ငန်းတွေ ပြုလုပ်ပြီး ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်နိုင်ဖို့ကို အမေရိကန်ကုမ္ပဏီတွေ လာရောက်ဆွေးနွေးနေသလို ဥရောပနိုင်ငံတွေကလည်း လာရောက် ဆွေးနွေးနေကြပါတယ်။ ဒါပေမယ့် ခုချိန်မှာ sanction ရှိနေသေးတော့ လတ်တလော ဆွေးနွေးမှုတွေက အကြိုညှိနှိုင်းထားတဲ့ သဘောပါ။ ဒီလထဲမှာတင် အမေရိကန်နဲ့ အင်္ဂလန်ကုမ္ပဏီလေးခုလောက် လာရောက်ဆွေးနွေးနေကြပါတယ်''ဟုလည်း စွမ်းအင်ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက Geo Myanmar-2012 အခမ်းအနားတွင် ပြောကြားခဲ့သည်။

အလားတူ မြန်မာနိုင်ငံဘူမိ သိပ္ပံအသင်းမှ တာဝန်ရှိသူတစ်ဦးက လည်း ''လက်ရှိမြန်မာနိုင်ငံရဲ့ ရေနံရှာဖွေတူးဖော်ရေး လုပ်ငန်းတွေမှာ ကုန်းတွင်းလုပ်ကွက် ၁၈ကွက်အတွက် တိုင်းရင်းသား လုပ်ငန်းရှင်တွေနဲ့ ပူးပေါင်းလုပ်ကိုင်ဖို့ဆိုပြီး ခေါ် ယူခဲ့တယ်။၂၀၁၁ခုနှစ်ထဲမှာ လုပ်ကွက်၁၀ကွက်ကို ပြည်ပခြောက်နိုင်ငံက လုပ်ငန်းရှင်တွေကို လုပ်ကိုင်ခွင့်ပြုခဲ့တယ်။  အခုနှစ်ထဲမှာ အမေရိကန် ကုမ္ပဏီတွေကလည်း ဒီနိုင်ငံမှာ ရင်း နှီးမြှုပ်နှံဖို့လာဆွေးနွေးနေကြတယ်။ sanction ရုပ်လိုက်ပြီဆိုတာနဲ့ သူတို့တွေက ၀ုန်းကနဲဝင်လာနိုင်အောင် အဆင်သင့်ပြင်ဆင်နေကြတာပါ။ Geo Myanmar -၂၀၁၂ ပွဲမှာလည်း အမေရိကန်ကုမ္ပဏီတွေ၊ ရေနံတူးဖော် ရေးလုပ်ငန်းတွေအတွက် လာရောက်ဆွေးနွေးနေကြတာ တွေ့ရပါတယ်'' ဟုလည်း ပြောကြားခဲ့သည်။
EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis