menu

Wednesday 1 February 2012

နိုင်ငံတော်သမ္မတ၏ ချစ်ကြည်ရေးခရီးစဉ်အတွင်း မြန်မာ-စင်ကာပူနှစ်နိုင်ငံကြား စီးပွားရေး၊ လူ့စွမ်းအားအရင်းအမြစ်နှင့် ပြည်သူ့အုပ်ချုပ်ရေးကဏ္ဍ တိုးတက်ဖွံ့ဖြိုးရေးကိစ္စရပ်များ ပူးပေါင်းဆောင်ရွက်ရန် သဘောတူညီမှုရရှိခဲ့




သင်တန်းများကို စီစဉ်လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ အထူးသဖြင့် နယ်ပယ်အသီးသီးတွင် ကျွမ်းကျင်လုပ်သားများ ပေါ်ထွက်လာရေးအတွက် အဓိကရည်ရွယ်ကြောင်း စင်ကာပူအခြေစိုက် သတင်းဌာနများ၏ ဖော်ပြချက်အရ သိ ရသည်။ ထို့ပြင် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး၊ ဘဏ်လုပ်ငန်းနှင့် စီးပွားရေးဆိုင်ရာ ပြုပြင်ပြောင်းလဲရေးများအတွက်လည်း သင်ကြားပို့ချမှုများကို စင်ကာပူနိုင်ငံက ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း အထက်ပါသဘောတူညီချက်တွင် ပါဝင်သည်။

နိုင်ငံတော်သမ္မတဦးသိန်းစိန်၏ ဇန်န၀ါရီလ ၂၉ ရက်နေ့မှ ဖေဖော် ၀ါရီလ ၁ ရက်နေ့အထိ စင်ကာပူသမ္မတ၏ ဖိတ်ကြားချက်အရ သွားရောက်ခဲ့သော ချစ်ကြည်ရေးခရီးစဉ်တွင် စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်း၊ စင်ကာပူဝန်ကြီးချုပ် ဟောင်းနှင့် ၀ါရင့်ဝန်ကြီးဖြစ်သူ ဂိုချောက်တောင်၊သမ္မတ တိုနီတန်ကန်ယမ်းတို့နှင့် တွေ့ဆုံခဲ့သည်။
၎င်းခရီးစဉ်တွင် နိုင်ငံတော်သမ္မတ ဦး သိန်းစိန်နှင့်အတူ ဇနီးဖြစ်သူ ဒေါ်ခင်ခင်ဝင်းအပါအ၀င် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်၊ သမ္မတရုံးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးသိန်းညွန့်၊  ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်မြင့်၊ သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းအောင်၊ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြအေး၊ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာဝင်းမြင့်နှင့် ရန်ကုန်တိုင်းဒေသကြီး မြို့တော်ဝန် ဦးလှမြင့်တို့ ပါဝင်ခဲ့ကြကြောင်း သိရသည်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်မှာ ပြီးခဲ့သည့် ၂၀၀၉ ခုနှစ်ကလည်း နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ၏ ၀န်ကြီးချုပ်အဖြစ် စင်ကာပူနိုင်ငံသို့ အလည်အပတ်ခရီး သွားရောက်ခဲ့သည်။ ယခုခရီးစဉ်မှာ အစိုးရအဖွဲ့သစ်ကို စတင်တာဝန် ယူခဲ့ပြီးနောက်ပိုင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ စတုတ္ထမြောက် နိုင်ငံခြားခရီးစဉ်ဖြစ်ကြောင်း သိရသည်။ စင်ကာပူနိုင်ငံသည် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံထားမှု အများဆုံး နိုင်ငံများထဲတွင်ပါဝင်ပြီး ယမန်နှစ်က နှစ်နိုင်ငံကြား ကုန်သွယ်မှုမှာ အမေရိကန်ဒေါ်လာနှစ်ဘီလျံခန့် ရှိခဲ့သည်။
နားလည်မှုစာချွန်လွှာပါ အသေးစိတ်အချက်အလက်များ
အဆိုပါသဘောတူညီမှုအရ အနာဂတ်မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုများအတွက် လိုအပ်မည့် (၁)စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ (၂)လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှု၊ (၃)ပြည်သူ့အုပ်ချုပ်ရေးတို့အတွက် နည်းပညာဆိုင်ရာ အကူအညီများ၊ သင်တန်းပို့ချမှုများကို စီစဉ်ဆောင်ရွက်ပေးမည်ဖြစ်သည်။
(၁) စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုခေါင်းစဉ်အောက်တွင်ပါဝင်သောအချက်များ
- စီးပွားရေး တိုးတက်ကြီးထွားခြင်းနှင့် အစီအမံ
- မြို့ပြအခြေခံအဆောက်အအုံ တိုးတက်ကြီးထွားခြင်းနှင့် အစီအမံ
- နှစ်နိုင်ငံစီးပွားရေး ပူးပေါင်းဆောင်ရွက်ခြင်းနှင့် စီမံကိန်းသစ်များ တိုးတက်ကြီးထွားခြင်း
- ကုန်စည်စီးဆင်းမှု ပိုမိုလွယ်ကူစေခြင်း - ခရီးသွားလုပ်ငန်း အဆင့်မြှင့်တင်ခြင်းနှင့် ဖွံ့ဖြိုးတိုးတက်ခြင်း
- ဘဏ်လုပ်ငန်းကြီးကြပ်ခြင်းနှင့် ဗဟိုဘဏ်စနစ်
- ဥပဒေနှင့်ဆိုင်သည့် အခြေခံအစီအစဉ်တို့ဖြစ်ကြသည်။

(၂) လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှုခေါင်းစဉ်အောက်တွင် ပါဝင်သောအချက်များ
- စက်မှုပညာနှင့် အသက်မွေးဝမ်းကျောင်းသင်တန်း
- ၂၀၁၄ အာဆီယံဥက္ကဋ္ဌ တာဝန်ထမ်းဆောင်ရေးအတွက် ပြင်ဆင်မှုဆိုင်ရာ စည်းမျဉ်းစည်းကမ်း လုပ်ထုံးလုပ်နည်းများနှင့် စပ်လျဉ်းသည့် အသေးစိတ်အချက်အလက်များ- အင်္ဂလိပ်ဘာသာရပ်ဆိုင်ရာ သင်တန်းများ
- မြို့ပြကယ်ဆယ်ရေးနှင့် ရှာဖွေရေးဆိုင်ရာလုပ်ငန်းများ

(၃) ပြည်သူ့အုပ်ချုပ်ရေးကဏ္ဍ ခေါင်းစဉ်အောက်တွင်ပါဝင်သော အချက်များ
- သက်ဆိုင်ရာနယ်ပယ်အလိုက် အကြီးတန်းအရာရှိများ၏ အထူးပြုလေ့လာရေးခရီးစဉ်
- စီမံခန့်ခွဲခြင်းနှင့် ပြည်သူ့အုပ်ချုပ်ရေး
EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis