menu

Wednesday 1 February 2012

ဝါရင့်အဆိုရှင် လားရှိုးသိန်းအောင်နှင့် မာမာအေးတို့၏ ဖျော်ဖြေပွဲများ တင်ဆက်နိုင်ရန် ကြိုးပမ်းလျက်ရှိ




e4441
e4441a
ဝါရင့်အဆိုရှင် လားရှိုးသိန်း အောင်နှင့် မာမာအေးတို့၏ဖျော် ဖြေပွဲများအား ရန်ကုန်မြို့တွင် တင်ဆက်သွားနိုင်ရန် ကြိုးပမ်းလျက်ရှိသည် ဟု တေးသံရှင်ဇော်ဝင်းထွဋ်က ပြောကြားခဲ့သည်။ အဆိုပါ အဆိုတော်များအား အွန်လိုင်းမှတစ်ဆင့် ဆက်သွယ်မှုများ ပြုလုပ်လျက်ရှိပြီး ၎င်းတို့ အနေဖြင့်လည်း မြန်မာပရိသတ်များနှင့်  တွေ့ဆုံဖျော်ဖြေနိုင်ရန် ဆန္ဒရှိသည်ဟု ဇော်ဝင်းထွဋ်က ဆက်လက်ပြောကြားခဲ့သည်။
“ကျွန်တော့်ရဲ့ဆန္ဒကတော့ ပြည်ပမှာ အနေကြာနေတဲ့ အဆိုတော်ကြီးတွေနဲ့ မြန်မာပရိသတ်တွေကို ပြန်လည် ဆုံစည်းစေချင်တဲ့ ဆန္ဒပါ။
အနုပညာကို ချစ်တဲ့မြတ်နိုးတဲ့ ဘယ်အနုပညာရှင်မဆို ကိုယ့်ကိုချစ်တဲ့ ပရိသတ်တွေရှေ့မှာ ကိုယ့်အနုပညာနဲ့ ဖျော်ဖြေချင်ကြမှာပဲလေ။ ကျွန်တော်ယုံကြည်ထားတာ တစ်ခုက အခုချိန်က အားလုံး စည်းလုံးညီညွတ်စွာနဲ့ ပြန်လည်ဆုံတွေ့ကြမယ့် အချိန်ဆိုတာပါ။ ဒါကြောင့် ဒီအဆိုတော်ကြီးတွေကိုလည်း ကျွန်တော်တို့ မြန်မာပရိသတ်တွေနဲ့ ပြန်လည်ဆုံတွေ့စေချင်ပါတယ်။ ဒါကြောင့် လားရှိုးသိန်းအောင်ကိုရော၊ အန်တီမာမာအေးကိုပါ အွန်လိုင်းက တစ်ဆင့် ဆက်သွယ်ပြီး ကမ်းလှမ်း ထားပါတယ်။ လုပ်ဖြစ်လိမ့်မယ်လို့လည်း မျှော်လင့်ပါတယ်”ဟု အဆိုတော် ဇော်ဝင်းထွဋ်က ရှင်းပြခဲ့သည်။
၂၀၁၁ ခုနှစ်အတွင်း ပြည်ပရောက် မြန်မာအဆိုတော်ကြီးများမှ မြန်မာနိုင်ငံတွင် ဖျော်ဖြေပွဲများ လာရောက်ပြုလုပ်ခဲ့ကြပြီး ပရိသတ်များလည်း အားပေးမှုများပြားခဲ့ကာ ယခုကဲ့သို့ ဖျော်ဖြေပွဲများ ဆက်တိုက် ပြုလုပ်နိုင်ရန် စီစဉ်လာခြင်းဖြစ်သည်။ ပြည်ပရောက် အဆိုတော်များအနက် မြန်မာပြည်သိန်းတန်၏ ဖျော်ဖြေမှုသည် ပရိသတ်အားပေးမှု အမြင့်ဆုံး ရရှိခဲ့သည်။ အဆိုတော် တင်ဇာမော်သည်လည်း ၂၀၁၂ နှစ်ဆန်းပိုင်း တွင် လာရောက်ဖျော်ဖြေပြီးနောက် မေဆွိ၏ တစ်ကိုယ်တော်ဖျော်ဖြေပွဲကို လည်း ဖေဖော်ဝါရီလ ၁၃ရက်နေ့တွင် ပြုလုပ်သွားမည်ဟု သိရှိရသည်။
EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis