menu

Sunday 4 March 2012

ဖေဖော်ဝါရီလအတွင်း ဆွဲကြိုးချ သေဆုံးခဲ့သည့် ဖြစ်စဉ် သုံးခုဖြစ်ပွား




ငွေကြေး အဆင်မပြေသဖြင့် သေတမ်းစာရေး၍ အသက် ၅၅ နှစ် အရွယ် အမျိုးသားတစ်ဦး ဆွဲကြိုးချ သေဆုံးခဲ့သည့် ဖြစ်စဉ်တစ်ခု အပါအ၀င် ဖေဖော်ဝါရီလအတွင်း ဆွဲကြိုးချဖြစ်စဉ် ငါးခုဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။
ငွေကြေး အဆင်မပြေသဖြင့် သေဆုံးခဲ့သူ၏ဖြစ်စဉ်မှာ ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၁၆ ရက်နေ့ နံနက် ၆ နာရီ ၄၀ အချိန်တွင် စမ်းချောင်းမြို့နယ် မုန့်တောင်ရပ်ကွက်၊ ရွှေနှင်းဆီလမ်းရှိ ဆောက်လက်စ ကန်ထရိုက်တိုက်တွင် အမျိုးသားတစ်ဦး ဆွဲကြိုးချ သေဆုံးနေကြောင်း သတင်းအရ သွားရောက်စစ်ဆေးရာ သေဆုံးသူမှာ ဦး....(၅၅)နှစ်၊ ကန်ထရိုက်တိုက် အလုပ်သမား၊ စမ်းချောင်းမြို့နယ်နေသူဖြစ်ပြီး ၎င်းသည် ငွေကြေး အဆင်မပြေသဖြင့် သေတမ်းစာရေးသားကာ ရှစ်ပေခန့် မြင့်သော ကွန်ကရစ်တုတ်တန်းတွင် ၁၀ ပေခန့်ရှိ အစိမ်းရောင်နိုင် လွန်ကြိုးအား လည်ပင်းတွင်စွပ်လျက် ဦးခေါင်းတွင် ကြွပ်ကြွပ်အိတ်စွပ်၍ ဆွဲကြိုးချ သေဆုံးနေသည်ကို တွေ့ရှိရသည်။

အဆိုပါ သေမှုသေခင်း ရေးဖွင့် ဆောင်ရွက်မှုအား စမ်းချောင်းရဲစခန်း သေမှုသေခင်း အမှတ်စဉ် ၃/ ၂၀၁၂ ဖြင့် အမှုဖွင့်ပြီး စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထို့အတူ ဖေဖော်ဝါရီလ ၁၈ ရက်နေ့ ညနေ ၅ နာရီအချိန်တွင် ဒဂုံတောင်မြို့နယ် ၁၈ ရပ်ကွက်၊ မောင်းမကန် ကန်သာလမ်းရှိ နေအိမ် တစ်အိမ်တွင် သွေးတိုးရောဂါနှင့် အခြားရောဂါများ ခံစားနေရသူ ဦး..... ၆၂ နှစ် မှီခိုမှာ ၎င်းနေထိုင်သည့် နေအိမ်အောက်ထပ် အမြင့်ရှစ်ပေခန့်ရှိ တုတ်တန်းတွင် အရှည်ရှစ်ပေလုံးပတ် တစ်မတ်လုံးခန့် နိုင်လွန်ကြိုးဖြင့် ချည်နှောင်လျက် ဆွဲကြိုးချသေဆုံးနေပြီး ခြေထောက်တစ်ဖက်မှာ ကြမ်းပြင်နှင့် ရှပ်ထိကာ ကျန်တစ်ဖက်မှာ အလျားတစ်ပေခွဲ၊ အနံတစ်ပေခွဲ၊ အမြင့်တစ်ပေခန့်ရှိ သစ်သားစားပွဲ ပေါ်တွင်တင်လျက် စားပွဲခုံပုပေါ်တက် ၍ဆွဲကြိုးချ သေဆုံးသည့်အနေအထား တွေ့ရှိပြီး စစ်ဆေးဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
အလားတူ ဖေဖော်ဝါရီလ ၂၄ ရက်နေ့ မွန်းလွဲ ၃ နာရီအချိန်တွင် ဒဂုံမြောက်မြို့နယ် ၄၈ ရပ်ကွက် ဗိုလ်မှူးဗထူးလမ်းရှိ ပစ္စည်းအဟောင်း ရောင်းဝယ်ရေးဆိုင် အပေါ်ထပ်တွင် လူတစ်ဦး ဆွဲကြိုးချသေဆုံးနေကြောင်း သွားရောက်စစ်ဆေးရာ သေဆုံးသူမှာ ဦး... ၄၈ နှစ်ဖြစ်ပြီး ၎င်းသည် စီးပွားရေး အဆင်မပြေသည့်အပြင် ငှား၍ ဖွင့်ထားသည့် ပစ္စည်းအဟောင်းဆိုင်အား ဦးလေးဖြစ်သူ ဦး .... မှ ဖယ်ရှားခိုင်းသဖြင့် စိတ်ညစ်ပြီးအမြင့် ကိုးပေရှိတုတ်တန်းတွင် ပလတ်စတစ်ကြိုး အသေးများ ကျစ်ထားသည့် ငါးမူးလုံးခန့် အရှည်ခုနစ်ပေခန့်ရှိ ကြိုးအား လှေကားလက်တန်းပေါ်ချည်ကာ ဆွဲကြိုးချ သေဆုံးနေကြောင်း သိရှိရသည်။
အဆိုပါဖြစ်စဉ်၏ သေမှုသေခင်း ရေးဖွင့် ဆောင်ရွက်မှုအား ဒဂုံမြောက်ရဲစခန်း သေမှုသေခင်း အမှတ်စဉ် ၁၂/၂၀၁၂ဖြင့် အမှုဖွင့်ပြီး စစ်ဆေးဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis