menu

Monday 16 July 2012

၂၀၁၁ ခုနှစ်အတွင်း ရုံတင်ပြသရန် ခွင့်ပြုခဲ့သည့် မြန်မာရုပ်ရှင် ဇာတ်ကားသစ် ၂၁ ကားအနက် ပြသရန် ၁၇ ကားကျန်ရှိ




e7412 အလန်းလွန် အလွန်လန်း ဇာတ်ကား ရိုက်ကွင်းတစ်နေရာ
၂၀၁၁ ခုနှစ်အတွင်း ရုံတင်ပြသ ရန်ခွင့်ပြုခဲ့သည့် မြန်မာရုပ်ရှင် ဇာတ်ကားသစ် ၂၁ ကားအနက် ရုံတင်ပြသရန် ၁၇ ကားကျန်ရှိနေပြီး ယင်းဇာတ်ကားများကို ပုံမှန်တန်းစီဇယားအတိုင်း ရက်ချိတ် ပြသမည်ဆိုပါက ၂၀၁၃ ခုနှစ်နှစ် လယ်ပိုင်းမှသာ ဇာတ်ကားအားလုံး ပြသခြင်းပြီးဆုံးမည်ဟု သိရှိရသည်။ ၂၀၁၁ ခုနှစ်အတွင်း ပြသရန် ခွင့်ပြုခဲ့သည့် ရုပ်ရှင် ဇာတ်ကားသစ်များမှာ ချစ်တယ်ပြောမှလွှတ်မယ်၊ ရင်ကွဲနာ၊ ငါမင်းကို၊ အမိုက်စား၊ သွားလူဆိုး ဒါမျိုးတော့ တတ်တယ်၊ နှစ်ပင်လိမ်တဲ့ ရည်းစားစာ၊ ဥ၊ အလန်းလွန် အလွန်လန်း၊ ချစ်ပန်းဝေ၊ ၀ိုင်းကြီးပတ်ပတ် ဒူဝေေ၀၊ ထာဝရ အလင်းတန်းများ၊ ဟတ်ထိတယ်၂၊ အထာအသစ်နဲ့ နှစ်ခါချစ်မယ်၊ ၀ဋ်ကြွေး၊ ဆယ့်နှစ်နာရီသတို့သား၊ ဇာတ်လမ်းဟောင်းတွေ ရှိခဲ့ရင်၊ ပြုံးပြုံးပျော်ပျော် ထော်လော်ကန့်လန့်၊ အမုန်းမီးတောက်၊ ဟိုင်းဘော့စ် ၊ ပန်းကြာဝတ်မှုန်နှင့် လက်ပံဇာတ်ကား တို့ ဖြစ်ကြသည်။
ထိုဇာတ်ကားများအနက် ချစ်တယ်ပြောမှ လွှတ်မယ် ၊ ရင်ကွဲနာ၊ ငါမင်းကိုနှင့် သွားလူဆိုး ဒါမျိုးတော့ တတ်တယ် အစရှိသည့်ဇာတ် ကားလေးကားသာ ပြသပြီးဖြစ်ပြီး ကျန်ရှိသော ဇာတ်ကားများမှာ ပြသ ရန် စောင့်ဆိုင်းနေဆဲ ဖြစ်ပါသည်။
ထို့အတွက်ကြောင့် ကျန်ရှိ ဇာတ်ကားများ ပြသမှုမှာ ၂၀၁၃ခုနှစ် အထိ ရောက်ရှိနိုင်ကြောင်း သိရသည်။
“အခုပြသတဲ့တန်းစီ ဇယားအတိုင်းဆိုရင်တော့ ၂၀၁၃ နှစ်လယ်ပိုင်းလောက်ကျမှ ပြသခွင့်ပြုထားတဲ့ ကား အားလုံးကို ပြသလို့ပြီးမှာပါ။ ၂၀၁၂ထဲမှာ ပြသခွင့်ထပ်ပြုခဲ့တဲ့ ဇာတ်ကားတွေကတော့ ၂၀၁၃ ခုနှစ် နှစ် လယ်ပိုင်းကမှစပြီး ပြသခွင့်ရမှာပါ။ လက်ရှိတန်းစီဇယားအတိုင်း ဆိုရင်တော့ အခုအတိုင်းပဲဖြစ်မှာပါပဲ။ ဇာတ်ကားတစ်ကား ပြသခွင့်ရပြီးချိန်နဲ့ ရုံတင်ပြသချိန် အနည်းဆုံး တစ်နှစ်လောက် စောင့်ရတဲ့ စနစ်ဖြစ်နေတာပေါ့ လေ။ ၀င်ငွေအရ အားကိုးရတဲ့ရုံတွေ များလာမယ်ဆိုရင် ရုံပြိုင်စနစ်တွေ ပြသလို့ရမယ်။ အဲဒီလိုဆိုရင်တော့ အခုလို ဇာတ်ကားတွေ အကြာကြီး စောင့်ရတဲ့ပြဿနာက ပြေလည်သွားနိုင်ပါတယ်” ဟု ရုပ်ရှင်ပြသမှု မန်နေဂျာ တစ်ဦးက ရှင်းပြခဲ့သည်။
EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis