menu

Friday 27 July 2012

နိုင်ငံတစ်နိုင်ငံတွင် ပါတီကြီးတစ်ခုတည်းကကြီးစိုးနေခြင်းသည် တိုင်းပြည်အတွက်အန္တရာယ်ရှိဟု NDF ပါတီခေါင်းဆောင်သတိပေး


နိုင်ငံတစ်နိုင်ငံတွင် ပါတီကြီးတစ်ခုတည်းကကြီးစိုးနေခြင်းသည် တိုင်းပြည်အတွက်အန္တရာယ်ရှိပြီး အစိုးရအဖွဲ့အတွင်း ယင်းပါတီ၏ အာဏာသက်ရောက်မှုရှိလာနိုင်ကြောင်း NDF ပါတီခေါင်းဆောင် ဒေါက်တာသန်းငြိမ်း က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဌ နှင့်တွေ့စုံစဉ် ပြောကြားခဲ့သည်။

“ကျွန်တော်တို့နိုင်ငံမှာ စစ်မှန်တဲ့ပါတီစုံရွေးကောက်ပွဲ ဖော်ဆောင်နေတဲ့နေရာမှာ တစ်ပါတီထဲကကြီးစိုးနေ၇င် တိုင်းပြည်အတွက်လည်းအန္တရာယ်ရှိတယ် ပါတီငယ်လေးတွေ အချိုးကျပါဝင်လာမှ သာ စစ်မှန်တဲ့ ရွေးကောက်ပွဲဖြစ်မှာပါ” ဟု ၄င်းကပြောသည်။

လက်ရှိမြန်မာနိုင်ငံ၏ရွေးကောက်ပွဲသမိုင်းတစ်လျောက်တွင် အင်းအားကြီးပါတီမှလူများသာ လွှတ်တော်ကိုယ်စားလှယ်ဖြစ်ရန်အလားအလာပိုများပြီး ကျန်ပါတီများမှ လွှတ်တော်ကိုယ်စားလှယ်ဖြစ်နိုင်ရန်အတွက် အခွင့်အရေးနည်းပါသော ကြောင့် ယင်းရွေးကောက်ပွဲစနစ်ကိုပြောင်းလဲရန်လိုအပ်ကြောင်း ဒီမိုကရေစီမိတ်ဆွေပါတီများ၏ သုံးသပ်ပြောကြားချက်အရသိရသည်။ နောင်ကျင်းပမည့်ရွေးကောက်ပွဲများတွင် အချိုးကျကိုယ်စားပြုစနစ် နှင့် မဲအများဆုံးရရှိသည့် အနိုင်ရကိုယ်စားလှယ်ဖြစ်သည့်စနစ်တို့ ကိုပေါင်းစပ်ထားသည့် ကိုယ်စားလှယ်နှောအချိုးကျစနစ် ကိုလိုက်လျောညီထွေစွာအသုံးပြု နိုင်မှသာ အစိုးရအဖွဲ့အပေါ် အကျိုးသက်ရောက်မှုလျော့နည်းသွားနိုင်မည်ဖြစ်ကြောင်း ယင်းဒီမိုကရေစီမိတ်ဆွေပါတီများ၏ပြောကြားချက်အရသိရသည်။
“ ကျွန်တော်တို့နိုင်ငံရဲ့အခြေအနေက အင်းအားကြီးပါတီက ကိုယ်စားလှယ်တွေက အခွင့်အရေးတွေပိုသာနေတယ် ဒီကိုယ်စားလှယ်တွေကနေ အစိုးရအဖွဲ့ရဲ့လုပ်ဆောင်တဲ့ လုပ်ငန်းတွေအပေါ် အနည်းနဲ့ အများအကျိုးသက်ရောက်မှုရှိနိုင်တယ်၊ ပါတီကြီးတစ်ခုက ကိုယ်စားလှယ်တွေအများဆုံးမဖြစ်စေဘဲ အချိုးကျပေါင်းစပ်ထားတဲ့ ကိုယ်စားလှယ်တွေပါဝင်နိုင်မှ နိုင်ငံအတွက်ကောင်းလာမှာပါ” ဟု ဒေါက်တာသန်ငြိမ်းက ထပ်လောင်းပြောကြားသည်။.
လက်ရှိမြန်မာနိုင်ငံတွင် တစ်ပါတီထဲ ကြီးစိုးနေသောစနစ်ကိုပြောင်းလဲပြီး အချိုးကျ ကိုယ်စားလှယ်များပါဝင်နိုင်သော စနစ်ကိုကျင့်သုံးနိုင်မှ သာ ရွေးကောက်ခံအာဏာရှင်စနစ် ကိုတားဆီးနိုင်မည်ဖြစ်ကြောင်း ၊ လွှတ်တော်ကိုယ်စားလှယ်များ၏ အရည်အသွေးနှင့် အမျိုးသမီးများပါဝင်မှုတိုးတက်လာစေရန် အတွက် အချိုးကျကိုယ်စားပြုစနစ်ကို ကျင့်သုံးရန်လိုအပ်ကြောင်း ဒီမိုကရက်တစ်ပါတီ(မြန်မာ) မှ ဥက္ကဌ ဦးသုဝေက ပြောကြားသည်။
ရွေးကောက်ပွဲစနစ်ပြုပြင်ပြောင်းလဲရန်အတွက် ပြည်တွင်းရှိ ဒီမိုကရေစီမိတ်ဆွေပါတီများဖြစ်ကြသော ချင်းအမျိုးသားပါတီ ၊ ဒီမိုကရက်တစ်ပါတီ (မြန်မာ) ၊ ဒီမိုကရေစီနှင့်ငြိမ်းချမ်းရေးပါတီ ၊ ပြည်ထောင်စုဒီမိုကရေစီပါတီ ၊ ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီ ၊ မွန်ဒေသလုံးဆိုင်ရာ ဒိမိုကရေစီပါတီ ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရပ်တစ်ပါတီ ရခိုင်တိုင်းရင်းသားများတိုးတက်ေ၇းပါတီ အမျိုးသားဒီမိုကစီ အင်အားစု ပါတီ ၊ ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးပါတီတို့မှ ခေါင်းဆောင်များက ပူးပေါင်း၍ စာတမ်းတစ်စောင် ထုတ်ပြန်ခဲ့ကြောင်းသိရသည်။
Messenger News Journal

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis