menu

Wednesday 1 February 2012

ပြည်ခိုင်ဖြိုးလည်း ကြားဖြတ်ရွေးကောက်ပွဲတွင် မဲဆန္ဒနယ်အားလုံး နိုင်ရမည်ဟု ဦးဌေးဦးပြောကြား

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ အထွေထွေအတွင်းရေးမှူး ဦးဌေး ဦး
လာမည့်ကြားဖြတ်ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် မဲဆန္ဒနယ်အားလုံး၌ မိမိတို့ပါတီမှ အနိုင်ရရှိမည်ဟု ခန့်မှန်းကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ အထွေထွေအတွင်းရေးမှူး ဦးဌေး ဦးကပြောသည်။

ဦးဌေးဦးက ယနေ့ပြန်လည်ကျင်းပသည့် ပထမအကြိမ်ပြည်သူ့လွှတ်တော် တတိယပုံမှန်အ စည်းအဝေး ပထမနေ့မစတင်မီ သတင်းထောက်များနှင့် တွေ့ဆုံစဉ် ယင်းသို့ပြောကြားသွားခြင်းဖြစ်သည်။

လာမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက လစ်လပ် မဲဆန္ဒနယ် ၄၈ နေရာစလုံး ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်းသိရသည်။

အလားတူ မကြာသေးမီက ပြန်လည်မှတ်ပုံတင်ခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ပါတီ သည်လည်း လစ်လပ်နေရာအားလုံးဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

သို့သော် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ပါဝင်ယှဉ်ပြိုင်မည့်ကိုယ်စားလှယ်လောင်းများ အား အမည်စာရင်းထုတ်ပြန်ထားပြီးဖြစ်ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကမူ ကိုယ်စားလှယ် လောင်း အမည်စာရင်းအား ထုတ်ပြန်ထားခြင်းမရှိသေးပေ။

" ကိုယ်စားလှယ်တွေကို ရွေးနေပါတယ် အဓိကတော့ လူထုသဘောကျတဲ့သူ၊ အကျင့်စာရိတ္တ ကောင်းတဲ့သူ ပြည်သူနဲ့ အဲဒီဒေသအပေါ် စေတနာရှိသူဖြစ်ရပါမယ်" ဟု ဦးဌေးဦးကပြောသည်။
7 DAY NEWS Journal - အတွဲ ၁၀၊ အမှတ် ၄၆

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis