menu

Tuesday 11 September 2012

ကျန်ရှိနေသေးသော နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် နိုင်ငံရေးအကျဉ်းသား ဟောင်းများအဖွဲ့ မှ နိုင်ငံတော် သမ္မတထံသို့ တောင်းဆို




74916
နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့၏ သတင်းစာ ရှင်းလင်းပွဲအား တွေ့ရစဉ်
နိုင်ငံတစ်ဝန်းလုံးရှိ အကျဉ်းထောင် အသီးသီး၌ ကျန်ရှိနေသေးသော နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေးအတွက် နိုင်ငံ ရေးအကျဉ်းသားဟောင်းများအဖွဲ့မှ နိုင်ငံတော်သမ္မထံသို့ တင်ပြတောင်းဆိုမှုများ ပြုလုပ်ထားကြောင်း ပြောကြားခဲ့သည်။ ယင်းပြောကြားမှုကို စက်တင်ဘာလ ၁၁ ရက်နေ့က ရန်ကုန်မြို့ တော်ဝင်နှင်းဆီ စားသောက်ဆိုင်၌ ကျင်းပပြုလုပ်ခဲ့သော နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့၏ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။
‘‘ စက်တင်ဘာလ ၁၁ ရက် မနက် ၉ နာရီခွဲမှာပဲ ရန်ကုန်ကနေ နေပြည်တော်က နိုင်ငံတော် သမ္မထံကို မေတ္တာရပ်ခံစာတစ်စောင် ပေးပို့ခဲ့ပါတယ်။ စာထဲမှာ ပါတဲ့အဓိက အကြောင်းအရာကတော့ ကျန်ရှိနေသေးတဲ့ မြန်မာနိုင်ငံတစ်ဝန်း ထောင်အသီးသီးက နိုင်ငံရေးအကျဉ်းသားပေါင်း သုံးရာကျော်ကို  အမြန်ဆုံး လွတ်ငြိမ်းချမ်းသာခွင့် ပေးဖို့နဲ့ ပြည်ပရောက်မြန်မာ့ဒီမိုကရေ စီအင်အားစုတွေ နိုင်ငံအတွင်းကို ဂုဏ်သိက္ခာရှိရှိ ပြန်လာနိုင်ဖို့အတွက်တွေကို ဦးစားပေးတောင်းဆိုခဲ့ပါတယ်။ ကျွန်တော်တို့ဟာ လက်ရှိ ပြောင်းလဲနေတဲ့ နိုင်ငံရေးကို အစဉ် အားပေးနေပါတယ်။
ဂုဏ်သိက္ခာရှိရှိ ပြောင်းလဲမှုမျိုးဖြစ်အောင် ကျန်ရှိနေသေးတဲ့ နိုင်ငံရေးအကျဉ်းသားများရဲ့ကိစ္စကို အမြန်ဆုံးဖြေရှင်း ပေးစေချင်ပါတယ် ‘‘ နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့မှ ကိုဘိုဘိုဦး ကပြောခဲ့သည်။
‘ မြန်မာနိုင်ငံ ခေတ်သမိုင်းအဆက်ဆက်၌ လူ့အခွင့်အရေး၊ ဒီမိုကရေစီအရေး၊ အမျိုးသားပြန် လည်သင့်မြတ်ရေး စတာတွေကို အသွင်သဏ္ဍာန်အမျိုးမျိုး၊ လှုပ်ရှားမှု အမျိုးမျိုးနဲ့ ပါဝင်ဆောင်ရွက်ခဲ့ကြပြီး  ခေတ်အဆက်ဆက် အစိုးရတို့က နိုင်ငံရေးရည်ရွယ်ချက်ရှိရှိဖြင့် ပုဒ်မ အမျိုးမျိုးတပ်ကာ ဖမ်းဆီးထောင်ချ အပြစ်ပေးခံရသူများကို နိုင်ငံရေးအကျဉ်းသားဟု ကျွန်ုပ်တို့က သတ်မှတ်ပါသည်’ ဟူသော နိုင်ငံရေး အကျဉ်းသားသတ်မှတ်ပုံကို ပြောကြားခဲ့ပါသည်။
ထောင်ဒဏ် ၁၅ နှစ် အကျဉ်းကျခံနေရသော ကိုအောင်သူ၏ ဖခင်ဖြစ်သူ ဦးကျော်သင်းက ‘‘မိဘဖြစ်တဲ့ ကျွန်တော်တို့က အရမ်းကိုခံစားရပါတယ်။ အခုအချိန်ထိ တစ်နေ့လွတ်နိုး တစ်နေ့လွတ်နိုးနဲ့ မျှော်နေရတာပါပဲ။ နေ့ကြီးရက်ကြီးတွေဆိုရင် လွတ်လာလေမလားဆို ပြီးမျှော်လင့်နေမိပါတယ်။ နာမည်ကြီး နိုင်ငံရေး အကျဉ်းသားအချို့က လွတ်မြောက်သွားကြပြီ ဆိုတော့ ကျန်နေသေးတဲ့ သူတွေအတွက် တောင်းဆိုသံတွေတောင် သိပ်မကြားရတော့ပါဘူး။ သူ့အသက် ၂၃ နှစ် ၂၀၀၉ ခုနှစ်မှာကတည်းက ထောင်ကျခဲ့တာပါ ‘‘ ၎င်း၏ ခံစားချက် အားပြောပြခဲ့ပါသည်။
မြန်မာနိုင်ငံ တစ်ဝန်းလုံးရှိ အကျဉ်းထောင်များတွင် နိုင်ငံရေးအကျဉ်းသားပေါင်း သုံးရာကျော် ကျန်ရှိနေသေးကြောင်းနှင့် အကျဉ်းသား များတွင် သံဃာတော်များ၊ ကျောင်း သားကျောင်းသူများနှင့် ဒီမိုကရေစီ အရေးလှုပ်ရှားခဲ့သူများလည်း ပါဝင်ကြောင်း အဆိုပါနိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့မှ သိရသည်။ ထို့အပြင် နိုင်ငံရေး အကျဉ်းသားများနှင့် ၎င်းတို့၏ မိသား စုများအားအကူညီပေးနေသည့် ဟံသာဝတီ ဦးဝင်းတင်ဖောင်ဒေးရှင်း နှင့်လည်း ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်နေကြောင်း သိရသည်။
EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis