menu

Friday 27 July 2012

နစ်မြုပ်ခဲ့သော ဗန်းမော်-ကသာသွား ရှပ်ပြေးရေယာဉ် ဆယ်ယူရရှိ




ဇူလိုင်လ ၂၀ ရက်နေ့က ဧရာဝတီမြစ်အတွင်း နစ်မြုပ်ခဲ့သော ဗန်းမော်-ကသာသွား ရှပ်ပြေးရေယာဉ်အား စတင်နစ်မြုပ်သည့်နေ့မှစတင်၍ ရှာဖွေဆယ်ယူရေးလုပ်ငန်းများ လုပ်ဆောင်ခဲ့ရာ ဇူလိုင်လ ၂၅ ရက်နေ့ မွန်းလွှဲပိုင်း ၁ နာရီ ၃၀ မိနစ်ခန့်တွင် အောင်မြင်စွာ ဆယ်ယူရရှိခဲ့ကြောင်း ဗန်းမော်မြို့ မီးသတ်ဦးစီးဌာနမှ စုံစမ်းသိရှိရသည်။
ဇူလိုင်လ ၂၅ ရက်နေ့တွင် ရှပ်ပြေးရေယာဉ်အား နောက်ဆုံးဆယ်ယူရရှိချိန်တွင် ကျား ၃ ဦး၊ မ ၃ ဦးတို့၏ ရုပ်အလောင်းများကို ကယ်ဆယ်ရေးလုပ်ငန်းများ ကူညီဆောင်ရွက်နေသော မီးသတ်တပ်ဖွဲ့ဝင်နှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်တို့မှ စက်လှေဖြင့် ဆယ်ယူခဲ့ပြီး ရင်ခွဲ ရုံသို့ ပို့ဆောင်ပေးရသည်ဟု သိရှိရသည်။
ရေယာဉ်ဆယ်ယူရာ၌ ၀င့်ကား လေးစီး၊ ကရိန်းကားနှစ်စီး အသုံးပြုခဲ့ကြောင်း သိရသည်။
ရေယာဉ်နောက် ဆုံးဆယ်ယူရရှိမှု အခြေအနေများနှင့် ပတ်သက်၍ ဗန်းမော်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကလည်း ''ရေယာဉ်က အမြီးပိုင်းကစပြီး ပေါ်လာတဲ့အခါ ၀င့် ကားလေးစီးနဲ့ ဆွဲရတယ်။ နောက်ကရိန်းနဲ့ ခေါင်းပိုင်းကို ထပ်မပြီး ပြန်ဆွဲရတယ်။ ရုပ်အလောင်းနှစ်လောင်းက သူ့အလိုလို ပေါ်လာတယ်။ လေးလောင်းကတော့ ရေယာဉ်ထဲမှာ ပိတ်မိနေလို့ ဆွဲထုတ်ယူရတယ်။ စနစ်တဲ့နေ့ကနေ နောက်ဆုံးဆယ်ယူရရှိတဲ့ ‘ဒီကနေ့အထိ ကျွန်တော် တို့အနေနဲ့ စုစုပေါင်း ၁၅ ဦးရဲ့ ရုပ်အလောင်းကို ရှာဖွေ ဆယ်ယူပေးနိုင်ခဲ့ပါတယ်။ ပျောက်ဆုံးစာရင်းကို မသိရှိတာကြောင့် ရှင်စာရင်း၊ သေစာရင်းကို ကျွန်တော်တို့အနေနဲ့ တိတိကျကျ မပြောနိုင်ပါဘူး''ဟု ပြောကြားပါသည်။         EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis