menu

Monday 16 July 2012

အရှေ့တီမော ရွေးကောက်ပွဲအပြီး ညွန့်ပေါင်းအစိုးရဖွဲ့ရန် နီးစပ်နေ




လက်ရှိဝန်ကြီးချုပ်ရုပ်ပုံနှင့်အတူ ထောက်ခံသောကလေးတစ်ဦးကို တွေ့ရစဉ်
အရှေ့တီမော လွှတ်တော်ရွေးကောက်ပွဲအပြီး အမတ်အများစု အနိုင်ရခဲ့သော အာဏာရပါတီမှ လက်ရှိဝန်ကြီးချုပ် ဇာနာနာဂုစ်မာအိုက ညွန့်ပေါင်းအစိုးရဖွဲ့နိုင်ရေးအတွက် ပါတီငယ်နှစ်ခုကို ဖိတ်ခေါ်ထားကြောင်း ဇူလိုင်လ ၁၅ ရက်တွင် ပြောကြားခဲ့သည်။
ဂုစ်မာအို၏ ဗဟိုလက်ဝဲယိမ်း National Congress for Timorese Reconstruction (CNRT) က ယခုလဆန်းပိုင်း ရွေးကောက်ပွဲတွင် အမတ်နေရာ ၃၀ အနိုင်ရခဲ့ပြီး အမတ်နေရာ ၆၅ နေရာရှိသော လွှတ်တော်တွင် အမတ်အများစု အရေအတွက် ဖြစ်ရန် ၃ နေရာသာ လိုခဲ့သည်။
CNRT က ဒီမိုကရက်တစ်ပါတီနှင့် Frente-Mudanca ပါတီတို့ကို ညွန့်ပေါင်းအစိုးရဖွဲ့နိုင်ရေးအတွက် ဆွေးနွေးရန် ဖိတ်ခေါ်ခဲ့ခြင်းဖြစ်ကြောင်း CNRT ပါတီ အတွင်းရေးမှူးချုပ် Dionisio Babo Soares က ပြောကြားခဲ့သည်။

ယင်းနည်းလမ်းမှာ အစိုးရအဖွဲ့ တည်ငြိမ်မှုရှိရေးအတွက် မိမိတို့ရွေးချယ်ခဲ့သော အကောင်းဆုံးနည်းလမ်းဖြစ်ကြောင်း Soares က ပြောကြားခဲ့သည်။
ဒီမိုကရက်တစ်ပါတီ (PD) မှာ ယခင်ညွန့်ပေါင်းအစိုးရတွင် ပါဝင်ခဲ့ဖူးပြီး ယခုလွှတ်တော်ရွေးကောက်ပွဲ၌ အမတ်နေရာ ရှစ်နေရာ အနိုင်ရခဲ့သည်။ Frente-Mudanca ပါတီကမူ အမတ်နှစ်နေရာ အနိုင်ရခဲ့သည်။
ယင်းအတွက်ကြောင့် အမတ်နေရာ ၂၅ နေရာအနိုင်ရခဲ့ပြီး ဒုတိယအမတ်အများဆုံးရရှိခဲ့သော လက်ဝဲယိမ်း Fretilinပါတီသည် အတိုက်အခံအဖြစ် ငါးနှစ်ကြာရပ် တည်ရတော့မည့်အခြေအနေ ရောက်လာခဲ့သည်။
လာမည့်ရက်ပိုင်းအတွင်း နောက်ဆုံးရလဒ် ထွက်ပေါ်အပြီး ညွန့်ပေါင်းဖွဲ့ရေး တရားဝင် ဆွေးနွေးဖွယ်ရှိကြောင်း သိရသည်။  
Ref:AFP
EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis