menu

Monday 3 December 2012

လက်ပန်းတောင်းတောင်ကြေးနီစီမံကိန်းရပ်ဆိုင်းရေးအတွက် ဆန္ဒပြကြရာတွင် ထိခိုက်ဒဏ်ရာရရှိခဲ့သော ဆရာတော်သံဃာတော်များအား ဆေးကုသ ရန်အတွက် သီတဂူဆရာတော်ကြီးမှ (၂၅)သိန်းလှူဒါန်း

လက်ပန်းတောင်းတောင်ကြေးနီစီမံကိန်းရပ်ဆိုင်းရေးအတွက် ဆန္ဒပြကြရာတွင် မြန်မာ့နိုင်ငံရဲတပ်ဖွဲ့မှ အကြမ်းဖက်နှိမ်နင်းမှုများကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သော ဆရာတော်သံဃာတော်များအား ဆေးကုသ ရန်အတွက် သီတဂူဆရာတော်ကြီးမှ (၂၅)သိန်းတိတိလှူဒါန်း

December 3, 2012  Home, သတင်း 

နိုဝင်ဘာ(၂၉)ရက်နေ့ညပိုင်းက လက်ပန်းတောင်းတောင်းတောင်ကြေးနီ သတ္ထုတူးဖော်ရေးစီမံကိန်းကြီးရပ်ဆိုင်း ရေးအတွက် ဆန္ဒပြမှုတွင် ပြည်ထဲရေးဝန်ကြီးဌာန မြန်မာနိုင်ငံတပ်ဖွဲ့မှ အကြမ်းဖက်ဖြိုခွဲနှိမ်နင်းမှုများကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြသော ဆရာတော်သံဃာတော်များအား လိုအပ်သည့်ဆေးဝါးများဝယ်ယူကုသရန်အ တွက် အလှူငွေ(၂၅)သိန်းကျပ်တိတိလှူဒါန်းခဲ့သည်။

“ဘုန်းကြီးက ရန်ကုန်တရားပွဲတစ်ခုကနေအပြန်ကားပေါ်မှာ ကပ္ပိရကသူ့ရဲဟမ်းဖုန်းနဲ့အင်တာနက်သုံးနေပြီး မုံရွာ မှာဖြစ်နေတာတွေကိုပြတယ်။မြင်မကောင်းရှု့မကောင်းတွေ့ရတော့ ဘုန်းကြီးတော်တော်လေးစိတ်မကောင်းဖြစ် သွားတာနဲ့ ဒါနဲ့မုံရွာကိုကြွလာတာ။

အခုလိုလက်တွေ့မြင်လိုက်ရတော့ပိုပြီးစိတ်မကောင်းဖြစ်မိတယ်။ကိုယ်တော်တို့ ရေနဲ့တော့ဘဲပက်တာပါ ဒါပေမဲ့ ပက်တဲ့ရေက ငရဲပြည်ကရေတွေဖြစ်နေတယ်။ကိုယ်တော်တို့အနေနဲ့အခု မီးလောင်ခံထားရတဲ့သင်္ကန်းတွေကို သေသေချာချာသိမ်းကြပါ။ကမ္ဘာကျော်သင်္ကန်းတွေပါ။တန်ဘိုးအလွန်ရှိတယ်။အဖိုးဖြတ်လို့မရအောင်တန်တယ်။ ဘုန်းကြီးမှာတောင်ဒီလိုသင်္ကန်းမျိုးတစ်စုံမှမရှိဘူး”ဟုလည်း မုံရွာဆေးရုံကြီးတွင်တက်ရောက်ကုသနေသောဆ ရာတော်သံဃာတော်များကို မိန့်တော်မူခဲ့ပါသည်။

အဆိုပါလှူဒါန်းငွေ(၂၅)သိန်းကျပ်အား လက်ပန်းတောင်းတောင်ကယ်တင်ရေးကော်မတီမှ ကော်မတီဝင်တစ်ဦး က မုံရွာပြည်သူ့ဆေးရုံကြီး ဆေးရုံအုပ်ကြီးရုံခန်းတွင်လက်ခံရယူခဲ့ပါသည်။

စိုးမိုးထွန်း(မုံရွာ)

အေးချမ်းမွန်မှ  The Hot News တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From : The Hot News

The Hot News

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis