menu

Tuesday 11 September 2012

အမြန်လမ်းမကြီးတွင် သတ်မှတ်မိုင်နှုန်းကျော်ပြီး မောင်းနှင်မှုများကို Redflex Traffic System အသုံးပြုကာ ဖမ်းဆီးတော့မည်



အဝေးပြေးအမြန်လမ်းမကြီးတွင် သတ်မှတ်မိုင်နှုန်းအရှိန်ထက် ကျော်လွန်မောင်းနှင်မှုကို REDFLEX Traffic System အသုံးပြုကာ ဖမ်းဆီးအရေးယူတော့မည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ REDFLEX Traffic System သည်  Frequency 24.0GHz ကိုအသုံးပြုထားသော Radar စနစ်ဖြစ်ပြီး

သတ်မှတ်ထားသော မိုင်နှုန်းထက်ပိုပါက အလိုအလျောက် ဓါတ်ပုံ/ မောင်းနှင်သည့်အရှိန်/မိုင်နှုန်းနှင့် တည်နေရာတို့ကို ရာသီမရွေး နေ့/ညမရွေး မှတ်တမ်းတင်ထားနိုင်ကြောင်း၊ နိုင်ငံတကာမှ တိကျမှုကို အသိအမှတ်ပြုထားခြင်းခံရသည့် ကိရိယာဖြစ်ပြီး တစ်စုံလျှင် USD 70000 ကျော်ကျသင့်ကြောင်း သိရသည်။ မည်သည့်နေရာကိုမဆို လွယ်ကူစွာ သယ်ဆောင်အသုံးပြုနိုင်သည့် Mobile ကိရိယာဖြစ်ကြောင်း သိရသည်။ ကိရိယာတွင်ပါဝင်သည့် ဘက်ထရီမှာ (၆) နာရီကြာ ဆက်တိုက်အသုံးပြုနိုင်သည်။ 500GB HDD ပါ ကွန်ပျူတာ၊ တည်နေရာပြသနိုင်သည့် GPS , 12.0 Megapixel ပါ ကင်မရာတို့ပါဝင်သည်
။ ကင်မရာမှာ 400 mili Second အထိ မြန်ဆန်စွာ ပုံရိပ်ရိုက်ကာမှတ်သားနိုင်ကြောင်း၊ Radar စနစ်ဖြစ်၍ အခြားစနစ်ထက် ပိုမိုသာလွန်သည်ဟု REDFLEX Traffic System ၏ အရှေ့တောင်အာရှတာဝန်ခံ Mr.Kumaresh ကဆိုသည်။ Redflex Traffic System စတင်အသုံးပြုမည့်အကြောင်း ရှင်းလင်းတင်ပြပွဲအား နေပြည်တော် ၁၉၅ မိုင်စခန်း၌ ယခုလ ၅ ရက်နေ့မနက်ပိုင်းက ကျင်းပခဲ့ကြောင်းသိရသည်။ အဆိုပါရှင်းလင်းပွဲသို့ သက်ဆိုင်ရာမှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့သည်။ REDFLEX Traffic System ၏ အရှေ့တောင်အာရှတာဝန်ခံ Mr. Kumaresh မှ REDFLEX Radar Cam ၏ အလုပ်လုပ်ပုံအဆင့်ဆင့်ကို ရှင်းလင်းတင်ပြပြီး ရန်ကုန်-မန္တလေးလမ်းပေါ်တွင် လက်တွေ့စမ်းသပ်ပြခဲ့သည်။

ရေးသားသူ -ကျော်ဇေယျ
Internet Journal

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis