နေပြည်တော်ကောင်စီနယ်မြေ မြို့ပတ်ယာဉ်လိုင်ပေါ် ပထမဆုံးအကြိမ်
ခါပိုက်နှိုက် မှု တစ်ခု ဇူလိုင်လ ၁၉ ရက်နေ့( အာဇာနည်နေ့
)ပျဉ်းမနား-တပ်ကုန်း တော်ဝင်ယာဉ်လိုင်းပေါ်တွင်ဖြစ်ပွ
ားခဲ့သည်ဟု သတင်းရရှိသည်။
ခါးပိုက်နှိုက်သူမှာ နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်၊သာယာဝှမ်းကျေးရွာ၊ ကျည်တောင် အုပ်စုနေအသက်၂၁နှစ် အရွယ်
ရှိ သူရဟိန်းဆို သူဖြစ်ပြီး ၄င်းကိုယ်တိုင် မှလည်း ၀န်ခံထွက်ဆိုခဲ့ကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ နေပြည်တော်ကောင်စီနယ်မြေ၊ဇေယျာသီရိမြို့၊ရေဆင်းရွာနေ
မငယ်လေး အသက် ၂၅ နှစ်သည် ၄င်း၏ အဒေါ်ဖြစ်သူ နှင့်အတူ အထက်ပါ
ပျဉ်းမနား-တပ်ကုန်းပြေး တော်ဝင်ဘတ်စ်ကား စီးလာစဉ် လွယ်ထားသည့်
စလင်းဘက်အိတ် ဇစ်ပြုတ် နေပြီး ချေရာလက်ရာ ပျက်ယွင်းနေသဖြင့် စစ်ဆေးရာ
အိတ်တွင်းပါ ပိုက်ဆံ ငါးထောင်တန် သုံးရွက်လျော့နေသဖြင့်
ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက် တို့အားအသိပေးခဲ့ကြောင်း၊ မော်တော်ယာဉ်
ဝန်ထမ်းများမှာ သိလျင်သိချင်း ကားတက်ဆင်းတံခါးများ ပိတ်ကာ ဘောဂသီရိကားဝင်း
အတွင်းမောင်းနှင်၍ သက်ဆိုင်ရာတာဝန်ရှိသူတို့နှင့်
စစ်ဆေးခဲ့ကြောင်း၊ယင်းသို့ စစ်ဆေးရာ တရားခံဖြစ်သူ သူရဟိန်း ၏ ပုဆိုးတွင်းမှ
မငယ်လေး ပျောက်ဆုံးသွားသည့် ငါးထောင်တန် သုံးရွက်ကို တွေရှိသဖြင့်
မေးမြန်းရာ ၀န်ခံထွက်ဆိုသည်ကြောင့်၎င်းအား (ပ)၄၁၄/၂၀၁၂
ပြစ်မှုပုဒ်မ၃၇၉(နှိုက်)အရ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
စွမ်းရဲထွဋ်
Popular Myanmar News
No comments:
Post a Comment