menu

Friday 27 July 2012

ဗိုလ်ချုပ်နေရာနှင့် ဒေါ်ခင်ကြည် နေရာသရုပ်ဆောင်မည့်သူများကို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်အကဲဖြတ်




e5172
သရုပ်ဆောင်များအား ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်အကဲဖြတ်စဉ်
ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိ ရုပ်ရှင်ဇာတ်ကားအတွက် ဗိုလ်ချုပ် နေရာနှင့် ဒေါ်ခင်ကြည်နေရာတို့တွင် သရုပ်ဆောင်ရန် ပဏာမရွေးချယ် ထားသူများအား ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်အကဲဖြတ်ပြီး အပြီးသတ် ရွေးချယ်ခြင်းကို ဇူလိုင်လ ၂၀ ရက် နေ့က တက္ကသိုလ် ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
“အခုရွေးချယ်မှုက ဖိုင်နယ်အ ဆင့်ရွေးချယ်မှုပါ။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ သူ့အဖေနဲ့ အမေနေရာမှာ သရုပ်ဆောင်မယ့်သူတွေကို အကဲဖြတ်ကြည့်ချင်တယ် ဆိုတာကြောင့် ဒီရွေးချယ်မှုကိုလုပ်ခဲ့တာပါ။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ပါဝင် အမှတ်ပေးခြင်းတော့ မရှိပါဘူး။ ၀င်ရောက် အကြံပေးတာမျိုးပဲ ရှိပါတယ်။ နောက်ဆုံးအဆင့် ရွေးချယ်မှု မှာ အဓိက တစ်ယောက်စီနဲ့ အရန်ကို တစ်ယောက် ဒါမှမဟုတ် နှစ်ယောက် ရွေးချယ်သွားမှာပါ။ ရွေးချယ်ထားတဲ့ လူစာရင်းကို ဇူလိုင်လမကုန်ခင် ကြေညာပေးသွားမှာပါ” ဟု ဗိုလ်ချုပ် ရုပ်ရှင်ဖြစ်မြောက်ရေးအဖွဲ့မှ ကိုဇော်သက်ထွေးက ဆိုပါသည်။

နောက်ဆုံးဖိုင်နယ်အဆင့် ရွေးချယ်မှုတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် အတူ ဦးမိုးသူ၊ ဦးကြည်စိုးထွန်း၊ ချစ်ဦးညို၊ ဦးဇာဂနာ၊ ကိုဇော်သက်ထွေး၊ ဒါရိုက်တာမင်းထင်ကိုကိုကြီး၊ ဒါရိုက်တာဝိုင်း၊ လူမင်း၊ ဝေဠုကျော်၊ ဒေါ်ဆွေဇင်ထိုက်၊ ထွန်းအိန္ဒြာဗို၊ ဒါရိုက်တာအိအိခိုင်နှင့် ဒါရိုက်တာကြည်ဖြူသျှင်တို့ ပါဝင်ခဲ့သည်။
 EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis