menu

Monday 3 December 2012

အက်ဖ်အမ်အိုင်နေရာတွင် 'ကန်' ဒေါ်လာ သန်း ၄၀၀ ခန့် ရင်းနှီးမြှုပ်နှံကာ အဆင့်မြှင့်ရန်စီစဉ်

စီမံကိန်းပြီးစီးပြီးနောက် တွေ့ရှိရမည်မြင်ကွင်းကို သရုပ်ဖော်ရေးဆွဲထားသည့် နမူနာပုံစံအား တွေ့ရစဉ်။စီမံကိန်းပြီးစီးပြီးနောက် တွေ့ရှိရမည်မြင်ကွင်းကို သရုပ်ဖော်ရေးဆွဲထားသည့် နမူနာပုံစံအား တွေ့ရစဉ်။
ရန်ကုန်မြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းမ ပေါ်ရှိ လက်ရှိအက်ဖ်အမ်အိုင်ရုံးချုပ်ဝန်းအား အမေရိကန်
ဒေါ်လာ သန်း ၄၀၀ ခန့် ရင်းနှီးကာ လာမည့်နှစ်အတွင်း အဆင့်မြင့် ပြန်လည်တည်ဆောက်မည် ဟု
အက်ဖ်အမ်အိုင် ဂရုလီမိတက်မှ ဥက္ကဋ္ဌဖြစ်သူ ဦးသိမ်းဝေ(ခ) ဆာ့ခ်ျပန်းက နိုဝင်ဘာလ ၂၇ ရက်နေ့
က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။
"အခုအသစ် ပြန်တည်ဆောက်မယ့် စီမံကိန်းမှာ ကြယ်ငါးပွင့်အဆင့် ဟိုတယ်တစ်လုံး၊ ကြယ်လေး
ပွင့်အဆင့် ဟိုတယ် တစ်လုံး၊ အဆင့်မြင့် လူနေကွန်ဒိုမီနီယံ တစ်လုံး၊ ကြယ်လေးပွင့်အဆင့်
Service Apartment တစ်ခု၊ ရုံးခန်း အဆောက် အအုံနှစ်လုံး၊ အထပ်ငါးထပ်ပါ ဈေးဝယ်စင်တာ
တစ်လုံးနှင့် မြန်မာ့မီးရထားသမိုင်းပြတိုက်တို့ ပါဝင်ပါတယ်။အဆောက်အအုံအသစ်တွေက ၂၅ ထပ်
အမြင့်တွေရှိမှာဖြစ်ပြီး ကြမ်းခင်း ဧရိယာ စတုရန်းပေ နှစ်သန်းခန့်လောက် ရှိပါ တယ်"ဟု ဦးသိမ်းဝေ
က ပြောသည်။

လက်ရှိ အဆိုပါဝင်းအား ၁၉၉၃ ခုနှစ်တွင် အက်စ်ပီအေ-အက်ဖ်အမ်အိုင်ကုမ္ပဏီများအုပ်စုမှ ဘီအိုတီ
စနစ်ဖြင့် မြန်မာ့မီးရထားထံမှ ငှားရမ်းခဲ့ပြီး ယခုအသစ် ပြန်လည်တည်ဆောက်မှုအား ဘီအိုတီစနစ်
ဖြင့် အက်စ်ပီအေ-အက်ဖ် အမ်အိုင်-ရိုးမ strategic Holdings  ကုမ္ပဏီများအုပ်စုမှ ရင်းနှီးမြှုပ်နှံသွား
မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
"မြန်မာ့မီးရထား ရုံးချုပ်အဆောက် အအုံကိုတော့ အခန်း ၈၀ လောက်ပါတဲ့ ကြယ်ငါးပွင့်အဆင့်
ထက်ပိုတဲ့ ဟိုတယ် ပါမယ်။ နောက်အောက်ထပ်မှာ ခန်းမ တစ်ခုနဲ့ မြန်မာ့မီးရထား သမိုင်းပြတိုက်
လည်း ထားရှိပါမယ်။ ဒီဝင်းကြီး တစ်ခုလုံး မြေအောက်မှာ ကားအစီးရေ ၁၃၀၀ ဆံ့ ကားပါကင်
နှစ်ထပ် ထားရှိမှာဖြစ်ပါတယ်"ဟု ဦးသိမ်းဝေက ပြောသည်။
အဆိုပါ စီမံကိန်းအား အဆင့်နှစ်ဆင့် ဖြင့် လေးနှစ်ကျော် တည်ဆောက်မည် ဖြစ်ကာ စီမံကိန်း၏
ပထမအဆင့်တွင်ပါဝင်သည့် ရုံးချုပ်ဟောင်း ပြုပြင်မွမ်းမံသည့် လုပ်ငန်းအား လွန်ခဲ့သော ဩဂုတ်လ
ကုန်မှ စတင်ဆောင်ရွက်နေပြီး စီမံကိန်း ပထမအဆင့်အား ၂၀၁၅ ခုနှစ် မတိုင်မီ ဖွင့်လှစ်လည်ပတ်
နိုင်ရန်လျာထားကြောင်း သိရှိရသည်။
"ပထမဦးဆုံး အဲဒီအကွက်တစ်ခုလုံး အောက်ကားပါကင်အတွက် နှစ်ထပ်စ တူးပါမယ်။ ပြီးတော့
တစ်နှစ်လောက်အကြာမှာ အပေါ်ပိုင်းတွေကို ဆက်လုပ်ပါမယ်။ ဆိုတော့ ပထမအဆင့်ပြီးဖို့ လေးနှစ်
လောက်ကြာပါမယ်။ နောက်လက်ရှိ Grand Mee Ya Hta Residence ၊ အက်ဖ်အမ်အိုင်စင်တာ
တွေအားလုံးကို ဖြိုချပြီး အသစ်ပြန် ဆောက်မှာပါ။၂၀၁၅ ခုနှစ်လောက်မှာ တော့ အောက်ဘက်ပိုင်း
ဈေးဝယ်စင်တာ တွေကို ဖွင့်ဖို့တော့ ရည်မှန်းထား ပါတယ်"ဟု ၎င်းက ဆက်ပြောသည်။
"ဒီအစီအစဉ်တစ်ခုလုံးကို အရင်ဆုံး စည်ပင်ကခွင့်ပြုချက်ယူပြီး ဆောက်လုပ် ရေးကုမ္ပဏီရွေးချယ်ဖို့
အတွက် တင်ဒါ ခေါ်ပါမယ်။ သေချာတာတော့ တော် တော်လေးအဆင့်မြင့်တဲ့ ကုမ္ပဏီဖြစ်ရပါမယ်။
မီးရထားရုံးချုပ်လို ရှေးဟောင်း အဆောက်အအုံကို မူလလက်ရာမပျက် လုပ်ဖို့ဆိုတာ လွယ်တာ
မဟုတ်ပါဘူး။ စီမံကိန်းအရ လက်ရှိ အဆောက်အအုံ အားလုံးကို ဖြိုရမှာပါ။ တစ်နှစ်အတွင်း မှာ
Grand Mee Ya Hta Residence ကို ဖြိုချမှာပါ"ဟု ၎င်းက ပြောသည်။
Myanmar Times

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis