menu

Tuesday 11 September 2012

နိုင်ငံတစ်ဝန်းအကြမ်းဖက်မှုများနှင့်ပတ်သက်မှုဖြင့် အီရတ်ဒုသမ္မတကို သေဒဏ်ပေး

ဘဂ္ဂဒက်၊ စက်တင်ဘာ - ၁၀

လူအများအပြားသေစေခဲ့သော အီရတ်နိုင်ငံတစ်ဝန်းအကြမ်းဖက်တိုက်ခိုက်မှုများတွင် ပတ်သက်ခဲ့မှုဖြင့် အီရတ်နိုင်ငံ ဒုတိယသမ္မတ တာရစ် အယ်လ်ဟာရှီမီကို အီရတ်တရားရုံးက မျက်ကွယ်သေဒဏ်ချမှတ်လိုက်ကြောင်း ဘီဘီစီသတင်းတွင်ဖော်ပြထားသည်။

အီရတ်နိုင်ငံတစ်ဝန်းတွင် ကားဗုံးဖောက်ခွဲမှုစသော အကြမ်းဖက်တိုက်ခိုင်မှုများကို

အမိန့်ပေးခဲ့မှုဖြင့်အီရတ်အစိုးရက အယ်လ်ဟာရှီမီကို ၂၀၁၁ ဒီဇင်ဘာလ ၁၉ ရက်နေ့က ဖမ်းဝရမ်းထုတ်ထားခဲ့သည်။

၎င်းကို ဖမ်းဝရမ်းထုတ်ခံရပြီးနောက် အီရတ် ဒု-သမ္မတ အယ်လ်ဟာရှီမီသည် ကာတာနိုင်ငံသို့ထွက်ပြေးခဲ့ပြီးနောက် ယခုအခါ တူရကီနိုင်ငံတွင်နေထိုင်လျက်ရှိသည်။

အာဏာရှင်ခေါင်းဆောင် ဆဒမ်ဟူစိန်ကိုဖြုတ်ချခဲ့ပြီးနောက်ပိုင်း ရှီးဟိုက်များကလွှမ်းမိုးထား အီရတ်အစိုးရအဖွဲ့တွင် ဆွန်နီထိပ်ပိုင်းခေါင်းဆောင်တစ်ဦးဖြစ်သော အီရတ်ဒုသမ္မတ အယ်လ်ဟာရှီမီကို သေဒဏ်ချမှတ်ခံခဲ့ခြင်းကြောင့် ဂိုဏ်းဂဏကွဲများသော အီရတ်နိုင်ငံရေးအတွက် အကြပ်အတည်းတစ်ခုဖြစ်စေခဲ့သည်။

ဆွန်နီခေါင်းဆောင်တစ်ဦးဖြစ်သော အီရတ်ဒု-သမ္မတ အယ်လ်ဟာရှီမီကိုသေဒဏ်ချမှတ်ခဲ့ခြင်းနှင့်ပတ်သက်၍ ရှီးဟိုက်တစ်ဦးဖြစ်သော အီရတ်သမ္မတမာလီကီမှာ အာဏာရှင်ဖြစ်ကြောင်း၊မာလီကီသည် အီရတ်နိုင်ငံကို ဂိုဏ်းဂဏ ပဋိပက္ခများဖြစ်အောင်ရည်ရွယ်ချက်ရှိရှိ လှုံဆော်ပေးနေကြောင်း ဆွန်နီနိုင်ငံရေးသမားတစ်ဦးက စွပ်စွဲပြောကြားသည်။

အီရတ်နိုင်ငံတစ်ဝန်းတွင်ဗုံးခွဲတိုက်ခိုက်ခြင်းများကို အီရတ်ဒု-သမ္မတ အယ်ဟာရှီမီက အမိန့်ပေးခဲ့ကြောင်း ၎င်း၏သက်တော်စောင့်ဟောင်းအချို့ကပြောကြားခဲ့ကြောင်း အီရတ်အစိုးရရှေ့နေများကပြောကြားသည်။

အီရတ်ဒု-သမ္မတ ဟာရှီမီအပြင်၎င်း၏သားမက်ဖြစ်သူကိုလည်း လူ၁၅၀ ခန့်သေဆုံးခဲ့သော အီရတ်နိုင်ငံတစ်ဝန်းဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုများတွင်တာဝန်ရှိခြင်းကြောင့်သေဒဏ်ချမှတ်ခဲ့သည်။

အီရတ်နိုင်ငံတွင်၂၀၀၆ခုနှစ်နှင့်၂၀၀၇ ခုနှစ်များက အကြမ်းဖက်တိုက်ခိုက်မှုများအမြင့်ဆုံးဖြစ်ခဲ့ပြီးနောက်ပိုင်း အကြမ်းဖက်တိုက်ခိုက်မှုများပြန်လည်ကျဆင်းလာခဲ့သော်လည်း ၂၀၁၁ခုနှစ်ကအမေရိကန်တပ်များဆုတ်ခွာသွားပြီးနောက်ပိုင်း အကြမ်းဖက်တိုက်ခိုက်မှုများပြန်လည်မြင့်တက်လာခဲ့သည်။

အီရတ်နိုင်ငံတွင် ဆွန်နီ၊ရှီးဟိုက်နှင့် ကာဒ် လူမျိုးဟူ၍ နိုင်ငံရေးအုပ်စုများကွဲပြားနေခြင်းကြောင့်အီရတ်အစိုးရအစိုးရအဖွဲ့အတွက် အခက်အခဲတွေ့လျက်ရှိသည်။
The Voice Weekly

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis