menu

Tuesday 11 September 2012

လက်ပန်းတောင်းအရေး လှုပ်ရှားသော အမျိုးသမီး ၁၂ဦးထဲမှ ကိုးဦးကို ပြန်လည်လွှတ်ပေး

Photo: လက်ပန်းတောင်းအရေး လှုပ်ရှားသော အမျိုးသမီး ၁၂ဦးထဲမှ ကိုးဦးကို စက်တင်ဘာ ၁၁ ရက် နံနက် ၁ နာရီအချိန်တွင် ပြန်လည်လွှတ်ပေးခဲ့ပြီး၊ သုံးဦးကိုမူ ဆက်လက်ထိန်းသိမ်း စစ်ဆေးလျက်ရှိကြောင်း မုံရွာမြို့မှ 7Day News သတင်းထောက်က သတင်းပေးပို့သည်။

``မနေ့ညက ၁ နာရီမှာ လွှတ်ပေးတယ်။ မုံရွာရဲစခန်းကနေ ရွာအထိ လိုက်ပို့တာ။ ည ၂နာရီလောက်မှ ရွာရောက်တယ်။ ရဲစခန်းမှာ ရဲအင်အားနဲ့ ခြိမ်းခြောက်တော့ ကြောက်စရာသိပ်ကောင်းတယ်။ စစ်တာ၊ ဆေးတာကလည်း များတော့ ရွာကိုပြန်ချင်တာပဲသိတယ်။ အကျဉ်းခန်းမှာ နေရတဲ့ဒုက္ခက သိပ်ကြောက်စရာကောင်းတော့ ကျန်ခဲ့တဲ့ မသွယ်သွယ်ဝင်း၊ မဖြူဖြူဝင်းနဲ့ မအေးနက်တို့ကို လွတ်အောင်ကြိုးစားပေးကြပါ´´ဟု မုံရွာရဲစခန်းမှ ပြန်လည်လွှတ်ပေးလိုက်သော လက်ပန်းတောင်းအရေး လှုပ်ရှားသော အမျိုးသမီးတစ်ဦးက ငို၍ပြောသည်။

မုံရွာခရိုင် ဆားလင်းကြီးမြို့နယ် လက်ပန်းတောင်းအရေး လှုပ်ရှားမှုတွင် ပါဝင်ခဲ့သော ၀က်မှေးကျေးရွာနှင့် ရွှေလှေကျေးရွာတို့မှ ဒေသခံအမျိုးသမီး ၁၂ဦးအား စက်တင်ဘာ ၁၀ ရက် မွန်းလွဲ ၁၁ နာရီခန့်တွင် ယာယီဖမ်းဆီးခဲ့ခြင်းဖြစ်၍၊ ပြန်လွတ်မြောက်လာသူ ကိုးဦးမှာ ရဲစခန်းတွင် ၁၂နာရီနီးပါး နေခဲ့ရခြင်းဖြစ်သည်။ ကျန်ရှိနေသူသုံးဦးကို ထပ်မံလွှတ်ပေးရန်အတွက် ၄င်းတို့လွတ်မြောက်ရေး တောင်းဆိုသူများက ဆက်လက်တောင်းဆိုသွားမည်ဖြစ်ကြောင်းပြောသည်။
မုံရွာမြို့လယ် အချို့နေရာများတွင် ယနေ့နံနက်၌ လုံခြုံရေးကို တင်းကျပ်စွာချထားသည်။

ဖမ်းဆီးခံထားရသူများထဲမှ နှစ်ဦးမှာ ဥပဒေနှင့်အညီ အရေးယူပေးရန် တိုင်ကြားမှုကြောင့် ထိန်းသိမ်းထားခြင်းဖြစ်ပြီး၊ အပြစ်မရှိသူများကို ပြန်လွှတ်ပေးမည်ဖြစ်ကြောင်း မုံရွာမြို့နယ် ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက 7Day News ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားသည်။

ဓာတ်ပုံ - မျိုးမင်းဦး
လက်ပန်းတောင်းအရေး လှုပ်ရှားသော အမျိုးသမီး ၁၂ဦးထဲမှ ကိုးဦးကို စက်တင်ဘာ ၁၁ ရက် နံနက် ၁ နာရီအချိန်တွင် ပြန်လည်လွှတ်ပေးခဲ့ပြီး၊ သုံးဦးကိုမူ ဆက်လက်ထိန်းသိမ်း စစ်ဆေးလျက်ရှိကြောင်း မုံရွာမြို့မှ 7Day News သတင်းထောက်က သတင်းပေးပို့သည်။

``မနေ့ညက ၁ နာရ
ီမှာ လွှတ်ပေးတယ်။ မုံရွာရဲစခန်းကနေ ရွာအထိ လိုက်ပို့တာ။ ည ၂နာရီလောက်မှ ရွာရောက်တယ်။ ရဲစခန်းမှာ ရဲအင်အားနဲ့ ခြိမ်းခြောက်တော့ ကြောက်စရာသိပ်ကောင်းတယ်။ စစ်တာ၊ ဆေးတာကလည်း များတော့ ရွာကိုပြန်ချင်တာပဲသိတယ်။ အကျဉ်းခန်းမှာ နေရတဲ့ဒုက္ခက သိပ်ကြောက်စရာကောင်းတော့ ကျန်ခဲ့တဲ့ မသွယ်သွယ်ဝင်း၊ မဖြူဖြူဝင်းနဲ့ မအေးနက်တို့ကို လွတ်အောင်ကြိုးစားပေးကြပါ´´ဟု မုံရွာရဲစခန်းမှ ပြန်လည်လွှတ်ပေးလိုက်သော လက်ပန်းတောင်းအရေး လှုပ်ရှားသော အမျိုးသမီးတစ်ဦးက ငို၍ပြောသည်။

မုံရွာခရိုင် ဆားလင်းကြီးမြို့နယ် လက်ပန်းတောင်းအရေး လှုပ်ရှားမှုတွင် ပါဝင်ခဲ့သော ၀က်မှေးကျေးရွာနှင့် ရွှေလှေကျေးရွာတို့မှ ဒေသခံအမျိုးသမီး ၁၂ဦးအား စက်တင်ဘာ ၁၀ ရက် မွန်းလွဲ ၁၁ နာရီခန့်တွင် ယာယီဖမ်းဆီးခဲ့ခြင်းဖြစ်၍၊ ပြန်လွတ်မြောက်လာသူ ကိုးဦးမှာ ရဲစခန်းတွင် ၁၂နာရီနီးပါး နေခဲ့ရခြင်းဖြစ်သည်။ ကျန်ရှိနေသူသုံးဦးကို ထပ်မံလွှတ်ပေးရန်အတွက် ၄င်းတို့လွတ်မြောက်ရေး တောင်းဆိုသူများက ဆက်လက်တောင်းဆိုသွားမည်ဖြစ်ကြောင်းပြောသည်။
မုံရွာမြို့လယ် အချို့နေရာများတွင် ယနေ့နံနက်၌ လုံခြုံရေးကို တင်းကျပ်စွာချထားသည်။

ဖမ်းဆီးခံထားရသူများထဲမှ နှစ်ဦးမှာ ဥပဒေနှင့်အညီ အရေးယူပေးရန် တိုင်ကြားမှုကြောင့် ထိန်းသိမ်းထားခြင်းဖြစ်ပြီး၊ အပြစ်မရှိသူများကို ပြန်လွှတ်ပေးမည်ဖြစ်ကြောင်း မုံရွာမြို့နယ် ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက 7Day News ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားသည်။

7Day News Journal

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis