menu

Monday 3 December 2012

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းရှိ သပိတ်စခန်းများအား အကြမ်းဖက်ဖြိုခွဲမှုနှင့် ပတ်သက်၍ နယ်ပယ်အသီးသီးမှ ပညာရှင်များပါဝင်သော ကန့်ကွက်သည့် သတင်းစာရှင်းလင်းပွဲပြုလုပ်

Photo: လက်ပံတောင်းတောင် ကြေးနီစီမံကိန်းရှိ သပိတ်စခန်းများအား အကြမ်းဖက်ဖြိုခွဲမှုနှင့် ပတ်သက်၍ နယ်ပယ်အသီးသီးမှ ပညာရှင်များပါဝင်သော ကန့်ကွက်သည့် သတင်းစာရှင်းလင်းပွဲပြုလုပ်

MONDAY, 03 DECEMBER 2012 01:13

လက်ပံတောင်းတောင် စီမံကိန်းသပိတ်စခန်းများ အကြမ်းဖက်နှိမ်နင်းမှုအား ကန့်ကွက်သည့် သတင်းစာရှင်းလင်းပွဲတွင် ပညာရှင်များက ရှင်းလင်းနေစဉ်လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနယ်မြေရှိ သပိတ်စခန်းများ အကြမ်းဖက်ဖြိုခွဲမှုနှင့် ပတ်သက်၍  နယ်ပယ်အသီးသီးမှ ပညာရှင်များက ကန့်ကွက်သည့် သတင်းစာရှင်းလင်းပွဲကို ဒီဇင်ဘာလ ၂ရက်နေ့ မွန်းလွဲပိုင်းက ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်ရှိ တော်ဝင်နှင်းဆီ စားသောက်ဆိုင်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် သစ်တောနှင့် သယံဇာတ ထိန်းသိမ်းရေးအသင်းမှ ဥက္ကဋ္ဌ ဦးအုန်း၊ မြန်မာ့ငှက်နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအသင်း ဥက္ကဋ္ဌဦးစိုးညွန့်၊ စီးပွားရေးနှင့် ဥပဒေလမ်းညွန်  ဦးတင်သန်းဦး၊ လူ့အခွင့်အရေး ကာကွယ်မြှင့်တင်ရေးကွန်ယက်မှ ဦးမြင့်အေး၊ ဓာတုဗေဒပညာရှင်နှင့် စာရေးဆရာဖြစ်သူ ဒေါက်တာခင်မောင်ညို ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းဇေယျနှင့် နိုင်ငံရေးအကျဉ်းသားဟောင်းများ အဖွဲ့ဝင်များက လက်ပံတောင်းတောင်အရေးနှင့် ပတ်သက်သည်များကို ရှင်းလင်းပြောကြားခဲ့သည်။''မြန်မာနိုင်ငံဟာ သဘာဝသယံဇာတတွေ အရမ်းပေါများတဲ့ နိုင်ငံဖြစ်ပြီး အဲဒါတွေကြောင့်ပဲ အခုကျွန်တော်တို့ ဒုက္ခရောက်နေကြရတာ ဖြစ်တယ်။ ဒါဟာ ဘယ်သူသေသေ ငတေမာရင်ပြီးရောဆိုတဲ့ သူတွေကြောင့် ဖြစ်ပါတယ်။ တောင်ကြီးဖြိုတာဟာ ဘယ်လောက်အတိုင်းအတာအထိ ပြဿနာရှိလဲ။ ကျွန်တော် တို့မျက်ကွယ်မှာ ဖြိုနေတာတွေ အများကြီးရှိတယ်။ ပုပ္ပါးတောင်ကြီးမှာ အလူမီနီယံတွေ ရှိတယ်ဆိုရင် ပုပ္ပါးတောင်ကလပ်ကို ဖြိုကြမှာလား ဘနဖူးတော့ သိုက်မတူးကြပါနဲ့။ အဓိကကတော့ ၂၀၀၈ ဖွဲ့စည်းပုံရဲ့ မဟုတ်မမှန်တဲ့ အနှစ်သာရတွေကို ခင်ဗျားတို့ ခံနေရတာ။ ကျွန်တော်တို့အားလုံးဟာ ဒါလေးရှုံ့ချပြီးတော့ ပြီးမသွားပါနဲ့၊၂၀၀၈ ဖွဲ့စည်းပုံကို ဖျက်သိမ်းနိုင်အောင် ဘယ်လိုလုပ်မလဲဆိုတာ စဉ်းစားဖို့လိုတယ်။ ဥပဒေတစ်ခု ပြဌာန်းတယ်ဆိုတာ အများလိုက်နာနိုင်ရမယ် အဓိပ္ပါယ်ရှိရမယ်။ လူတစ်ဦးတစ်ယောက်က၊ အာဏာရှင်တစ်ဦးက စိတ်တိုင်းကျ ရေးဆွဲပြီး နှစ်ပေါင်းများစွာ အချိန်ယူပြီး စိတ်တိုင်းကျ အကာအကွယ်ယူဖို့ ရေးဆွဲထားတာဖြစ်တယ်။ ကျွန်တော်တို့ တပ်မတော်ကို အင်မတန်ချစ်တယ်။ သိက္ခာရှိတဲ့ မြန်မာ့တပ်မတော်အဖြစ် ရှိစေချင်တယ်။ စီးပွားရေးလုပ်တဲ့ တပ်မတော်မဖြစ်စေချင်ဘူး'' ဟု မြန်မာ့ငှက်နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအသင်း ဥက္ကဋ္ဌဦးစိုးညွန့်က ပြောပြခဲ့ပါသည်။  ဒေါက်တာခင်မောင်ညိုက လည်းလက်ပံတောင်းတောင်အရေးနှင့် ပတ်သက်သည့် ဓာတုဗေဒဆိုင်ရာ အမြင်နှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အမြင်များကို ပြောပြခဲ့ရာ  မီးလောင်ဗုံးအမျိုးအစားများ ဖြစ်ပေါ်လာပုံနှင့် ဗုံးအမျိုးအစား များတွင်ပါဝင်သည့် ဓာတုဗေဒ ပစ္စည်းများအကြောင်းကိုရှင်းလင်း ပြောကြားခဲ့ပြီး လက်ပံတောင်းတောင် စီမံကိန်းရှိ သပိတ်စခန်းများအား အကြမ်းဖက်နှိမ်နှင်းရာတွင် မြန်မာနိုင်  ငံရဲတပ်ဖွဲမှ အသုံးပြုခဲ့သည့် လက်နက်များအကြောင်းနှင့် အဆိုပါ လက်နက်များ မည်သည့်နေရာမှ ရရှိသည်ကိုလည်း သက်ဆိုင်ရာမှ ရှင်းလင်းရန် လိုအပ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။     

ELEVEN MEDIA GROUP

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis