menu

Monday 16 July 2012

ကျောင်းပေါင်း ၂၀၀၀ ကျော် အရည်အသွေး မပြည့်မီကြောင်း ထိုင်းအစိုးရ ကြေညာ

ကျောင်း ၂၀၀၀ ကျော် အဆင့်မမီကြောင်း အမျိုးသား ပညာရေးနှင့် အရည်အသွေး စစ်ဆေးရေးအဖွဲ့ (Office for National Education Standards and Quality Assessment မှ ဒါရိုက်တာက ပြောဆိုလိုက်သည်။
 “ထိုင်းတနိုင်ငံလုံးမှာ ကျောင်းပေါင်း ၂၂၉၅ ကျောင်းဟာ အရည်အသွေး စစ်ဆေးတဲ့အခါ အဆင့် မမီတာကို တွေ့ရတယ်ဟု ဒါရိုက်တာ Channarong Pornrugroj က ပြောဆိုခဲ့သည်။ အမျိုးသား ပညာရေးနှင့် အရည်အသွေး စစ်ဆေးရေးအဖွဲ့ (Office for National Education Standards and Quality Assessment အဖွဲ့သည် ထိုင်းနိုင်ငံ တ၀ှမ်းရှိ ကျောင်းပေါင်း ၃၄,၀၄၀ ကို စစ်ဆေးရန် ရှိပြီး ကျောင်းပေါင်း ၇,၉၈၅ ကျောင်းကို စစ်ဆေးပြီးဖြစ်သည်။

ကျောင်းပေါင်း ၃၃၃ ကျောင်းသည် အထူး ကောင်းမွန်သည့် အဆင့်တွင် ရှိပြီး၊ ၅၃၅၇ ကျောင်းသည် အသင့် ကောင်းမွန် သည့် အဆင့်တွင် ရှိကာ၊ ၂၂၉၅ ကျောင်းသည် အဆင့် မပြည့်မီသည်ကို တွေ့ရသည်။
အဆင့် မမီသော ကျောင်းများသည် အထူးသဖြင့် ကျောင်းငယ်လေးများ ဖြစ်ပြီး ဝေးလံသည့် ဒေသမှ ကျောင်းများ ဖြစ်ကြောင်းတွေ့ရသည်။
ဒါရိုက်တာ Channarong Pornrugroj က ပြောဆိုရာတွင် အဆင့် မမီရခြင်းသည် ဆရာများ မပြည့်စုံမှုနှင့် ဆရာများသည် သင်ကြားရေး နည်းစနစ်ကို နားမလည်မှုကြောင့် ဖြစ်ကြောင်း ပြောဆိုခဲ့သည်။
တက္ကသိုလ်များ၏ အရည်အသွေးနှင့် ဆရာများ၏ အရည်အချင်းကိုပါ စစ်ဆေးခဲ့သည်။ တက္ကသိုလ် ကျောင်းပေါင်း ၇၂ ကျောင်းကို စစ်ဆေးခဲ့ရာ ၄၅ ကျောင်းမှာ အရည်အသွေး ပြည့်မီကြောင်း တွေ့ရှိခဲ့ရသည်။ Office of the Higher Education Commission (Ohec) ၏ အထောက်အထားများအရ တက္ကသိုလ်ဆရာများ၏ အရည်အသွေးကို မြှင့်တင်ရန် လိုအပ်နေကြောင်း တွေ့ရှိရသည်။ ထိုင်းနိုင်ငံတွင် တက္ကသိုလ် ဆရာ ၅၆၉၇၈ ဦး ရှိသည့်အနက် ၃၈၂၃၈ ဦးမှာ သင်ကြား ရေး အတွေ့အကြုံတွင် အကန့်အသတ် ရှိနေကြောင်း တွေ့ရှိခဲ့သည်။
ဆရာများ၏ သင်ကြားရေးဆိုင်ရာ အတွေ့အကြုံနည်းပါးမှုနှင့် ပတ်သက်၍ စိုးရိမ်မိကြောင်း တက္ကသိုလ် ဆရာများ၏ အရည်အသွေး မြင့်မားလာရေးအတွက် သုတေသန ပြုလုပ်နိုင်ရန် ငွေကြေး ထောက်ပံ့ရန် လိုအပ်ကြောင်း ပြောဆိုခဲ့သည်။ ထိုင်းအစိုးရသည် ၂၀၁၅ ခုနှစ်တွင် ဖြစ်ပေါ်လာမည့် အာစီယံ စီးပွားရေးဇုန် မတိုင်မီ နိုင်ငံ၏ ပညာရေး အဆင့်အတန်း မြင့်မားလာရေးကို အထူး ဂရုတစိုက် ဆောင်ရွက်လျက်ရှိသည်။ 
မောက္ခနိုင်ငံတကာ ပညာရေးသတင်း
Source: The Nation

1 comment:

  1. မြန်မာမှာဒါ့ထက်များတယ့့်

    ReplyDelete

Related Posts Plugin for WordPress, Blogger...

ShareThis