menu

Wednesday 1 February 2012

ကန်ဒေါ်လာ တစ်သောင်းနှင့် ညီမျှသော နိုင်ငံခြားငွေ မည်သူမဆို လွတ်လပ်စွာ လဲလှယ်နိုင်ပြီ "


ဒေါ်လာတစ်သောင်းနှင့်ညီမျှသည့် နိုင်ငံခြားငွေကို စာရွတ်စာတမ်းများ တင်ပြစရာမလိုဘဲ မည်သူမဆို တရားဝင် လဲလှယ်နိုင်ပြီဟု ငွေလဲလှယ်ခွင့်ရ ပုဂ္ဂလိက ဘဏ်များမှ သိရသည်။
၎င်းမှာ မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ ညွှန်ကြားချက်အရ ဖြစ်ပြီး ယခု ဖေဖော်ဝါရီ လဆန်း ရက်မှ စ၍ ငွေလဲကောင်တာ အသီး သီးတို့တွင် စတင်ဆောင်ရွက်လိမ့် မည်ဟု မြန်မာ့စက်မှုလက်မှု ဖွံ့ဖြိုး ရေးဘဏ် ဒါရိုက်တာ ဒေါက်တာ သန်းထွန်းက ဆိုသည်။
''အရင်တုန်းကတော့နိုင်ငံခြားသားဆိုရင် ပတ်စ်ပို့ပြ ရတယ်။ နောက် ပြီး ဒေါ်လာနှစ်ထောင် ကျော် ရင်လည်း လိုအပ်တဲ့ စာရွက်စာတမ်း တင်ရတယ်။ အခုဒါတွေ မလိုတော့ဘူး။ ကန်တစ်သောင်းအထိ လွတ်လပ် စွာလည်း ခွင့်ပြုပေးတယ်။ တစ် သောင်းကျော်ရင်တော့ နည်းနည်း စစ်ရမှာပေါ့'' ဟု ၄င်းက ပြောသည်။
ကန်ဒေါ်လာ တစ်သောင်းနှင့် အတူ စင်ကာပူဒေါ်လာနှင့် ယူရို ငွေကြေးများကိုပါ ခွင့်ပြုထားရာ မြန်မာနိုင်ငံသားတို့ပါ လွတ်လပ်စွာ လဲလှယ်ခွင့်ထဲတွင်အကျုံးဝင်သည် ဟု ၄င်းက ဆက်လက်ပြောသည်။
ယခင်က နိုင်ငံသားများ ငွေလဲ လှယ်လိုပါက နိုင်ငံခြားငွေ ရရှိရာ အရင်းအမြစ်ကို တင်ပြရခြင်းနှင့် ငွေဝယ်ယူလိုပါကမည်သည့်ကိစ္စများ တွင် အသုံးပြုမည်ဟု သက်သေ တင်ပြရခြင်းများရှိခဲ့သည်ဟု ပုဂ္ဂလိ ကဘဏ်အသိုင်းအဝိုင်းမှ သိရသည်။
''ဒါကောင်းတာပေါ့၊ အလုပ် ရှုပ်လည်း သက်သာသွားတယ်။ ဒါဆိုရင် အပြင်မှာလဲလှယ် နေသူတွေက ဒီကောင်တာတွေ ဆီမှာ ပဲလာလဲတော့ မှာပေါ့'' ဟု နိုင်ငံခြားနှင့် ဆက်စပ်လုပ်ကိုင်နေ သူ လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။
ယင်း၏ နောက်ဆက်တွဲ အဖြစ် ပြင်ပငွေလဲလှယ်နေသူများ အပေါ်ရိုက်ခတ်မှုရှိလာနိုင်ပြီး ရေရှည် တွင် ပြင်ပဈေးကွက်ပျောက်သွား လိမ့်မည်ဟု ငွေလဲဈေးကွက်က သုံးသပ်သည်။
လက်ရှိ၌ ငွေလဲကောင်တာ များ၏ ဈေးနှုန်းကို နိုင်ငံတကာ ဈေးကွက်ပေါက်ဈေးနှင့် အညီ သိမ်ဖြူကောင်တာက အဓိက သတ်မှတ်ပေးပြီး ၄င်းဈေး အပေါ်တွင် သတ်မှတ်ရာခိုင်နှုန်းအလိုက် ကျန် ကောင်တာများမှ ဈေးအတင် အချပြုလုပ်ခွင့်ပြုထားရာ ကန်ဒေါ်လာ ဈေးနှုန်းတွင် ပြင်ပပေါက်ဈေး နှင့် အနီးစပ်ဆုံး တူသော ဈေးနှုန်းဖြင့် ပြည် သူတို့ လဲလှယ်သွားနိုင်မည်ဟု ငွေလဲကောင်တာများမှ သိရသည်။

ပေါ်ပျူလာဂျာနယ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis