menu

Monday 3 December 2012

ဆန္ဒထုတ်ဖော်သူများအား နယ်မြေစုံရဲစခန်းက တရားစွဲလျှက်ရှိ

Photo: ဆန္ဒထုတ်ဖော်သူများအား နယ်မြေစုံရဲစခန်းက တရားစွဲလျှက်ရှိ

ထွန်းနေအောင် (မြစ်မခ)
by Myit Makha Mediagroup on 3 Dec, 2012
 
ကြေးနီစီမံကိန်းရပ်ဆိုင်းရေးနှင့်သပိတ်စခန်းများအားဝင်ရောက်ဖြိုခွင်းခြင်းကို မကျေနပ်၍ ရန်ကုန်မြို့တွင်း ဆန္ဒထုတ်ဖော်သူများက ဆန္ဒဖော်ထုတ်လျက်ရှိရာ နယ်မြေစုံ ရဲစခန်းများက တရားစွဲလျှက်ရှိကြောင်း သိရှိရသည်
 
 
စီတန်းလှည့်လည်ခွင့် ပုဒ်မ(၁၈)၊ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ (၅၀၅/ခ)ဖြင့် နယ်မြေပေါင်းစုံ ရဲစခန်းများမှ တရားလိုပြုလုပ်၍ တရားစွဲဆိုခြင်းဖြစ်ကြောင်း တရားစွဲဆိုခံထားရသူများထံမှ သိရှိ ရသည်။
 
 
ရန်ကုန်မြို့တွင်း ဆန္ဒပြမှုအား နိုဝင်ဘာလ(၂၆)ရက်နှင့် (၃၀)ရက်နေ့တွင် နှစ်ကြိမ်၊ ဒီဇင်ဘာလ(၁)ရက်နှင့် (၂)ရက်နေ့တို့တွင် နှစ်ကြိမ်ဆက်တိုက်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
 
 
ဒီဇင်ဘလ (၂) ရက်နေ့တွင် ကိုမိုးသွေး(GW)နှင့် ကိုအောင်စိုး(ရန်ကုန် ပြည်သူ့ အကျိုးဆောင် ကွန်ယက်)တို့အား ဆန္ဒပြစီတန်းလှည့်လည်နေစဉ်တွင် နယ်မြေခံရဲမှ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်း ဖြစ်သည်။
 
 
နိုင်ဝင်ဘာလ (၂၇)ရက် ဖမ်းဆီးခံရသူ (၆)ဦး၊ ဒီဇင်ဘာလ (၁)ရက်နေ့တွင် ပုဒ်မ(၁၈)ဖြင့် ရဲစခန်း(၄)ခုမှ တရားဆွဲဆိုခံရသူ (၆)ဦး၊ အခြား ဖမ်းဆီးခံထားရသူနှင့် ၀ရမ်းထုတ်ခံထားရသူများ လည်းရှိကာ စုစုပေါင်းအယောက်(၂၀)ခန့်ရှိကြောင်း သိရသည်။
 
 
အစောပိုင်းက ဖမ်းဆီးခံရသူ ကိုဝေဋ္ဌု၊ ကိုညီညီ၊ မရှမ်းမ၊ ဒေါ်နော်အုံးလှ၊ ကိုရဲလင်းနှင့် ကိုမျိုးချစ်တို့ အား ဒီဇင်ဘာလ (၃)ရက်နေ့တွင် ပန်းပဲတန်းမြို့နယ် တရားရုံးတွင် ရုံးထုတ်မည်ဖြစ်ကာ နောက်ထပ် ဒီငြိမ်းလင်းအပါအ၀င် (၆)ဦးမှလည်း အာမခံရယူရန် ရဲစခန်းများသို့ သွားရောက်ရမည်ဖြစ်ကြောင်း သိရှိရသည်။
 
 
“မနေ့က စမ်းချောင်းရဲစခန်းက (၃) နာရီခွဲ၊ အလုံရဲစခန်းက (၁) နာရီမှာ စာပို့တယ်။ ပို့တဲ့စာကလည်း ခြေခြေမြစ်မြစ် ဘာမှမရှိဘူး။ ဦးစီးဦးဆောင်လုပ်တယ်ဆိုပြီးတော့ ဆင့်ခေါ်တယ်။ မလာလို့ရှိရင် ဒဏ်ငွေ ဆောင်ရမယ်။ ဒဏ်ငွေကိုလည်း နိုင်ငံတော် ဘဏ္ဍအဖြစ်သိမ်းမယ်ပေါ့ဗျာ။ အဲလောက်ပါပဲ”ဟု တရားဆွဲခံထားရသူ ဒီငြိမ်းလင်းက ပြောသည်။
 
 
ဒီငြိမ်းလင်းအား စမ်းချောင်း၊ အလုံနှင့် ကြည်မြင်တိုင် ရဲစခန်းများမှ ပုဒ်မ(၁၈)ဖြင့် တရားစွဲဆိုထားခြင်း ဖြစ်ပြီး ဒဂုံရဲစခန်းမှ ပုဒ်မ(၁၈)နှင့် ပူးပေါင်းပါဝင်ဆောင်ရွက်မှု ပုဒ်မ (၁၄၄) နှစ်မှုဖြင့် တရားဆွဲခံထားရ ခြင်းဖြစ်သည်။
 
 
“ကျွန်တော် ရဲစခန်းကိုသွားတော့ စခန်းတစ်ခုစီက (၅) သိန်းစီတောင်းတယ်။ ကျွန်တော်က (၅)သိန်း တော့ မလုပ်ပါနဲ့များတယ်။ မတတ်နိုင်ဘူးလို့ပြောတော့ (၁) သိန်းနဲ့အဆင်ပြေသွားတယ်။ အလုံနဲ့ စမ်းချောင်းကိုပဲ သွားရသေးတယ်။ တခြားစခန်းတွေတော့ မသွားရသေးဘူး”ဟု ဒီငြိမ်းလင်းက ဆက်ပြောသည်။
 
 
ဒီဇင်ဘာလ(၁)ရက်နေ့တွင် ပုဒ်မတပ် တရားစွဲဆိုခံထားရသူများမှာ ကိုမိုးသွေး(GW)၊ ဒီငြိမ်းလင်း (ကျောင်းသားသမဂ္ဂ)၊ ကိုစိုးမိုးထွန်း(နိုင်/ချုပ်)၊ မသန္တာ(စမ်းချောင်း)၊ ကိုကျော်မင်းဦးနှင့် အောင်မျိုး ဦးတို့ ဖြစ်သည်။
 
 
လက်ပံတောင်းတောင်ကြေးနီစီမံကိန်းရပ်ဆိုင်းရေးနှင့် အကြမ်းဖက်ဖြိုခွင်မှုအပေါ် မကျေနပ်၍ ဆန္ဒ ထုတ်ဖော်မှုများသည် ရန်ကုန်၊ မန္တလေးမြို့ကြီးများအပါအ၀င် မြန်မာနိုင်ငံအနှံ့အပြားတွင် ပုံစံမျိုးစုံဖြင့် ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်နေကြောင်း သိရှိရသည်။

အေးချမ်းမွန်မှ  Myit Makha Mediagroup တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :Myit Makha Mediagroup
ကြေးနီစီမံကိန်းရပ်ဆိုင်းရေးနှင့်သပိတ်စခန်းများအားဝင်ရောက်ဖြိုခွင်းခြင်းကို မကျေနပ်၍ ရန်ကုန်မြို့တွင်း ဆန္ဒထုတ်ဖော်သူများက
ဆန္ဒဖော်ထုတ်လျက်ရှိရာ နယ်မြေစုံ ရဲစခန်းများက တရားစွဲလျှက်ရှိကြောင်း သိရှိရသည်

စီတန်းလှည့်လည်ခွင့် ပုဒ်မ(၁၈)၊ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ (၅၀၅/ခ)ဖြင့် နယ်မြေပေါင်းစုံ ရဲစခန်းများမှ တရားလိုပြုလုပ်၍ တရားစွဲဆိုခြင်းဖြစ်ကြောင်း တရားစွဲဆိုခံထားရသူများထံမှ သိရှိ ရသည်။

ရန်ကုန်မြို့တွင်း ဆန္ဒပြမှုအား နိုဝင်ဘာလ(၂၆)ရက်နှင့် (၃၀)ရက်နေ့တွင် နှစ်ကြိမ်၊ ဒီဇင်ဘာလ(၁)ရက်နှင့် (၂)ရက်နေ့တို့တွင် နှစ်ကြိမ်ဆက်တိုက်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။


ဒီဇင်ဘလ (၂) ရက်နေ့တွင် ကိုမိုးသွေး(GW)နှင့် ကိုအောင်စိုး(ရန်ကုန် ပြည်သူ့ အကျိုးဆောင် ကွန်ယက်)တို့အား ဆန္ဒပြစီတန်းလှည့်လည်နေစဉ်တွင် နယ်မြေခံရဲမှ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်း ဖြစ်သည်။


နိုင်ဝင်ဘာလ (၂၇)ရက် ဖမ်းဆီးခံရသူ (၆)ဦး၊ ဒီဇင်ဘာလ (၁)ရက်နေ့တွင် ပုဒ်မ(၁၈)ဖြင့် ရဲစခန်း(၄)ခုမှ တရားဆွဲဆိုခံရသူ (၆)ဦး၊ အခြား ဖမ်းဆီးခံထားရသူနှင့် ၀ရမ်းထုတ်ခံထားရသူများ လည်းရှိကာ စုစုပေါင်းအယောက်(၂၀)ခန့်ရှိကြောင်း သိရသည်။


အစောပိုင်းက ဖမ်းဆီးခံရသူ ကိုဝေဋ္ဌု၊ ကိုညီညီ၊ မရှမ်းမ၊ ဒေါ်နော်အုံးလှ၊ ကိုရဲလင်းနှင့် ကိုမျိုးချစ်တို့ အား ဒီဇင်ဘာလ (၃)ရက်နေ့တွင် ပန်းပဲတန်းမြို့နယ် တရားရုံးတွင် ရုံးထုတ်မည်ဖြစ်ကာ နောက်ထပ် ဒီငြိမ်းလင်းအပါအ၀င် (၆)ဦးမှလည်း အာမခံရယူရန် ရဲစခန်းများသို့ သွားရောက်ရမည်ဖြစ်ကြောင်း သိရှိရသည်။


“မနေ့က စမ်းချောင်းရဲစခန်းက (၃) နာရီခွဲ၊ အလုံရဲစခန်းက (၁) နာရီမှာ စာပို့တယ်။ ပို့တဲ့စာကလည်း ခြေခြေမြစ်မြစ် ဘာမှမရှိဘူး။ ဦးစီးဦးဆောင်လုပ်တယ်ဆိုပြီးတော့ ဆင့်ခေါ်တယ်။ မလာလို့ရှိရင် ဒဏ်ငွေ ဆောင်ရမယ်။ ဒဏ်ငွေကိုလည်း နိုင်ငံတော် ဘဏ္ဍအဖြစ်သိမ်းမယ်ပေါ့ဗျာ။ အဲလောက်ပါပဲ”ဟု တရားဆွဲခံထားရသူ ဒီငြိမ်းလင်းက ပြောသည်။


ဒီငြိမ်းလင်းအား စမ်းချောင်း၊ အလုံနှင့် ကြည်မြင်တိုင် ရဲစခန်းများမှ ပုဒ်မ(၁၈)ဖြင့် တရားစွဲဆိုထားခြင်း ဖြစ်ပြီး ဒဂုံရဲစခန်းမှ ပုဒ်မ(၁၈)နှင့် ပူးပေါင်းပါဝင်ဆောင်ရွက်မှု ပုဒ်မ (၁၄၄) နှစ်မှုဖြင့် တရားဆွဲခံထားရ ခြင်းဖြစ်သည်။


“ကျွန်တော် ရဲစခန်းကိုသွားတော့ စခန်းတစ်ခုစီက (၅) သိန်းစီတောင်းတယ်။ ကျွန်တော်က (၅)သိန်း တော့ မလုပ်ပါနဲ့များတယ်။ မတတ်နိုင်ဘူးလို့ပြောတော့ (၁) သိန်းနဲ့အဆင်ပြေသွားတယ်။ အလုံနဲ့ စမ်းချောင်းကိုပဲ သွားရသေးတယ်။ တခြားစခန်းတွေတော့ မသွားရသေးဘူး”ဟု ဒီငြိမ်းလင်းက ဆက်ပြောသည်။


ဒီဇင်ဘာလ(၁)ရက်နေ့တွင် ပုဒ်မတပ် တရားစွဲဆိုခံထားရသူများမှာ ကိုမိုးသွေး(GW)၊ ဒီငြိမ်းလင်း (ကျောင်းသားသမဂ္ဂ)၊ ကိုစိုးမိုးထွန်း(နိုင်/ချုပ်)၊ မသန္တာ(စမ်းချောင်း)၊ ကိုကျော်မင်းဦးနှင့် အောင်မျိုး ဦးတို့ ဖြစ်သည်။


လက်ပံတောင်းတောင်ကြေးနီစီမံကိန်းရပ်ဆိုင်းရေးနှင့် အကြမ်းဖက်ဖြိုခွင်မှုအပေါ် မကျေနပ်၍ ဆန္ဒ ထုတ်ဖော်မှုများသည် ရန်ကုန်၊ မန္တလေးမြို့ကြီးများအပါအ၀င် မြန်မာနိုင်ငံအနှံ့အပြားတွင် ပုံစံမျိုးစုံဖြင့် ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်နေကြောင်း သိရှိရသည်။

Myit Makha Mediagroup

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis